Tuesday 10 May 2016

မဟာသတိပဋ္ဌာန်လေးပါး - ဝေဒနာနုပဿ    နာ သတိပဋ္ဌာန် (မှတ်စုတို)

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿ     ရာဘိဝံသ၏ စင်္ကာပူနိုင်ငံတွင်ကျင်းပသော
မဟာသတိပဋ္ဌာနသုတ္တန် တရားကျင့်နည်း အထူး ၃ရက် သင်တန်းမှ
ဒုတိယနေ့ ပို့ချမှု (May-1-2016)


၂။ ဝေဒနာနုပဿ     နာ သတိပဋ္ဌာန် (ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုမှု)
   🍒🍒 ဝေဒနာဆိုသည်မှာ စိတ်ခံစားမှုပင်ဖြစ်သည်။ နာကျင်မှု၊ အောင့်မှု၊ မခံသာမှုဟု ဘာသာမပြန်ရ။ ဝေဒနာစကားက ထိုအဓိပ္ပါယ်များကို မဖေါ်ဆောင်နိုင်ပေ။

🙏 ဘုရားရှင်ဟောကြားသောဝေဒနာကို ဆင်ခြင်ခြင်း(၉)ပါး 🙏
   ၁။ သုခဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၂။ ဒုက္ခဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၃။ အသုခဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၄။ ကာမဂုဏ်နှင့်စပ်သော ချမ်းသာသောဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၅။ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသောဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၆။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသောဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၇။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသောဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၈။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောဝေဒနာကို ခံစားသည်ဟု သိခြင်း။
   ၉။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောဝေဒနာကို ခံစားသည်ဟု သိခြင်း တို့ဖြစ်သည်။


  ☘☘  ဝေဒနာ (၅) မျိုး ☘☘ 
   ✅ ဝေဒနာ (၅)မျိုးရှိပါသည်။
      ၁။ သုခ ဝေဒနာ
      ၂။ ဒုက္ခ ဝေဒနာ
      ၃။ သောမနဿ      ဝေဒနာ
      ၄။ ဒေါမနဿ      ဝေဒနာ
      ၅။ ဥပေက္ခာ ဝေဒနာ တို့ဖြစ်သည်။

   ၁။ သုခ ဝေဒနာ
      ✍ ကိုယ်၏ချမ်းသာခြင်းကိုခံစားခြင်းကို သုခဝေဒနာဟုခေါ်ပါသည်။ ကိုယ်ခန္ဓာ၌ကောင်းသည်ဟုခံစားရခြင်း၊ ပူသောအခါ အေးသည်ဟုခံစားရခြင်း၊ အေးသောအခါနွေးသည်ဟုခံစားရခြင်း၊ သိမ်မွေ့နူးညံ့သောအသုံးအဆောင်ကို ထိတွေ့ခံစားရခြင်း၊ ကိုယ်တွင်းသန္တာန်၌ဖြစ်သောချမ်းသာမှုသည် သုခဝေဒနာတို့ပင်ဖြစ်သည်။

   ၂။ ဒုက္ခ ဝေဒနာ 
      ✍ ဒုက္ခဝေဒနာသည်မခံသာမှုပင်ဖြစ်၏။ မချမ်းသာမှု၊ နာကျင်မှု၊ ကိုက်ခဲမှု၊ ညောင်းညာမှု၊ ပူလောင်မှု၊ မနေသာမှု၊ မခံသာမှု၊ပင်ပန်းမှု၊ ခံရခက်မှု အစုစုတို့သည် ဒုက္ခဝေဒနာတို့ဖြစ်သည်။

   ၃။ သောမနဿ      ဝေဒနာ
      ✍ သောမနဿ      ဝေဒနာဆိုသည်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းပင်ဖြစ်သည်။ စိတ်ရွှင်လန်းမှု၊ စိတ်နှစ်ခြိုက်မှု၊ စိတ်နှစ်သက်မှု၊ စိတ်နှလုံးသာယာမှု၊ မျက်နှာရွှင်လန်းမှု၊ ပြုံးမှု၊ရယ်မှု၊ စိတ်ကြည်လင်မှုတို့ပင်ဖြစ်သည်။ စိတ်တိုင်းကျချိန်၊ စိတ်အလိုကျချိန်တွင် စိတ်ပျော်ရွှင်မှုသည် သောမနဿ      ဝေဒနာ ပင်ဖြစ်သည်။

