ဓမ္မသံဝေဂလင်္ကာ
ရုပ်နာမ်ဓမ္မ၊သင်္ခါရတို့၊ကိုယ်ကဤပုံ၊
ဖြစ်လိုတုံလည်း၊တဖုံဆင်ကွဲ၊သူတနဲဖြင့်၊
ဖောက်လွဲတတ်စွာ၊ဓမ္မတာကို၊
ပညာစက္ခု မျှော်ထောက်ရှူ၍။
ယခုပင်လျှင်၊ မအိုခင်က၊
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မနာခင်က၊
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊
ချုပ်ပျောက်ခန္ဓာ၊ သေပိမ့်ငါဟု၊
သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊
တစက်ကမှ၊ မရှိကြဘူး၊
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
ဘုရားစကား၊ လိုက်နာပွားသည်။
တရားလက်မလွတ်စေနှင့်။
No comments:
Post a Comment