ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿ ရာဘိဝံသ၏ စင်္ကာပူနိုင်ငံတွင်ကျင်းပသော
မဟာသတိပဋ္ဌာနသုတ္တန် တရားကျင့်နည်း အထူး ၃ရက် သင်တန်းမှ
ပထမနေ့ ပို့ချမှု (April-30-2016)
မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော နိဂုံး၌ ဤမဟာသတိပဋ္ဌာန်လေးပါးတရားကို ဟောတော်မူခဲ့ပါသည်။
✳️✳️ မဟာသတိပဋ္ဌာန်လေးပါး ✳️✳️
🙏🙏 မဟာသတိပဋ္ဌာန်တရားကို ကျင့်ကြံအားထုတ်လျှင် ရနိုင်သောအကျိုး (၇)ပါး
၁။ စိတ်စင်ကြယ်ရန်၊
၂။ စိုးရိမ်ပူပန်ခြင်း လွန်မြောက်ရန်၊
၃။ ငိုကြွေးရခြင်း လွန်မြောက်ရန်၊
၎။ ကိုယ်ဆင်းရဲ ချုပ်ငြိမ်းရန်၊
၅။ စိတ်ဆင်းရဲ ချုပ်ငြိမ်းရန်၊
၆။ အရိယမဂ်ကို ရရန်၊
၇။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တို့ဖြစ်သည်။
☘☘ သတိပဋ္ဌာန်လေးပါး ☘☘
သတိပဋ္ဌာန် လေးပါးတို့မှာ
သတိပဋ္ဌာန် လေးပါးတို့မှာ
၁။ ကာယာနုပဿ နာ သတိပဋ္ဌာန် (ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုမှု)
၂။ ဝေဒနာနုပဿ နာ သတိပဋ္ဌာန် (ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုမှု)
၃။ စိတ္တာနုပဿ နာ သတိပဋ္ဌာန် (စိတ်၌ စိတ်ကို အကြိမ်ကြိမ်ရှုမှု)
၎။ ဓမ္မာနုပဿ နာ သတိပဋ္ဌာန် (သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုမှု) တို့ဖြစ်သည်။
✅✅ သတိပဋ္ဌာန်တရား အားထုတ်ရပုံ ✅✅
သတိပဋ္ဌာန်တရား အားထုတ်ရာတွင်
သတိပဋ္ဌာန်တရား အားထုတ်ရာတွင်
၁။ ပြင်းစွာအားထုတ်သော လုံ့လရှိရမည်။
၂။ သမ္ပဇဉ်ဉာဏ်ရှိရမည်။
၃။ သတိရှိရမည်။
၎။ အဘိဇ္ဈာ ဒေါမနဿ ကို ပယ်ဖျောက်နိုင်ရမည် ဖြစ်သည်။
👏 သတိပဋ္ဌာန် တရား အားထုတ်ရသော ရည်ရွယ်ချက်
သတိပဋ္ဌာန် တရား အားထုတ်ရသော ရည်ရွယ်ချက်မှာ သမာဓိ နှင့် ဥာဏ် ကို ဖြစ်ပေါ်စေရန် ဖြစ်သည်။
သတိပဋ္ဌာန် တရား အားထုတ်ရသော ရည်ရွယ်ချက်မှာ သမာဓိ နှင့် ဥာဏ် ကို ဖြစ်ပေါ်စေရန် ဖြစ်သည်။
☘☘ ကာယာနုပဿ နာ သတိပဋ္ဌာန် (၆)မျိုး ☘☘
