Saturday 14 May 2016
မဟာသတိပဋ္ဌာန်လေးပါး - ဓမ္မာနုပဿ    နာသတိပဋ္ဌာန် (မှတ်စုတို)
ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿ     ရာဘိဝံသ၏ စင်္ကာပူနိုင်ငံတွင်ကျင်းပသော
မဟာသတိပဋ္ဌာနသုတ္တန် တရားကျင့်နည်း အထူး ၃ရက် သင်တန်းမှ
ဒုတိယနေ့ အဆက် (May-1-2016) နှင့် တတိယနေ့ ပို့ချမှု (May-2-2016)
🔘🔘 ဓမ္မနုပဿ     နာ သတိပဋ္ဌာန်🔘🔘
>> ၁။ နီဝရဏပိုင်း
   နီဝရဏဆိုသည်မှာစိတ်ကို ပိတ်ဆို့တတ်။ ချည်နှောင်ထားတတ်၍ နီဝရဏဟုခေါ်သည်။ ကုသိုလ်တရားကို မဖြစ်ပေါ်အောင် ဈာန်တရား၊ မဂ်တရားများဖြစ်ခွင့်မရအောင် တားမြစ်ပိတ်ဆို့တတ်သောကြောင့် နီဝရဏဟုခေါ်သည်။ ဖြစ်ပြီးသား၊ ရပြီးသား ဈာန်တရားများကို လျှောကျ ပျက်စီးစေနိုင်သော အစွမ်းနီဝရဏတို့တွင် ရှိနေသည်။
>> နီဝရဏ ၅ပါး
   ၁။ ကာမစ္ဆန္ဒ - ကာမဂုဏ် ကာမအာရုံ၌ လိုလားတပ်မက်သာယာမှု
   ၂။ ဗျာပါဒ - စိတ်ဆိုး အမျက်ထွက်မှု မလိုမုန်းတီးမှု
   ၃။ ထိန မိဒ္ဓ - ငိုက်မြည်း ထိုင်းမှိုင်းမှု
   ၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ - ပျံ့လွင့်၊ ပူပန်မှု
   ၅။ ၀ိစိကိစ္ဆာ - ယုံမှား သံသယ ဖြစ်မှု
   နီဝရဏသည် စိတ်၏ အညစ်အကြေးဟုလည်း ခေါ်သည်။
   ပညာကိုလည်း အားနည်းစေတတ် ပင်ပန်း ဆင်းရဲခြင်းကိုလည်း ဖြစ်စေတတ်သည်။
>> နီဝရဏဖြစ်ကြောင်း
   ၁။ တင့်တယ်သော သုဘနိမိတ်အာရုံ၌ ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒဖြစ်လာ၏။ ဖြစ်ပြီးသော ကာမစ္ဆန္ဒသည် တိုးပွားကျယ်ပြန့်လာ၏။
   ၂။ ထိပါးမှုအမျက်ထွက်မှု ပဋိက၏ အာရုံနိမိတ်၌ ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဗျာပါဒ ဖြစ်လာ၏။ ဖြစ်ပြီးသော ဗျာပါဒသည် တိုးပွားကျယ်ပြန့်လာ၏။
   ၃။ မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ထမင်းအဆိပ်တက်ခြင်း စိတ်၏ဆုတ်နှစ်ခြင်းတို့၌ ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ထိန မိဒ္ဓ ဖြစ်လာ၏။ ဖြစ်ပြီးသော ထိန မိဒ္ဓသည် တိုးပွား ကျယ်ပြန့်လာ၏။
   ၄။ စိတ်၏ မငြိမ်းအေးမှု၌ ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဥဒ္ဓစ္စ ကုက္ကု စ္စ ဖြစ်လာ၏။ ဖြစ်ပြီးသော ဥဒ္ဓစ္စ ကုက္ကု စ္စသည် တိုးပွား ကျယ်ပြန့်လာ၏။
   ၅။ မသင့်လျော်သော ၀ိစိကိစ္ဆာ၏တည်ရာ အာရုံတို့၌ ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ၀ိစိကိစ္ဆာသည် ဖြစ်လာ၏။ ဖြစ်ပြီးသော ၀ိစိကိစ္ဆာသည် တိုးပွားကျယ်ပြန့်လာ၏။
>> ကာမစ္ဆန္ဒ နီဝရဏကို ပယ်စွန့်နိုင်ရန်
   ၁။ အသုဘနိမိတ်ကို သင်ယူရမည်။
   ၂။ အသုဘ ဘာဝနာကို အဖန်ဖန် အထပ်ထပ် ပွားများရမည်။