   ၄။ ဒေါမနဿ      ဝေဒနာ
      ✍ ဒေါမနဿ      ဝေဒနာဆိုသည်မှာ စိတ်ညိုးနွမ်းပင်ပန်းမှုပင်ဖြစ်၏။ စိတ်မချမ်းသာခြင်း၊ စိတ်နှလုံးမသက်သာခြင်း၊ စိတ်အိုက်ခြင်း၊ စိတ်ပူခြင်း၊ စိတ်ပင်ပန်းခြင်း၊ စိုးရိမ်ကြောက်လန့်ခြင်း၊ စိတ်မကြည်မသာခြင်းသည် ဒေါမနဿ      ဝေဒနာ တို့ပင်ဖြစ်သည်။ ဒေါသနှင့်စပ်သမျှ စိတ်အမူအယာမျိုးစုံတို့သည်  ဒေါမနဿ      ဝေဒနာတို့ ပင်ဖြစ်သည်။

   ၅။ ဥပေက္ခာ ဝေဒနာ
      ✍ ဥပေက္ခာဝေဒနာဆိုသည်မှာ သုခ၊ ဒုက္ခ၊ သောမနဿ     ၊ ဒေါမနဿ     တို့မှ လွတ်နေ၍ ကောင်း၊ မကောင်း မထင်ရှားသော သဘောသည် ဥပေက္ခာ ဝေဒနာပင်ဖြစ်သည်။

   >> မှတ်ချက်
       ဝေဒနာတို့ကို အကျဉ်းချုံးလျှင်
      ၁။ ကာယိက ဒုက္ခ (ကိုယ်၌ခံစားမှု၊ ကိုယ်ဖြင့်ခံစားမှု)
      ၂။ စေတသိက ဒုက္ခ (စိတ်၌ခံစားမှု၊ စိတ်ဖြင့်ခံစားမှု) ဟူ၍ ၂ မျိုးသာ ရှိသည်။

   🙏 ပြုပြင်ဖန်တီးအပ်သာ သင်္ခါရတို့၏ အမြဲမရှိခြင်း၊ ကုန်ခြင်းသဘောရှိခြင်း၊ပျက်ခြင်းသဘောရှိခြင်း၊ ချုပ်ခြင်းသဘောရှိခြင်း၊ ဖေါက်ပြန်ခြင်းကို ရည်ရွယ်၍ "ဝေဒနာဟူသမျှ ဒုက္ခ"ဟု
       မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်။


🙏🙏🙏
💗💗 ဝေဒနာတို့  ဖြစ်ခြင်းအကြောင်း 💓💓
   ဖဿ      ပစ္စယာ ဝေဒနာ ဟု ဟောတော်မူအပ်သည်နှင့် အညီ ဖဿ      တို့သည် ဝေဒနာတို့ ဖြစ်ပေါ်ရန် အကြောင်းဖြစ်၏။ 
   ဖဿ      နိရောဓါ ဝေဒနာ နိရောဓေါ ထိတွေ့ မှု ဖဿ      ချုပ်ခြင်းကြောင့် ခံစားမှု ဝေဒနာချုပ်၏။ 
   ရဟန္တာ ပုဂ္ဂိုလ်တို့ သည် ကိုယ်၌ဖြစ်သော ကာယိက ဝေဒနာကို ခံစား၏။ စိတ်၌ဖြစ်သောစေတသိက ဝေဒနာကို မခံစားပါ။

>>၀ဒနာ ရှုမှတ်ပုံ
      🔘 တရားကျင့်ရာတွင် တရားကျင့်သူသည် ဝေဒနာတို့ ကိုတတ်နိုင်သမျှ သီးခံ ရှုမှတ်ရမည်။ နှစ်သက်စရာ ချမ်းသာမှု ရှုမြင်လျှင် လောဘဘက်ကိုရောက်တတ်သည်။ 
          မနှစ်သက်စရာ ဆင်းရဲမှု ရှုမြင်လျှင် ဒေါသဘက်ကို ရောက်တတ်သည်။ လောဘ၊ ဒေါသအစွန်းလွတ်အောင် သတိထား ရှုပွားနိုင်ရန် လိုအပ်သည်။