၁။ ကာယာနုပဿ နာ သတိပဋ္ဌာန် (၆)မျိုးရှိသည်။ (ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုမှု)
က။ အာနာပါန ကာယာနုပဿ နာ သတိပဋ္ဌာန်၊ (ထွက်သက် ဝင်သက်လေကို ရှုဆင်ခြင်ခြင်းအပိုင်း)
ခ။ ဣရိယပထ ကာယာနုပဿ နာ သတိပဋ္ဌာန်၊ (လျောင်း၊ ထိုင်၊ ရပ်၊ သွား ကို ရှုဆင်ခြင်ခြင်းအပိုင်း)
ဂ။ သမ္ပဇဉ် ကာယာနုပဿ နာ သတိပဋ္ဌာန်၊
ဃ။ ပဋိကူလ မနသီကာရ ကာယာနုပဿ နာ သတိပဋ္ဌာန်၊
င။ စတုဓာတု မနသီကာရ ကာယာနုပဿ နာ သတိပဋ္ဌာန်၊
စ။ နဝဝတ္ထိက ကာယာနုပဿ နာ သတိပဋ္ဌာန်၊ (သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း) တို့ဖြစ်သည်။
ခ။ ဣရိယပထ ကာယာနုပဿ နာ သတိပဋ္ဌာန်၊ (လျောင်း၊ ထိုင်၊ ရပ်၊ သွား ကို ရှုဆင်ခြင်ခြင်းအပိုင်း)
ဂ။ သမ္ပဇဉ် ကာယာနုပဿ နာ သတိပဋ္ဌာန်၊
ဃ။ ပဋိကူလ မနသီကာရ ကာယာနုပဿ နာ သတိပဋ္ဌာန်၊
င။ စတုဓာတု မနသီကာရ ကာယာနုပဿ နာ သတိပဋ္ဌာန်၊
စ။ နဝဝတ္ထိက ကာယာနုပဿ နာ သတိပဋ္ဌာန်၊ (သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်း) တို့ဖြစ်သည်။
>> က။ အာနာပါန ကာယာနုပဿ နာ သတိပဋ္ဌာန် (ထွက်သက် ဝင်သက်လေကို ရှုဆင်ခြင်ခြင်းအပိုင်း)
🍀🍀 တရားအားထုတ်ပုံ 🍀🍀
✅ ဆိတ်ငြိမ်ရာ (သစ်ပင်ရင်း၊ တော၊ လှိုင်ဂူ၊ ကျောင်း၊ အိမ်၊ ဇရပ် ) သို့သွားပါ
✅ တင်ပလ္လင်ခွေထိုင်ပါ
✅ ကိုယ်ကို ဖြောင့်မတ်စွာထားပါ
✅ ဦးစုံကာရံ ခါးကိုဖြောင့်မတ်စွာထားပါ
✅ သတိကို (ကိုယ်ယူထားတဲ့ကမ္မဋ္ဌာန်း) ဝင်/ထွက် လေကို ရှုပါ။
✅ ထိရာ ဌာနရှုပါ
✅ ထိခြင်းဖြင့် ဖြစ်ပေါ်လာတဲ့သဘောကိုရှုပါ
✅ ဓါတ်သဘောအားဖြင့်ရှုပါ
သမာဓိနဲ့ပညာ ဖြစ်ပေါ်ဖို့အတွက် ဝင်/ထွက် လေကို သတိထားရှုပါ။
✍✍မှတ်ချက်။ ။ အာနာပါနကမ္မဋ္ဌာန်းမှတစ်ပါး အခြားသောကမ္မဋ္ဌာန်းတို့သည် ကြာလေ ကြာလေ ထင်ရှားလေဖြစ်၏။
အာနာပါနသည် ကြာလေကြာလေ သိမ်မွေ့လာ၏။ မထင်ရှားဖြစ်လာတတ်၏။
မထင်ရှားဟူ၍ ကမ္မဋ္ဌာန်းကို မဖျက်သင့်။
✍✍မှတ်ချက်။ ။ အာနာပါနကမ္မဋ္ဌာန်းမှတစ်ပါး အခြားသောကမ္မဋ္ဌာန်းတို့သည် ကြာလေ ကြာလေ ထင်ရှားလေဖြစ်၏။