   ၃။ ဣနြေ္ဒယေ ၆ပါးတို့ ၌ လုံခြုံသော တံခါးရှိခြင်း
   ၄။ စားဖွယ် ဘောဇဉ် အတိုင်း အရှည်ကိုသိခြင်း
   ၅။ မိတ်ကောင်း ဆွေကောင်းရှိခြင်း
   ၆။ သင့်တော်လျောက်ပတ်သော စကားကိုသာ ပြောဆိုခြင်း
>> ဗျာပါဒနီဝရဏကို ပယ်စွန့်နိုင်ရန်
   ၁။ မေတ္တာ၏အကြောင်းနိမိတ်ကို သင်ယူခြင်း
   ၂။ မေတ္တာ ဘာဝနာပွားများခြင်း
   ၃။ သတ္တ၀ါတို့၏ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ်ကို ဆင်ခြင်ခြင်း
   ၄။ ဒေါသ၏ အဖြစ်၊ မေတ္တာ၏အကျိုးတို့ကို ဆင်ခြင်ခြင်း
   ၅။ မေတ္တာဖြင့်နေလေ့ရှိသော မိတ်ကောင်းရှိခြင်း
   ၆။ မေတ္တာနှင့် လျောက်ပတ်သောစကားပြောဆိုခြင်းတို့ကို ပွားများကာ အမျက်ဒေါသ ဗျာပါဒကို ပယ်စွန့်ရမည်။
>> ထိန မိဒ္ဓ နီဝရဏကို ပယ်စွန့်နိုင်ရန်
   ၁။ ထိန မိဒ္ဓ နီဝရဏ အကြောင်းကို သင်ယူခြင်း
   ၂။ ဣရိယာပုတ် ပြောင်းလဲပေးခြင်း
   ၃။ အရောင် အလင်းကို နှလုံးသွင်းခြင်း
   ၄။ ဟင်းလင်းပြင် လွင်တီးခေါင်၌နေခြင်း
   ၅။ ထိန မိဒ္ဓ နီဝရဏကို နှိုင်နင်းသော မိတ်ကောင်းရှိခြင်း
   ၆။ ထိန မိဒ္ဓ နီဝရဏ ပါယ်ခြင်းအား လျောက်ပတ်သော စကားကို ပြောဆိုခြင်းတို့သည် ထိန မိဒ္ဓ ကို ပါယ်နိုင်ကြောင်းများဖြစ်၏။
>> ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ ကို ပါယ်စွန့်ရန်
   ၁။ နာကြားသောတရား ဗဟုသုတများခြင်း
   ၂။ အဖန်ဖန်ဆွေးနွေးမေးမြန်းခြင်း
   ၃။ သင့်၊ မသင့်၌ လိမ္မာကျွမ်းကျင်ခြင်း
   ၄။ ကြီးသောသူတို့ကို မှီဝဲပေါင်းသင်းခြင်း (အတွေ့ အကြုံ ဗဟုသုတ သင်္ခန်းစာယူရန်)
   ၅။ မိတ်ဆွေကောင်းကို ပေါင်းသင်းခြင်း
   ၆။ သင့်လျော်သောစကားကို ပြာဆိုခြင်းတို့သည် ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ ကို ပါယ်စွန့်ရမည်။
>> ၀ိစိကိစ္ဆာ နီဝရဏကိုပါယ်စွန့်နိုင်ရန်
   ၁။ နာကြားသောတရား ဗဟုသုတများ
   ၂။ ရတနာ ၃ပါးကို အကြောင်းပြု၍ အဖန်ဖန် ဆွေးနွေးမေးမြန်းခြင်း
   ၃။ သင့် မသင့်၌၊ လိမ္မာကျွမ်းကျင်ခြင်း
   ၄။ သဒ္ဓါတရား များပြားခြင်း
   ၅။ သဒ္ဓါကောင်းသော မိတ်ကောင်းရှိခြင်း
   ၆။ ရတနာ ၃ပါးနှင့်စပ်သော စကားများပြောဆိုခြင်းတို့သည် ၀ိစိကိစ္ဆာ ပါယ်နိုင်ကြောင်းများဖြစ်၏။
>> ခန္ဓာ ၅ပါးကို ဆင်ခြင်ခြင်း အပိုင်း
   ၁။ အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန်၊ အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာဟုခေါ်သည်။
   ၂။ အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန်၊ အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ဝေဒနာအားလုံးကို ဝေဒနက္ခန္ဓာဟုခေါ်သည်။
