ဧည့်သည်
ငါသည်ပင်မူ .. ခေါ်သူ မရှိ ၊ ရောက်လာမိစဉ်
နှင်သူ မရှိ ၊ ပြန်ဖို့ ရှိ၏။
ငါနေသည့်အိမ် ၊ ငါ၏အိမ် ဟု
ငါ့အိမ်မှာထား ၊ ငါ့မယား နှင့်
ငါ့လင်သား နှင့် ငါ့သားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ ၊ လက်ဗလာတည်း
ပြန်ရပါလျှင် ၊ လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင် မရှိပါတကား။
လာသူ လာလည်း လာစမ်းပါစေ ၊ မဆီးလေနှင့်
သွားသူ သွားလည်း သွားစမ်းပါစေ ၊ မတားလေနှင့်။
တို့တတွေမှာ
သဘာဝလျှင် ၊ အမိရင်ဝယ်
ထွက်ဝင်ခိုနား ၊ ခရီးသွားသည့်
ဧည့်သည်တွေပါတကား။
No comments:
Post a Comment