အာနာပါနသည် ကြာလေကြာလေ သိမ်မွေ့လာ၏။ မထင်ရှားဖြစ်လာတတ်၏။
မထင်ရှားဟူ၍ ကမ္မဋ္ဌာန်းကို မဖျက်သင့်။
>> ခ။ ဣရိယပထ ကာယာနုပဿ နာ သတိပဋ္ဌာန် (လျောင်း၊ ထိုင်၊ ရပ်၊ သွား ကို ရှုဆင်ခြင်ခြင်းအပိုင်း)
🍀🍀 တရားရှုမှတ်ပုံ 🍀🍀
💠 ရုပ် နာမ် အဆင့်ဆင့် ပြောင်းလဲမှု ၌ဖြစ်စေ၊ သွားရာ၌ဖြစ်စေ၊ ရပ်ရာ၌ဖြစ်စေ၊ ထိုင်ရာ၌ဖြစ်စေ၊ လျောင်းရာ၌ဖြစ်စေ၊ မြင်တွေ့ဖြစ်အောင်သတိထားကြည့်ရှုနေခြင်းသည်
ဣရိယပထ ရှုခြင်းမည်၏။
ဣရိယပထ ရှုခြင်းမည်၏။
💠 ကာယာနုပဿ နာ သတိပဋ္ဌာန် ရူမှတ်ရာတွင် ကိုယ်ကာယ အပြင်ဖက်မထွက်အောင် သတိထား၍ ရှုမှတ်ဆင်ခြင်နိုင်ရန်လိုအပ်သည်။
💠 သွားလျှင်လည်းသွားသည်ဟုသိ၊ ရပ်လျှင်လည်းရပ်သည်ဟုသိ၊ ထိုင်လျှင်လည်း ထိုင်သည်ဟုသိ၊ လျောင်းလျှင်လည်း လျောင်းသည်ဟုသိရပါမည်။
>> ဂ။ သမ္ပဇဉ် ကာယာနုပဿ နာ သတိပဋ္ဌာန် (အမြင်မှန်သိမှု သမ္ပဇဉ် ဥာဏ်ပညာ)
♨️♨️ သမ္ပဇဉ် (၄)မျိုး ♨️♨️
၁။ အရာရာ၌ အကျိုး ရှိ၊ မရှိကို နှိုင်းယှဉ်၍ သိခြင်း။ ( သတ္ထက သမ္ပဇဉ်)
၂။ အကျိုရှိသော်လည်း လျောက်ပတ် မလျောက်ပတ်၊ ဘးကင်းမကင်း ခွဲခြား၍သိခြင်း (သပ္ပါယ သမ္ပဇဉ်)
၃။ အကျိုးရှိ လျေက်ပတ်သော်လည်း၊ မိမိရှုပွားနေသော ကမ္မဋ္ဌာန်းအာရုံကို မလွတ်ပဲသိခြင်း။
၎။ ကမ္မဋ္ဌာန်း မလွတ်အောင်ရှုရာတွင် ကိလေသာမကပ်နိုင်အောင် ပညာဖြင့် ပယ်ရှားကာသိခြင်း။ ( အသမ္မောဟသမ္ပဇဉ် )
💢 ဤ(၄)မျိုးသောသိခြင်းတွင် နံပါတ် (၃) နှင့် (၄)တို့ဖြင့် သိခြင်းသမ္ပဇဉ် သာလျှင် ဥာဏ်ဟုခေါ်သည်။ 💢
✍✍ မှတ်ချက်။ ။ လက်ခြေတို့ကို အလွန်ကြာမြင့်စွာကွေး၍သော်၎င်း၊ ဆန့်၍သော်၎င်း၊ တည်နေသောယောဂီအား ခဏတိုင်း ခဏတိုင်း ၌ဆင်းရဲဒုက္ခဝေဒနာတို့ဖြစ်တတ်ကြ၏။
စိတ်တည်ကြည်ငြိမ်သက်ခြင်းအဖြစ်ကို မရခြင်း၊ ကမ္မဋ္ဌာန်းအာရုံမှ လျော့ကျတတ်၏ တရားထူးမရနိုင်။
စိတ်တည်ကြည်ငြိမ်သက်ခြင်းအဖြစ်ကို မရခြင်း၊ ကမ္မဋ္ဌာန်းအာရုံမှ လျော့ကျတတ်၏ တရားထူးမရနိုင်။