   ၃။ အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန်၊ အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော သညာအားလုံးကို သညက္ခန္ဓာဟုခေါ်သည်။
   ၄။ အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန်၊ အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ရုပ်အားလုံးကို သင်္ခါရက္ခန္ဓာဟုခေါ်သည်။
   ၅။ အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန်၊ အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ၀ိညာဏ်အားလုံးကို ၀ိညာဏက္ခန္ဓာဟုခေါ်သည်။
>> ဥပါဒါနက္ခန္ဓာ ၅ပါး
   ၁။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ စွဲလန်းအပ်သော အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန် အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ရုပ်အားလုံးကို ရူပုပါဒါနက္ခန္ဓာ ဟုခေါ်သည်။
   ၂။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ စွဲလန်းအပ်သော အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန် အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ဝေဒနာအားလုံးကို ဝေဒနုပါဒါနက္ခန္ဓာ ဟုခေါ်သည်။
   ၃။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ စွဲလန်းအပ်သော အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန် အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော သညာအားလုံးကို သညု ပါဒါနက္ခန္ဓာ ဟုခေါ်သည်။
   ၄။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ စွဲလန်းအပ်သော အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန် အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော သင်္ခါရအားလုံးကို သင်္ခါရုပါဒါနက္ခန္ဓာ ဟုခေါ်သည်။
   ၅။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ စွဲလန်းအပ်သော အတိတ်၊ အနာဂတ်၊ ပစ္စု ပ္ပန် အတွင်း၊ အပြင်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ၀ိညာဏ်အားလုံးကို ၀ိညု ပါဒါနက္ခန္ဓာ ဟုခေါ်သည်။
   လောကီ ဖြစ်စေ၊ လောကုတ္တရာဖြစ်စေ၊ ခန္ဓာဖွဲ့ ၍ ရကောင်းသမျှ တရားအားလုံးကို သိမ်းကြုံး၍ ပြတော်မူခြင်းငှာ ပထမ ခန္ဓာဒေသနာတော်ကို ဟောပြတော်မူသည်။ ၀ိပဿ     နာ ရှုပွားသောအခါ၌ကား လောကုတ္တရာခန္ဓာများကို အာရုံပြု၍ မရှုပွားရ၊ ၀ဋ် ဒုက္ခတရားတွေကို အာရုံပြု၍ ရှု ပွားမှ ခန္ဓာများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော ထင်မြင်နိုင်မည်။ ၀ိပဿ     နာရှုရန်အတွက် ဥပါဒါနက္ခန္ဓာများကို ဟောပြတော်မူသည်။