🔰🔰သုခဝေဒနာရှုပွားပုံ🔰🔰
   ခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်လာသော ချမ်းသာမှု၊ ကာယိက သုခဝေဒနာကို ရှုပွားလိုသောယောဂီသည် ဣရိယာပုတ် လေးပါးတို့ တွင် မိမိနှစ်သက်သော ဣရိယာပုတ်နှင့် အသက်သာဆုံး အမျှတဆုံး အနေအထားမျိုးဖြင့် နေပြီး ခန္ဓာကိုယ်ပေါ်၌အသက်သာဆုံး၊ အချမ်းသာဆုံး နေရာသို့ စူးစိုက်ခါ ချမ်းသာတယ် ချမ်းသာတယ် ဟု သတိကပ်၍ အထပ်ထပ် ရှုပွားပါ။ 
   ယင်းသို့ ရှုနေစဉ် ကိုယ်ပေါ်၌ တင်းလာ၊ ကြပ်လာ၊ ဖိလာ၊ အောင့်လာ၊ နာလာသောမချမ်းသာမှုများပေါ်လာလျှင် ဣရိယာပုတ်ကို ပြောင်းပြင် မျှတ ချမ်းသာအောင် နေထိုင်ပါ။ 
   ဣရိယာပုတ်ပြင်ပြီး ချမ်းသာလျှင် ချမ်းသာသော နေရာကို တစ်ဖန်ပြန်၍ ချမ်းသာတယ် ချမ်းသာတယ် ဟု အသိခြင်း ဆက်နေအောင် မပြတ်ရှုပါ။
   ထိုကဲ့သို့  ရှုနေရင်းမှာပင် ခန္ဓာကိုယ်တွင်းမှ နာကျင်ကိုက်ခဲမှုစသော မနှစ်သက်စရာ ဒုက္ခဝေဒနာကိုမြင်တွေ့ လာလိမ့်မည်။ 
   မျှော်လင့်ထားသော သုခအစားမမျှော်လင့်သော ဒုက္ခအစုကိုသာ ခန္ဓာကိုယ်အနှံ့ မြင်လာရလိမ့်မည်။
   ချမ်းသာသည်ဟု ထင်ထားသော သုခဝေဒနာ အာရုံကိုပင် သတိကပ်၍ ရှုပွားလေသော် သုခဝေဒနာကွယ်ပျောက်ပြီး ဒုက္ခဝေဒနာကိုသာ ဆက်တွေ့ နေလိမ့်မည်။
   ထိုဒုက္ခဝေဒနာကိုပင် ဆက်လက်ရှုသွားကအသိညာဏ် ပေါ်လာလိမ့်မည်။ သုခဝေဒနာ၏ လမ်းဆုံးကား ဒုက္ခဝေဒနာပင် ဖြစ်သည်။ 
   ထို့ ကြောင့် မြတိစွာဘုရားရှင်က သုက္ခဝေဒနာကို ဒုက္ခအနေအထား ထင်မြင်လာအောင်ရှုပွားရမည်ဟုမိန့် တော်မူခဲ့သည်။

⛔️⛔️ ဒုက္ခဝေဒနာရှုပွားပုံ ⛔️⛔️
   ကိုယ်ပေါ်မှာဖြစ်လာသော ကာယိကဒုက္ခဝေဒနာကို ရှုပွားလိုသူသည် မိမိနှစ်သက်သော ဣရိယာပုတ်နှင့်နေပြီးလျှင် ခန္ဓာကိုယ်အတွင်း အဆင်းရဲဆုံး ဒုက္ခဝေဒနာရှိရာသို့  သတိကပ်ခါ ဆင်းရဲတယ် ဆင်းရဲတယ် ဟု အဆက်မပြတ် ရှုပွားပါ။ ယင်းဒုက္ခဝေဒနာကို ကုန်သွားအောင်၊ ပျောက်သွားအောင် သဘောနှင့် အံကြိတ်၊ တောက်ခေါက် မရှုပါနှင့်။ ဒုက္ခဝေဒနာ၏သဘောကို သိအောင် ရှုပွါးရမည်။
   ထိုသို့ ရှုလျှင် ဒုက္ခဝေဒနာသည် တာရှည် မဟုတ်ပဲ၊ တဖြည်းဖြည်း ကြဲသွားရာမှ၊ သေးငယ်သွား၊ ပျောက်ကွယ်သွားသည်ကို တွေ့ လိမ့်မည်။ (သို့ မဟုတ်) ရှုခါစထက် မလျော့ပဲ တိုးလာ၊ ကြီးလာသော ဒုက္ခဝေဒနာမျိုးကိုလည်း တွေ့ နိုင်သည်။ ယောဂီပုဂ္ဂိုလ်သည် ဒလစပ် တွေ့ နေရသော ဒုက္ခဝေဒနာကို အသိမပြတ်အောင် သတိကပ် ရှုပွါးပါ။
   ဆူနေသော ရေနွေးအိုးထဲမှ ရေနွေးပွက်ငယ်များ ပေါ်ထွက်လာသကဲ့သို့  ဝေဒနာက တစ်ခြား၊ဝေဒနာပေါ်ထွက်ရာ ဋ္ဌာနက တစ်ခြားဟုသိလာ၊မြင်လာလိမ့်မည်။ ထိုအခါ ဝေဒနာက နာမ်၊ ဝေဒနာ ပေါ်ထွက်ရာက ရုပ်ဖြစ်ခြင်းကြောင့်  နာမ်ကို အခြေခံ ရုပ်ကိုသိခြင်း အသိဥာဏ် တိုးတက်လာသည်။