☝☝ အထက်ပါစကားအရ ပြောင်းခြင်း၊ ပြင်ခြင်း၊ကွေးခြင်း၊ ဆန့်ခြင်းတို့ကို ဆင်းရဲဒုက္ခကင်း၍ စိတ်တည်ငြိမ်ချမ်းသာရန်၊ ကမ္မဋ္ဌာန်းအာရုံ စွဲမြဲပြုရန်၊ တရားထူးရရန် ကိုယ်အနေအထားကို ပြု ပြင်နိုင်သည်ဟု မှတ်ယူရမည်။ သို့သော် သတိသမ္ပဇဉ်ယှဉ်တွဲပါရမည်။
>> တရားကျင့်သူ ယောဂီတို့ သိမြင်ပုံ
👇တရားကျင့်သူယောဂီတို့ သည်အောက်ပါအတိုင်းသိမြင်ရမည်။
၁။ ရှေ့သို့တိုးမည်ဟု တိုးလိုစိတ်၊ တိုးခြင်စိတ်ဖြစ်၏။
၂။ ယင်းစိတ်နှင့်တကွ စိတ်ကြောင့်ဖြစ်သော ဝါယောဓါတ်သည် ကိုယ်အမူအယာ ကာယဝိညာဏ် ကိုဖြစ်စေ၏။
၃။ ထို့ကြောင့်ရှေ့တိုးလိုစိတ်ကြောင့်ဖြစ်သောဝါယောဓါတ်၏ တုန်လှုပ်ခြင်း၊ အခြင်းအရာ ဟုဆိုအပ်သော ကိုယ်အမူအယာ၏အစွမ်းကြောင့် ကိုယ်ဟူ၍သမုတ်အပ်သော ဤခန္ဓာကိုယ်ကောင်သည်ရှေ့သို့ တိုး၏။ မည်သည့်ပုဂ္ဂိုလ်မှ ရှေ့တိုးသည်မဟုတ် ပရမတ်အားဖြင့် ရုပ်နာမ်တို့၏သွားခြင်း၊ တိုးခြင်းဖြစ်၏ဟု ဥာဏ်ဖြင့် ဆင်ခြင်သိမြင်ဖို့လိုသည်။
>> ဃ။ ပဋိကူလ မနသီကာရ ကာယာနုပဿ နာ သတိပဋ္ဌာန်
✅ ပဋိကူလ မနသီကာရဟူသည် ခန္ဓာရှိ စက်ဆုတ်ရွံ့ရှာဖွယ်ကို နှလုံးသွင်းမှုပင်ဖြစ်သည်။
🔰 နှလုံးသွင်းခြင်း
ငါ၏ကိုယ်သည် ရုပ်အပေါင်း ခန္ဓာကိုယ်၌
၁။ ဆံပင် အမွေး၊ ခြေသည်း၊ လက်သည်း၊ သွား။
၂။ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချဉ်ဆီ။
၃။ အညို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း။
၎။ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း။
၅။ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး။
၆။ အဆီခဲ၊ မျက်ရည်ကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
✍🍀 ဆံချ ခေါင်းရိတ်ချိန်တွင် ဆင်ခြင်နှလုံးသွင်းရမည့်ကမ္မဋ္ဌာန်း🍀
ငါ၏ကိုယ်မှာ နံ့သာမွေးကြိုင် မြဲခိုင်လှစွာ ကောင်းရာမမြင်၊ ဆံသာ သာရှိ၊ အမွေးရှိ၍ ရှိသည့်လက်သည်း၊ ခြေအသည်းနှင့် သွားလည်းတစ်ထွေ၊ အရည်တစ်မျိုး ညှီနံ့ဆိုးသည်၊ အသိုးအပုပ် ကြီးပါတကား။