>> ခန္ဓာ ၅ပါး၏ ဥပမာများ
   ၁။ ရုပ်သည် ဝေဒနာ၏ မှီရာဖြစ်သောကြောင့် စားဖွယ်ထည့်သော အိုးခွက်ပန်းကန်နှင့် တူ၏။
   ၂။ ဝေဒနာသည် သာယာအပ်သောကြောင့် စားသောက်ဖွယ်ရာနှင့် တူ၏။
   ၃။ သညာသည် ဝေဒနာကို သာယာခြင်းကို ရကြောင်းဖြစ်သောကြောင့် ဟင်းလျာနှင့် တူ၏။ (ဟင်းလျာဆိုတာ ချက်ဖို့ ၊ ပြုတ်ဖို့  အစိမ်းကို ဆိုလိုသည်)
   ၄။ သင်္ခါရတို့သည် ဝေဒနာဟူသည် စားသောက်ဖွယ်ရာကို ပြုပြင်တတ်သောကြောင့် လုပ်ကျွေးသူနှင့် တူသည်။
   ၅။ ၀ိညာဏ်တို့သည် ဝေဒနာဟူသော စားသောက်ဖွယ်ရာကို ခံစားတတ်သောကြောင့် စားသုံးသူနှင့် တူသည်။
>> ပါဋ္ဌိတော်လာ ခန္ဓာကို ရှု ပွါးပုံ
   ၁။ ဣတိရူပံ
   ၂။ ဣတိရူပဿ      သမုဒရော
   ၃။ ဣတိရူပဿ      အထကမော
   ၁။ ရုပ်တရားကား ဤမျှ ၂၈ပါး၊ ဤသို့ ဖောက်ပြန်ခြင်း သဘော လက္ခဏာရှိ၏။
   ၂။ ရုပ်တရား၏ ဖြစ်ကြောင်းကား အ၀ိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရ ဖြစ်ခြင်း လက္ခဏာအားဖြင့် ၅ပါး အတိုင်း အရှည် ရှိ၏။
   ၃။ ရုပ်တရား၏ ချုပ်ကြောင်းကား အ၀ိဇ္ဇာ၊ တဏှာ၊ ကံ၊ အာဟာရ ချုပ်ခြင်း ပျက်ခြင်း လက္ခဏာအားဖြင့် ၅ပါး အတိုင်း အရှည် ရှိ၏။
   ၄။ ဝေဒနာ၏ ဖြစ်ကြောင်း ချုပ်ကြောင်းမှာ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ၊ ဖဿ      ဖြစ်ခြင်း၊ ချုပ်ခြင်း တို့ပင်ဖြစ်သည်။
   ၅။ သညာနှင့် သင်္ခါရတို့၏ ဖြစ်ကြောင်း ချုပ်ကြောင်းသည်လည်း ဝေဒနာနှင့် တူသည်။
ဝိညာဏ်၏ဖြစ်ကြောင်းနှင့် ချုပ်ကြောင်းမှာ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ၊ နာမ်၊ ရုပ်ဖြစ်ခြင်း ချုပ်ခြင်း တို့ပင်ဖြစ်သည်။
>> ခန္ဓာကို ရှု ပွါးရန်
   ရုပ်တရား၊ နာမ်တရား တစ်ပါးပါး၌ သိသိ တာတာ ထင်ရှားတာကို မှတ်ယူနိုင်သည်။
>> အာယတနာပိုင်း
   သံသရာကို ချဲ့ တတ် ရှည်လျားတတ်သောကြောင့် အာယတန ဟုခေါ်သည်။
   လောက၌ တစ်စုံတစ်ရာကို ချဲ့ ထွင်မှု ပြုရာ၌
      ၁။ အချဲ့ ခံစရာ
      ၂။ ချဲ့ သည့် လက်နက် ကိရိယာ
      ၃။ ချဲ့ ပေးမည့်သူ ၃မျိုး ပေါင်းစပ်ပေးဖို့ လိုအပ်သည်။
   ထို့အတူ သံသရာကို ချဲ့ ထွင်မှုပြု ရာတွင်လည်း
      ၁။ အချဲ့ ခံစရာ အတွင်း အာယတန ၆ပါး
      ၂။ ချဲ့ သည့် လက်နက် ကိရိယာ အပြင် အာယတန ၆ပါး
      ၃။ ချဲ့ ပေးမည့်သူ ၀ိညာဏ အာယတန ၆ပါး မူတည် ၃မျိုး ရှိသည်။
   အချဲ့ ခံစရာ အာယတနာ ၆ပါး
      ၁။ စက္ခာယတန - မျက်စိမှာ ရှိသော ရုပ်အကြည်ဓါတ်
      ၂။ သောတာယတန - နားမှာ ရှိသော ရုပ်အကြည်ဓါတ်
      ၃။ ဃနာယတန - နှာခေါင်းမှာ ရှိသော ရုပ်အကြည်ဓါတ်