✅✅ ဒုက္ခဝေဒနာရှုပုံ ရှုနည်း ၂မျိုး ✅✅
   ၁။ ဒုက္ခဝေဒနာကိုရှုရာတွင် ယင်းဒုက္ခဝေဒနာကို သီးမခံနိုင်၍ ခွါရှုသောနည်း၊ 
   ၂။ သီးခံနိုင်၍ ယင်းဒုက္ခဝေဒနာကိုပင် တိုက်ရိုက်ရှုသောနည်းဟု (၂)မျိုး သိနိုင်သည်။
 ဝေဒနာကိုခွါရှုခြင်းဆိုသည်မှာ လက်ရှိခံစားနေရသောဒုက္ခဝေဒနာကိုနှလုံးမသွင်းတော့ပဲ အခြားအာရုံတစ်မျိုးမျိုးကို ပြောင်းလဲရှုမှတ်ခြင်း ဖြစ်သည်။

❎❎ ဥပေက္ခာ ဝေဒနာရှုပွားပုံ ❎❎
   သိရှိလွယ်သော ပူမှု၊ နာမှု စသော ဒုက္ခဝေဒနာ တစ်ခုခုကို အရှုခံအနေ သိစရာအာရုံ အနေဖြင့် ထားပါ။ ဥပမာအားဖြင့်  နာမှုကိုတွေ့ လျှင် နာတယ် နာတယ်ဟု အာရုံမထား၊ အသိမလိုက်ပဲ ဥပေက္ခာသို့ ရောက်သွားအောင်
   ၁။ ဘယ်နေရာက နာသလဲ
   ၂။ ဘယ်လို နာသလဲ
   ၃။ ဘာက နာသလဲ
   ၄။ ဘာကြောင့် နာသလဲ
   ၅။ ဘယ်ကနေ နာခြင်း ရောက်လာသလဲ
   ၆။ ဘယ်သူက နာအောင် လုပ်နေသလဲ
   ၇။ ဘယ်လောက်ကြာအောင် နာနိုင်မလဲ၊
   ၈။ တကယ်နာတာမှ ဟုတ်ရဲ့ လား၊ စသည်ဖြင့် နာသူအနေဖြင့် မဟုတ်ပဲ အနာကို "စစ်ဆေးသူ ဆေးဆရာ" အနေဖြင့်သာသုံးသပ်ရသည်။ 
      ထိုသို့ သုံးသပ်ရှုပွားလျှင် ဝေဒနာကို ခံစားသူ မဟုတ်တော့ဘဲ၊ သိမှု အနေမျှသာ ထားခြင်းကြောင့် ဥပေက္ခာ အနေထားသို့ ရောက်လေသည်။ 
      ခံစားမှုဘက်ကိုရောက်ရင် သုခ (သို့ မဟုတ်) ဒုက္ခတစ်မျိုးမျိုးဖြစ်ပွါးသည်။ ခံစားမှုဘက်ကို မရောက်ပဲ သိမှုဘက်ကိုအရောက်သွားနိုင်မှ ဥပေက္ခာဖြစ်လိမ့်မည်။ 
      ဥပေက္ခာသည် ရောဂါဝေဒနာကို သိသူအဖြစ်နှင့်တူ၍ ဆေးဆရာပမာ ထားနိုင်သည်။ သုခ၊ ဒုက္ခတို့သည် ဝေဒနာခံစားသူ လူနာနှင့်တူသည်။

🔰🔰 မှားယွင်းမှု တစ်စုံတစ်ရာတွေ့ ရှိခဲ့ပါက comment ပေး၍ အသိပေးပါရန် တောင်းပန်အပ်ပါသည်။


No comments:

Post a Comment