✅❎ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဆံပင်၊ မွေးညင်း စသည်တို့ကို တစ်ခုစီ ရွတ်ပွားဆင်ခြင် ရှုမြင်ခြင်းဖြင့် ငါသူတစ်ပါး၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ ဟူသော အမြင်မှားမျိုး ကင်းပျောက်ပြီး ရွံ့ရှာဖွယ်ရာများသာဟု ရှုမြင်နေခြင်းကြောင့် တွယ်တာ တပ်မက်နှစ်သက်ခြင်းလည်း ကင်းပျောက်ပြီး အသုဘ ကမ္မဋ္ဌာန်းထင်ရှားလာ၏။
❎✅ ဤခန္ဓာကိုယ်၌ (၃၂) နှစ်ပါးသော ကောဒဌာသ တို့ကို ရွံရှာဖွယ်ရာဟု ရှုမြင်သုံးသပ်ခြင်းသည် သမထအနေအားဖြင့် ရှုပွားခြင်းဖြစ်၏။ ဝိပဿ နာအနေအားဖြင့်ရှုမှတ်လိုလျှင် ဤကိုယ်ကာယကို ဓါတ်သဘောအနေဖြင့် ဆင်ခြင်ရမည်။
၁။ ဤငါ၏ကိုယ်ကာယ၌ မာခြင်း၊ လေးလံခြင်း၊ ကြမ်းတမ်းခြင်း၊ ခက်ထန်ခြင်း သဘောသည် ပထဝီဓါတ်ဖြစ်၏။
၂။ ယိုစီးမှု၊ စိတ်ဖေါက်မှု၊ ဖွဲ့စည်းမှုသဘောသည် အာပေါဓါတ်ဖြစ်၏။
၃။ အိုခြင်း၊ လောင်ကျွမ်းခြင်း၊ အေးစိမ့်ခြင်းသည် တေဇောဓါတ်ဖြစ်၏။
၎။ တွန်းခြင်း၊ ကန်ခြင်းသဘောသည် ဝါယောဓါတ်ဖြစ်၏။
ဤသို့လျှင် ဤကိုယ်ကာယ၌ စိတ်မရှိ၊ ပုဂ္ဂိုလ် သတ္တဝါမဟုတ်၊ အသက်ဝိညာဉ်မဟုတ်၊ မြေ၊ ရေ၊ လေ၊ မီး ဓါတ်ကြီးလေးပါးသာဖြစ်၏ဟု
ဝိပဿ နာဥာဏ်ရောက်အောင် ရှုပွားဆင်ခြင် ရမည်။
ဝိပဿ နာဥာဏ်ရောက်အောင် ရှုပွားဆင်ခြင် ရမည်။
>> င။ စတုဓာတု မနသီကာရ ကာယာနုပဿ နာ သတိပဋ္ဌာန်
✍ မိမိတို့၏သဘောကိုဆောင်တတ်သောကြောင့် ဓါတ်ဟုခေါ်သည်။
✍ ဓါတ်သဘောအားဖြင့် မိမိ၏ ရူပ၊ ကာယ ခန္ဓာကိုယ်ရှုပွားမှုကို စတုဓာတု မနသီကာရ ဟုခေါ်သည်။
✍ စာပေကျမ်းဂမ်များတွင် စတုဓာတု မနသီကာရ၊ ဓါတုကမ္မဌာန၊ စတုဓါတုဝဝတ္ထ ဟုအမည် (၃)မျိုးဖြင့် တွေ့ရသည်။
✍ ဓါတ်ကမ္မဋ္ဌာန်းကို ဘုရားရှင်က အကျဉ်း အကျယ် (၂) မျိုးအားဖြင့်ဟောတော်မူလေ့ ရှိ၏။
ဥာဏ်ပညာ ထက်မြတ်သူတို့အတွက် အကျဉ်း ဟော၍ ညဏ်ပညာနှံ့နှေးသူ တို့အတွက် အကျယ်ဟောတော်မူလေ့ရှိ သည်။
🔘🔘 ဓါတ်ကြီးလေးပါး 🔘🔘
💨💨 ဝါယောဓါတ် ရှုပွားပုံရှုပွားနည်း 💨💨