      ၄။ ဇိဝှါယတန - လျှာမှာ ရှိသော ရုပ်အကြည်ဓါတ်
      ၅။ ကာယာယတန - ကိုယ်မှာ ရှိသော ရုပ်အကြည်ဓါတ်
      ၆။ မနာယတန - စိတ်မှာ ရှိသော ရုပ်အကြည်ဓါတ်
         ၎င်းတို့ကို ပသာဒ ၆ပါး၊ ဒွါရ ၆ပါး၊ ၀တ္ထု ၆ပါးဟုလည်း ခေါ်သေးသည်။
   ချဲ့ ပေးသော လက်နက် ကိရိယာ အပြင်အာယတန ၆ပါး
      ၁။ ရူပါရုံ - အဆင်းရုပ်ဓါတ်
      ၂။ သဒ္ဒါရုံ - အသံရုပ်ဓါတ်
      ၃။ ဂန္ဓာရုံ - အနံ့ရုပ်ဓါတ်
      ၄။ ရသာရုံ - အရသာ ရုပ်ဓါတ်
      ၅။ ဖောဋ္ဌာဗာရုံ - တွေ့ထိရုပ်ဓါတ်
      ၆။ ဓမ္မာရုံ - သိစရာ ရုပ် နာမ် ပညတ် ဓမ္မဓါတ်
         ၎င်းတို့ကို အာရုံ ၆ပါးဟု ခေါ်သေးသည်။
   ချဲ့ပေးမည့်သူ ၀ိညာဏ အာယတန ၆ပါး
      ၁။ စက္ခုဝိညာဏ် - မြင်သိစိတ်
      ၂။ သောတ၀ိညာဏ် - ကြားသိစိတ်
      ၃။ ဃာန၀ိညာဏ် - နံသိစိတ်
      ၄။ ဇိဝှါဝိညာဏ် - စားသိစိတ်
      ၅။ ကာယ၀ိညာဏ် - ထိသိစိတ်
      ၆။ မနောဝိညာဏ် - မျိုးစုံသိစိတ်
         ၎င်းတို့ကို ၀ိညာဏ် ၆ပါး၊ ၀ိညာဏဓါတ် ၆ပါး၊ အသိဓါတ် ၆ပါး ဟု ခေါ်သေးသည်။
   >> အတွင်းအာယတန ရှု ပုံ
      မျက်စိကို သိ၏ဟု မြတ်စွာဘုရား မိန့်တော်မူရာ၌ မျက်စိသည် မမြဲ၊ မျက်စိသည် ဆင်းရဲ၏။ ဆင်းရဲသော မျက်စိသည် ကိုယ်၊ အတ္တ မဟုတ်။ ကိုယ်အတ္တမဟုတ်သော မျက်စိသည် ငါ မဟုတ်၊ ငါ့ကိုယ် အတ္တ မဟုတ်၊ ၀ိပဿ     နာပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိမြင်ရမည်။
      ဤသို့ရှု မြင်သောသူသည် မျက်စိ၌လည်း ငြီးငွေ့၏ စွဲမက်မှုကင်း၏။ ကိလေသောမှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်ပြီ ဟု အသိဥာဏ် ဖြစ်ပေါ်လာ၏။
   မှတ်ချက်။ ကျန်သော နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့၌လည်း နည်းတူ ရှုရမည်။ မိမိစိတ်ကြိုက် မဖြစ်၊ ဆင်းရဲသည်ဖြစ်၍ အနတ္တ ဟူလို။
   >> အပြင်အာယတန ရှုပွါးပုံ
      အဆင်းရူပါရုံတို့သည် မမြဲကုန်၊ မမြဲသော အဆင်း ရူပါရုံသည် ဆင်းရဲ၏။ ဆင်းရဲသော အဆင်း ရူပါရုံသည် ကိုယ်၊ အတ္တ မဟုတ်။ ကိုယ် အတ္တ မဟုတ်သော အဆင်း ရူပါရုံကို ဤ အဆင်းရူပါရုံသည် ငါ့ဥစ္စာ မဟုတ်၊ ငါ မဟုတ်၊ ငါ ကိုယ် အတ္တ မဟုတ်ဟု ၀ိပဿ     နာပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိမြင်အောင် ရှု ရမည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သိမြင်ခြင်းသည် ၀ိပဿ     နာပညာဖြစ်သည်။
      ဤသို့ ရှုသော ကြား၊ အမြင် ရှိသော အရိယာ သာဝကသည် အဆင်းကိုလည်း ငြီးငွေ့ ၏။ စွဲမက်မှုကင်း၏။ ကိလေသာမှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်ပြီဟု သိ၏။ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စပြုပြီးပြီ၊ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏။
