ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿ ရာဘိဝံသ၏ စင်္ကာပူနိုင်ငံတွင်ကျင်းပသော
မဟာသတိပဋ္ဌာနသုတ္တန် တရားကျင့်နည်း အထူး ၃ရက် သင်တန်းမှ
ဒုတိယနေ့ ပို့ချမှု (May-1-2016)
🔘🔘 စိတ္တာနုပဿ နာ သတိပဋ္ဌာန်🔘🔘
အာရုံကို သိတတ်သောကြောင့် စိတ်ဟုခေါ်သည်။
>> အာရုံကို သိပုံ၊ သိနည်း ၃မျိုး
အာရုံကို သိပုံ၊ သိနည်း ၃မျိုး ရှိသည်။ အာရုံကိုသိရာ၌ သညာသိ၊ ပညာသိ၊ ၀ိညာဏ်သိဟု ၃မျိုး ရှိပါသည်။
၁။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မှတ်မိရုံသာ သိခြင်း၊ မှတ်သိခြင်းသည် သညာသိမည်၏။
၂။ အမှားမရှိ၊ အမှန်အတိုင်း ထိုးထွင်း၍သိခြင်းသည် ပညာသိမည်၏။
၃။ အာရုံတစ်ခုကို ရယူသိခြင်းသည် ၀ိညာဏ် (စိတ်) သိခြင်းမည်၏။
>> သတ္တ၀ါအားလုံးတို့ကို ထိန်းချုပ်နေသောစိတ်
သတ္တ၀ါအားလုံးတို့ကို ထိန်းချုပ်နေသောစိတ်သည်
ရုပ်ဒွါယ ၅မျိုးနှင့်ဆိုင်သော ပဉ္စ၀ိညာဏ်စိတ်၊
နာမ်ဒွါယနှင့်ဆိုင်သော မနောဝိညာဏ်စိတ်ဟူ၍ သိစိတ် ၆မျိုး ကွဲပြားလေသည်။
ပဉ္စ၀ိညာဏ်စိတ်ကို မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ် ဟူ၍ မှတ်ယူနိုင်သည်။
မနောဝိညာဏ်စိတ်ဟူသည်မှာ အသိစိတ်ပင်ဖြစ်သည်။
>> စိတ်၁၆မျိုး
၁။ လောဘစိတ်သည် သရာဂစိတ် မည်၏။ ရာဂစိတ်၊ လောဘစိတ်၊ တဏှာစိတ် ဟူ၍ အမည် ၃မျိုးဖြင့် ခေါ်ဝေါ်သုံးနှုန်းကြသည်။
၂။ လောကီကုသိုလ် အဗျာဂတစိတ်သည် ၀ီတရာဂစိတ်မည်၏။
ဝီတရာဂဟုဆိုသဖြင့် ရဟန္တာ၌ဖြစ်သောစိတ်ဟု မမှတ်ယူရ။
ဤနေရာတွင် ဒါနပြုချင်စိတ်၊ သီလစောင့်ချင်စိတ်၊ ဘာဝနာပွားလိုစိတ်၊
တရားနာလိုစိတ် အစရှိသော လောကီကုသိုလ်စိတ်များကို ၀ီတရာဂစိတ်ဟု ယူဆရသည်။
၃။ ဒေါသစိတ်သည် သဒေါသစိတ် မည်၏။ ဒေါသစိတ်၊ အမျက်ထွက်စိတ်၊
စိတ်ဆိုးစိတ်၊ စိတ်ညစ်စိတ်၊ စိတ်ပျက်စိတ်၊ စိတ်ပူစိတ်၊ စိတ်နောက်စိတ် စသည်ဖြင့် ခေါ်နိုင်သည်။
၎။ လောကီကုသိုလ် အဗျာကတစိတ်သည် ၀ီတဒေါသစိတ် မည်၏။
ဒေါသမပါသောစိတ် အခြေအနေ ဒါန၊ သီလ၊ ဘာဝနာ ပြုချင်စိတ်များကို ၀ီတဒေါသစိတ်ဟု မှတ်ယူရမည်။
၅။ ၀ီစိကိစ္ဆာ ဥဒ္ဓစ္စနှင့်တကွဖြစ်သော မောဟမူစိတ်သည် သမောဟစိတ် မည်၏။ တွေဝေစိတ်၊ မသိစိတ်၊ အမှားသိစိတ် စသည်ဖြင့် ခေါ်နိုင်သေးသည်။
၆။ မောဟ မပါသော ဒါန၊ သီလ၊ ဘာဝနာ ပြုလိုစိတ်၊ လောကီကုသိုလ် အဗျဂတစိတ်သည် ၀ီတမောဟစိတ် မည်၏။
၇။ အိပ်ချင်၊ ငိုက်မြည်းမှု၊ ထိန မိတ္ထစိတ်သည် တွန့်တို ဆုတ်နှစ်သော (ကျဆင်း ဆုတ်ယုတ်သော) သံခိတ္တစိတ်မည်၏။
၈။ ပျံ့လွင့်သော ဥဒ္ဓစ္စစိတ်သည် ၀ိက္ခိတစိတ်မည်၏။
၉။ ရူပ၊ အရူပစိတ်သည် မဟဂ္ဂတစိတ်မည်၏။
၁၀။ ကာမ၀စရစိတ်သည် အမဟဂ္ဂတစိတ်မည်၏။
၁၁။ ကာမ၀စရစိတ်သည် သဥတ္တရစိတ်မည်၏။
၁၂။ ရူပ၊ အရူပစိတ်သည် အနုတ္တရစိတ်မည်၏။
၁၃။ ဥပစရ သမာဓိ၊ အပါန သမာဓိ ရှိသော လောကီကုသိုလ်စိတ်သည် သမာဟိတစိတ်မည်၏။
၁၄။ အကုသိုလ်စိတ်သည် အသမာဟိတစိတ်မည်၏။
၁၅။ တဒင်္ဂအားဖြင့် ကိလေသမှလွတ်ပြီးသော လောကီကုသိုလ်စိတ်သည် ၀ိမုတ္တစိတ်မည်၏။
၁၆။ ကိလေသာမှ မလွတ်သေးသော အကုသိုလ်စိတ်သည် အ၀ိမုတ္တစိတ်မည်၏။
>>စိတ္တာနုပဿ နာ ရှုပွားနည်းအချုပ်
စိတ္တနုပဿ နာရှုပွားနည်း အချုပ်မှာ ရှေ့ ကဖြစ်ပွားသောစိတ်ကို သတိမလွတ်စေပဲ၊ နောက်စိတ်ဖြင့် ရှုမှတ်ခြင်းပင်ဖြစ်သည်။
🔰🔰 မှားယွင်းမှု တစ်စုံတစ်ရာတွေ့ ရှိခဲ့ပါက comment ပေး၍ အသိပေးပါရန် တောင်းပန်အပ်ပါသည်။
No comments:
Post a Comment