ကာယာနုပဿ နာ သတိပဋ္ဌာန်၊ ဓာတု မနသီကာရပိုင်းတွင် ဓါတ်ကြီး လေးပါးတို့၌ အထင်ရှားဆုံးရှုရန် အလွယ်ဆုံးသည် ဝါယောဓါတ် ကိုရှုပွားခြင်းပင်ဖြစ်သည်။
ဝါယောဓါတ်ကို ရှုမှတ်လိုလျှင် တွန်းခြင်း၊ ကန်ခြင်း၊ ထောက်ခြင်း၊ မခြင်း၊ ဖိခြင်း၊ ညှပ်ခြင်း၊ တွန်းရွေ့ရှားခြင်း စသော ဝါယောဓါတ်၏ သဘော လက္ခဏာများ သိထားရပြီး၊
ရှုန်းခြင်း၊ လှုပ်ခြင်း၊ ရပ်ခြင်း၊ လိမ့်ခြင်း၊ အားစိုက်ခြင်း၊ ကြောင့်ကြခြင်း ဝါယောဓါတ်၏ ကိစ္စများကို လည်း သတိထားရမည်။
ရှုန်းခြင်း၊ လှုပ်ခြင်း၊ ရပ်ခြင်း၊ လိမ့်ခြင်း၊ အားစိုက်ခြင်း၊ ကြောင့်ကြခြင်း ဝါယောဓါတ်၏ ကိစ္စများကို လည်း သတိထားရမည်။
လှမ်းခြင်း၊ သွားခြင်း၊ ထွက်ခြင်း၊ လိမ့်ခြင်း၊ ပြောင်းလွဲခြင်း၊ ထောင်းခြင်း၊ ထုခြင်း၊ ဆွဲငင်ခြင်း၊ ရုံ့တွခြင်း၊ ရောင်ခြင်း၊ ဖေါင်းခြင်း၊ ပိန့်ခြင်း
စသော ဝါယောဓါတ် အကျိုးဆက်များကိုလည်း မြင်ထားရမည်။
စသော ဝါယောဓါတ် အကျိုးဆက်များကိုလည်း မြင်ထားရမည်။
🚶🚶🏼 သွားခိုက်ဝါယောဓါတ်ကိုရှုပုံ 🚶🏼🚶🏼
✍ သွားခိုက်၌ ဝါယောဓါတ်ကို ရှုပွားလိုသော် ကာယေအရ ခန္ဓာကိုယ်၏အတွင်းကိုသာ ရှုရမည်။
✍ ယောဂီသည် အောက်ပိုင်းခန္ဓာကိုယ်၏သွားခြင်းကိစ္စကို အစပြု၍ တွန်းပြီး၊ တွန်းပြီး ကန်ပေးနေသော ဝါယောဓါတ်သဘောများကို စူးစိုက်၍
မိမိအသိဥာဏ်ဖြင့် ထင်ရှားရာတစ်ခုခုကို အသိကပ်ပြီး တွန်းနေတယ်၊ တွန်းနေသည်ဟု အထပ်ထပ်ရှုရမည်။
မိမိအသိဥာဏ်ဖြင့် ထင်ရှားရာတစ်ခုခုကို အသိကပ်ပြီး တွန်းနေတယ်၊ တွန်းနေသည်ဟု အထပ်ထပ်ရှုရမည်။
✍ အပြင်ဖက်ခြေထောက်ကြီး လှမ်းကြွနေသည်ကို သွားသည် သွားသည်ဟု သမထ အနေဖြင့်မရှုမှတ်ပဲ အတွင်းခန္ဓာကိုယ်မှ
တွန်း၊ တိုး၊ ကန်၊ ထောက်၊ မလေသော ဝါယောဓါတ်ကိုသာ အာရုံပြု၍ရှုပါ။
တွန်း၊ တိုး၊ ကန်၊ ထောက်၊ မလေသော ဝါယောဓါတ်ကိုသာ အာရုံပြု၍ရှုပါ။
💨🌪 ဝါယောဓါတ် 🌪💨
✍ ဝါယောဓါတ်ကို ရှုပွားရာတွင်
နှာတံအတွင်း တိုးမှု၊ တွန်းမှုတစ်ပိုင်း၊
ရင်ခေါင်းတွင်း တိုးမှု၊ တွန်းမှုတစ်ပိုင်း။