မှတ်ချက်။ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ သဘောတရားတို့ကိုလည်း နည်းတူ ရှုမှတ်ရမည်။
>> ဗောဇ္ဈင်ခုနစ်ပါး
    ဗောဇ္ဈင်ဆိုတာ သိခြင်းငှါဖြစ်လို့ သိ၏။
>> ဗောဇ္ဈင်ခုနစ်ပါး ဆင်ခြင်ခြင်း အပိုင်း
   သိခြင်းငှါဖြစ်ကုန်သောကြောင့် ဗောဇ္ဈင်လို့မည်ကုန်၏။ သိတတ်ကုန်၊ တစ်ဖန် သိတတ်ကုန်၊ နောက်တစ်ဖန် သိတတ်ကုန်၊ ကောင်းစွာ သိတတ်ကုန်သောကြောင့် ဗောဇ္ဈင်လို့ မည်ကုန်၏။
    ဗောဇ္ဈင်္ဂဟူသော စကားလုံးကို ဗောဓိအပေါင်း အင်္ဂ ဟူ၍ နှစ်ပုဒ် ခွဲနိုင်သည်။
    ဗောဓိ + အင်္ဂ
    ဗောဓိဆိုသည်မှာ သစ္စာလေးပါးတို့ကို ကောင်းစွာ သိမြင်ခြင်းပင်ဖြစ်သည်။
   အင်္ဂဆိုသည်မှာ အင်္ဂါအစိတ်အပိုင်းဟု အဓိပ္ပါယ်ရသည်။
   ဗောဇ္ဈင်င်္ဂဆိုသည်မှာ သစ္စာလေးပါးတို့ကို သိမြင်ရန် လိုအပ်သော အင်္ဂါအစိတ်အပိုင်းဟူ၍ နားလည်ရမည်။ တရားကျင့်သူသည် ဗောဇ္ဈင်ခုနစ်ပါး ပြည့်စုံရမည်။
>> ဗောဇ္ဈင်ခုနစ်ပါး
   ၁။ ကောင်းမြတ် ပြည့်စုံစွာ သိမြင်နိုင်ရေးအတွက် အကြောင်းဖြစ်သော သတိသည် သတိသမ္ဗောဇ္ဈင် မည်၏။
   ၂။ ကောင်းမြတ် ပြည့်စုံစွာ သိမြင်နိုင်ရေးအတွက် အကြောင်းဖြစ်သော ပညာသည် ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် မည်၏။
   ၃။ ကောင်းမြတ် ပြည့်စုံစွာ သိမြင်နိုင်ရေးအတွက် အကြောင်းဖြစ်သော ၀ီရိယသည် ၀ီရိယသမ္ဗောဇ္ဈင် မည်၏။
   ၄။ ကောင်းမြတ် ပြည့်စုံစွာ သိမြင်နိုင်ရေးအတွက် အကြောင်းဖြစ်သော ပီတိသည် ပီတိသမ္ဗောဇ္ဈင် မည်၏။
   ၅။ ကောင်းမြတ် ပြည့်စုံစွာ သိမြင်နိုင်ရေးအတွက် အကြောင်းဖြစ်သော ပဿသဒိသည် ပဿသဒိသမ္ဗောဇ္ဈင် မည်၏။
   ၆။ ကောင်းမြတ် ပြည့်စုံစွာ သိမြင်နိုင်ရေးအတွက် အကြောင်းဖြစ်သော သမာဓိသည် သမာဓိသမ္ဗောဇ္ဈင် မည်၏။
   ၇။ ကောင်းမြတ် ပြည့်စုံစွာ သိမြင်နိုင်ရေးအတွက် အကြောင်းဖြစ်သော ဥပေက္ခာသည် ဥပေက္ခာသမ္ဗောဇ္ဈင် မည်၏။
   အရေးကြီးဆုံးသည် သတိသမ္ဗောဇ္ဈင် ဖြစ်၏။
>> သတိ သုံးမျိုး
   ၁။ ရှုပွါးနေသော အာရုံ ပြတ်မသွား၊ ပျောက်မသွားစေရန် ယင်းအာရုံနောက်သို့ လိုက်ပါ ကပ်ပါနေသော သတိတစ်မျိုး (ဥပ္ပဂဏှာ သတိ)
   ၂။ ယင်းသတိကြောင့် ရှုပွါးနေသော အာရုံသည် အပြတ်နဲ၊ အပျောက်နဲကာ ရေးရေးပေါ်နေသော အဆင့်မှ ခပ်ထင်းထင်းကြီး ပေါ်လာအောင် ထိန်းပေးထားသော သတိတစ်မျိုး (အသမ္ဗောတ သတိ)
   ၃။ ယင်းသတိကား တင်ထားပေးသော အာရုံကို မိမိရရ ဥာဏ်ဖြင့် သုံးသပ်နိုင်ရန် စောင့်ရှောက်ထားနိုင်သော သတိတစ်မျိုး (အာရက္ခ သတိ)
>> သတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း လေးပါး
   သတိသမ္ဗဇဉ် အမြဲယှဉ်၍
   ကြဉ်လေမုဋ္ဌ၊ မီရ သတိမှာ
   ဓိမုတ္တာဟု လေးဖြာသတိ ပွါးကြောင်းတည်း။
   ၁။ ကိုယ်ကိစ္စ၊ စိတ်ကိစ္စ အားလုံးတို့၌ အမြဲတမ်း သတိထား၍ နေခြင်း
   ၂။ သတိ မရှိ၊ မေ့လျော့ ပေါ့ဆ ပြုလုပ်ပြောဆိုတတ်သူကို ရှောင်ကြဉ်ခြင်း၊
   ၃။ သတိရှိ၍ မမေ့မလျော့  မပေါ့မဆ ပြုလုပ်ပြောဆိုတတ်သူကို ပေါင်းသင်းခြင်း၊
   ၄။ အရာရာ၌ သတိကို ရှေ့ သွားပြုခါ၊ သတိအားကောင်းအောင် မွေးမြူခြင်း။
>> ဓမ္မ၀ိဇယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း
   ဖန်ဖန်မေးမှု ၊  ၀တ္ထုစင်စေ
   ဣနြေ္ဒိရေမျှ ၊ ဗာလကိုကြဉ်
   ဥာဏ်ရှိယှဉ်မှ ၊ ဆင်ခြင်နက်လှ
   ဓိမုတ္တဟု ဥာဏပွါးကြောင်း ခုနစ်တည်း။
   ၁။ ခန္ဓာ အာယတန စသည်တို့၏ အနက် အဓိပ္ပါယ်ကို အဖန်ဖန် မေးမြန်းခြင်း (မှတ်သားခြင်း)
   ၂။ ကိုယ်တွင်း ကိုယ်ပ သန့်ရှင်း စင်ကြယ်မှုကိုပြု ခြင်း
   ၃။ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စသော ဣနြေ္ဒိရေ ငါးပါးမှာ ညီမျှစေခြင်း
   ၄။ ပညာ မရှိသူကို ရှောင်ကြဉ်ခြင်း
   ၅။ ဖြစ် ပျက်ကို သိသော ပညာရှိကို ပေါင်းသင်းခြင်း
   ၆။ သိမ်မွေ့ နက်နဲ ခက်ခဲသော တရားတို့ကို ဆင်ခြင်ခြင်း
   ၇။ အရာရာ၌ ပညာကို ရှေ့ သွားပြု ကာ၊ ပညာအားကောင်းလာအောင် လေ့ကျင့်ခြင်း
>> ၀ီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း
   ပါယ်ဘေး ဆင်ခြင် ၊ မြင်မည့် အကျိုး
   လမ်းရိုး လိုက်ရာ ၊ ပိဏ္ဌပစယ
   ဒါယဇ္ဇဟု ၊ သတ္ထု မြတ်ဘိ
   ဇာတိ မဟထ ၊ သဗြဟ္မဇာရိ
   မမီ လူပျင်း ၊ မီတင်း အာရဒ္ဓ
   ဓိမုတ္တဟု လုံလပွါးကြောင်း ဆယ့်တစ်တည်း။
   ၁။ အပါယ်ဘေးကို ဆင်ခြင်ခြင်း
   ၂။ ၀ီရိယ အကျိုးကို ဆင်ခြင်ခြင်း
   ၃။ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းငှာ သွားရောက်အပ်သောလမ်းကို ဆင်ခြင်ခြင်း
   ၄။ အများပြည်သူတို့၏ ဆွမ်းကို တုံ့ပြန်ပူဇော်ခြင်း
   ၅။ အမွေခံထိုက်သည် အဖြစ် မြတ်သည့်အဖြစ်ကို ဆင်ခြင်ခြင်း (ဓမ္မအမွေ ခံယူထိုက်ခြင်း ဟူလို)
   ၆။ ဘုရားရှင်၏ မြတ်သည့်အဖြစ်ကို ဆင်ခြင်ခြင်း
   ၇။ အမျိုးဇာတ်၏ မြတ်သည့်အဖြစ်ကို ဆင်ခြင်ခြင်း
   ၈။ အပေါင်းအဖော်တို့၏ မြတ်သည့်အဖြစ်ကို ဆင်ခြင်ခြင်း
   ၉။ ပျင်းရိသူကို ရှောင်ကြဉ်ခြင်း
  ၁၀။ ၀ီရိယရှိသူကို ပေါင်းသင်းခြင်း
  ၁၁။ အရာရာ၌ ၀ီရိယကို ရှေ့ သွားပြုကာ ၀ီရိယအားကောင်းလာအောင် မွေးမြူခြင်း
>> ပီတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း