☘ ၁။ နှာတံအတွင်းရှုလိုသော် အသက်ရှု၍ လေဝင်လာရာ၌ နှာတံအတွင်း၌ တိုးမှု၊ တွန်းမှု ဟူသောဝါယောဓါတ်ကိုသာ ရှုပွားရပါမည်။
နှာသီးဖျားကို မရှုပွားရ။ ရှည်မှု၊ တိုမှုကိုလည်း မရှုပွားရ။ ရှုလျှင် သမထဖြစ်သွားသည်။
နှာသီးဖျားကို မရှုပွားရ။ ရှည်မှု၊ တိုမှုကိုလည်း မရှုပွားရ။ ရှုလျှင် သမထဖြစ်သွားသည်။
☘ ၂။ ရင်ခေါင်းနှင့် အူလမ်းကြောင်း တစ်လျှောက် ရှုလိုသော် နှာတံအတွင်းမှာလို တိုးမှု၊ တွန်းမှု ကိုသာရှုရမည်။
ဖေါင်း ပိန်မှုကို မရှုရ။ ရှုလျှင်ဝါယောကသိုင်း ရှုသလို ပညတ်နှင့်ရောစပ်၍ သမထကမ္မဋ္ဌာန်း ဖြစ်သွားတတ်သည်။
ဖေါင်း ပိန်မှုကို မရှုရ။ ရှုလျှင်ဝါယောကသိုင်း ရှုသလို ပညတ်နှင့်ရောစပ်၍ သမထကမ္မဋ္ဌာန်း ဖြစ်သွားတတ်သည်။
🌐🌐 ပထဝီဓါတ်သဘော 🌐🌐
✍ ကာယနုပဿ နာ ပထဝီဓါတ်ကို ရှုပွားလိုလျှင်
မာခြင်း၊ လေးလံခြင်း၊ ကြမ်းတမ်းခြင်း၊ ခက်ထန်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ သက်လျောခြင်း၊ ငိုက်ဆင်းခြင်း၊ အိကျခြင်း၊ ညက်သာခြင်း၊ ငြိမ်ဝပ်ခြင်း၊ မလှုပ်မရှားဖြစ်လာခြင်း၊ ရပ်သွားခြင်း
စသည့် ပထဝီဓါတ်၏လက္ခဏာ ကို သိရမည်။
မာခြင်း၊ လေးလံခြင်း၊ ကြမ်းတမ်းခြင်း၊ ခက်ထန်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ သက်လျောခြင်း၊ ငိုက်ဆင်းခြင်း၊ အိကျခြင်း၊ ညက်သာခြင်း၊ ငြိမ်ဝပ်ခြင်း၊ မလှုပ်မရှားဖြစ်လာခြင်း၊ ရပ်သွားခြင်း
စသည့် ပထဝီဓါတ်၏လက္ခဏာ ကို သိရမည်။
✍ မှီစရာဖြစ်လာခြင်း၊ ခံစရာဖြစ်လာခြင်း၊ အမှီခံပြုလာနိုင်ခြင်းကို ပထဝီဓါတ်သဘောဟု သိရမည်။
🚶🚶🏼 သွားခိုက်ပထဝီဓါတ်ကိုရှုပွားပုံ 🚶🏼🚶🏼
မျက်စိဖြင့်မြင်နေရသော ခြေထောက်စသည်ကို ငုံ့ကြည့်ခါ သွားတယ်၊ သွားတယ် ဟု သမထ အနေဖြင့်မမှတ်ပဲ သွားမှုပြုရန် ခြေကိုမရာ ကြွရာ တွင် လေးလံမှုသဘော။
ခြေထောက်ကိုချခိုက်တွင် ထိုးဆင်းလာသောသဘော၊ နင်းချခိုက်တွင် ပိမှု၊ မာမှု၊ တင်းမှု၊ ညှက်မှု သဘော၊ အောက်အခံတို့၌ မာမှု၊ ကြမ်းမှု သဘော စသည်တို့ကို
ပထဝီဓါတ်ဟု သိမြင်အောင်ရှုရမည်။
ပထဝီဓါတ်ဟု သိမြင်အောင်ရှုရမည်။
💝💝 အထူးမှတ်ရန် 💝💝
✍ ပိမှုနှင့် ညက်မှုသည် ပထဝီဓါတ်
✍ ဖိမှုနှင့် ညှပ်မှုသည် ဝါယောဓါတ် ဟုကွဲပြားအောင် မြင်တတ်ရမည်။
🔥🔥 တေဇောဓါတ်🔥🔥
💥 တေဇာဓါတ်ကို ရှုပွားရာတွင် ပူခြင်း၊ လောင်ကျွမ်းခြင်း၊ အေးစိမ့်ခြင်း၊ စူးရှခြင်း၊ ဖေါက်ထွင်းခြင်း၊ ချေဖျက်ခြင်း စသည်တို့သည် တေဇောဓါတ်၏ လက္ခဏာများဟု သိရမည်။
💥 ရင့်ရော်ခြင်း၊ မှည့်ခြင်း၊ အိုမင်းခြင်း၊ အိုက်ခြင်း၊ စပ်ဖျင်းခြင်း၊ နာခြင်း၊ အောင့်ခြင်း၊ မခံသာခြင်း၊ ခြောက်သွေ့ခြင်း၊ ခန်းခြင်း၊ ဆွေးခြင်း၊ ကြေခြင်း၊ အက်ကွဲခြင်း၊ မွမွကြဲခြင်း စသော တေဇောဓါတ်၏ ရှုစဉ် ဆင်ခြင်ခြင်းသဘောကိုသိရမည်။
⭕️ ထိုင်နေခိုက် တေဇာဓါတ်ကိုရှုပွားနည်း⭕️
✍ ထိုင်နေခိုက်တွင် မျက်စိနှင့်မြင်ရသော ထိုင်နေသော ပုံသဏ္ဍာန်ကို "ထိုင်တယ်- ထိုင်တယ်" ဟု ရှုမှတ်နေလျှင် သမထဖြစ်လေ၏။
✍ ထိုင်နေခိုက် ခန္ဓာကိုယ်အတွင်း အပူအအေး (၂)မျိုး ထင်ရှားရာကို သတိကပ်ရှုမှတ်နေလျှင် ဝါယောဓါတ်တွေ့မြင်အောင် ရှုပွားနိုင်သည်။
☔️💦💦 အာပေါဓါတ်ကို ရှုဆင်ခြင်ပုံ 💦💦☔️
✍ ယိုဆင်းမှု၊ စိမ့်ထွက်မှု၊ စီးထွက်မှု၊ စိုထိုင်းမှု၊ အရည်ပျော်မှု၊ တွဲစပ်မှု၊ ဖွဲ့နှောင်မှု အာပေါဓါတ် လက္ခဏာများကို သတိပြု ဆင်ခြင်ရှုမှတ်ရမည်။
✍ တိုးပွားခြင်း၊ စည်ကားခြင်း၊ စိမ်းစိုလန်းဆန်းခြင်း၊ ကြီးထွားခြင်း၊ ကျယ်ပြန့်ခြင်း၊ ပျံ့နှံ့ခြင်း စသော အာပေါ၏ ဓါတ်သဘာဝများကိုလည်း သတိထား ဆင်ခြင်ရမည်။
🔰🔰 မှားယွင်းမှု တစ်စုံတစ်ရာတွေ့ ရှိခဲ့ပါက comment ပေး၍ အသိပေးပါရန် တောင်းပန်အပ်ပါသည်။
android apps လေး လုပ်ပါလား လုပ်လိုက်ရမလား ?
ReplyDeletepost များ ဆက်လက် မတင် တော့ ဘူးလား ။ ဘာ့ကြောင့် ရပ် ဆိုင်း သွားသည် မသိပါ ။ ဖတ်ရှု အား ပေး နေပါသည် ။ ဆက်လက် တင် ပေးပါ။ ခင်မင် လေးစား လျက်။ ဓမ္ခ မိတ်ဆွေ ...yemyint.kmt@gmail.com
ReplyDelete