   သတ္တနုဿတိ  ၊ ကြဉ်ဘိလူခ
   သိနိတ္တာရှာ ၊ သဗါတသို့
   ဓိမုတ္တ မယုတ်ပီတိ ဆယ့်တစ်တည်း။
   ၁။ ဗုဒ္ဓွါနုဿ     တိ - ဘုရားဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ခြင်း
   ၂။ ဓမ္မါနုဿ     တိ - တရားဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ခြင်း
   ၃။ သံဃာနုဿ     တိ - သံဃာဂုဏ်တော်များကို အဖန်ဖန် အောက်မေ့ခြင်း
   ၄။ သီလာနုဿ     တိ - မိမိ၏ သီလကို အဖန်ဖန် အောက်မေ့ခြင်း
   ၅။ စာဂါနုဿ     တိ - မိမိ၏ စွန့်ကြဲမှုကို အဖန်ဖန် အောက်မေ့ခြင်း
   ၆။ ဒေ၀တာနုဿ     တိ - နတ်ဗြဟ္မာတို့ကို သက်သေထား၍ မိမိ၏သဒ္ဓါစသောဂုဏ်တို့ကို အဖန်ဖန် အောက်မေ့ခြင်း
   ၇။ ဥပသမာနုဿ     တိ - ကိလေသာငြိမ်းခြင်းကို အဖန်ဖန် အောက်မေ့ခြင်း (တဒင်္ဂ တခဏ ကိလေသာငြိမ်းခြင်းကို ဆင်ခြင်ခြင်း)
   ၈။ သဒ္ဓါတရား မရှိ၊ ကြမ်းတမ်း ခေါင်းပါးသူကို ရှောင်ကြဉ်ခြင်း
   ၉။ သဒ္ဓါတရားများသောသူကို ပေါင်းသင်းခြင်း
   ၁၀။ သဒ္ဓါတရားဖြစ်စေသော တရားဒေသနာများကို နှလုံးသွင်းဆင်ခြင်ခြင်း
   ၁၁။ အရာရာ၌ ကို ပီတိကိုရှေ့ သွားပြုကာ ပီတိအားကောင်းလာအောင် မွေးမြူခြင်း
>> ပဿ     ဒ္ဓိ သမ္ဗောဇ္ဈင်ဖြစ်ကြောင်း
   ဘောဇဉ် မွန်မြတ် ၊ လျောက်ပတ် ဥတု
   သုခ ဣရိယာ ၊ မစ္ဆာ ပယောဂ
   ပါရက ကြဉ် ၊ ယှဉ် အသာရဋ္ဌ
   ဓိမုတ္တ မှတ် ပဿ ပွါးကြောင်း ခုနစ်တည်း။
   ၁။ မွန်မြတ်သော ဘောဇဉ်ကို မှီဝဲခြင်း
   ၂။ ချမ်းသာစေသော ဥတုကို မှီဝဲရခြင်း
   ၃။ ချမ်းသာစေတတ်သော ဣရိယာပုတ်ကို မှီဝဲခြင်း
   ၄။ အလယ်အလတ်ဖြစ်သော လုံ့ လ၀ီရိယရှိခြင်း
   ၅။ ပူပန်သူကို ရှောင်ကြဉ်ခြင်း
   ၆။ စိတ်ငြိမ်းအေးသူကို ပေါင်းသင်းခြင်း
   ၇။ အရာရာ၌ ကို ပဿဒ္ဓိကို ရှေ့ သွားပြုကာ ပဿ     ဒ္ဓိ အားကောင်းလာအောင် မွေးမြူခြင်း
>> သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း
   ပဂ္ဂဟ ၊ နိဂ္ဂဟ ၊ သံသမ္ပဟတ ၊ ဥပေက္ခာ နှင့်
   ပျံ့ လွင့်သူကြဉ် ၊ တည်ကြည် ယှဉ်ကာ
   ဇန ၀ိမောက် ဓိမုတ် လျောက်တည်း။
   ၁။ ကိုယ်တွင်း ကိုယ်ပ သန့်ရှင်း စင်ကြယ်ခြင်း
   ၂။ သဒ္ဓါ စသော ဣနြေ္ဒိရေများ ညီမျှခြင်း
   ၃။ ကသိုဏ်း နိမိတ် ၊ အသုဘ နိမိတ်တို့၌ ကျွမ်းကျင်ခြင်း
   ၄။ ဘာဝနာစိတ်ကို ချီးမြှောက်သင့်ရာ၌ ချီးမြှောက်ခြင်း
   ၅။ ဘ၀နာစိတ်ကို နှိမ်သင့်ရာအခါ၌ နှိမ်ခြင်း
   ၆။ ဘာဝနာစိတ်ကို ရွှင်သင့်ရာအခါ၌ ရွှင်ခြင်း
   ၇။ ဘာဝနာစိတ်ကို လစ်လျူရှု သင့်သောအခါ၌ လစ်လျူရှုခြင်း
   ၈။ စိတ်မတည်ကြည်သူကို ရှောင်ကြဉ်ခြင်း
   ၉။ စိတ်တည်ကြည်သူကို ပေါင်းသင်းခြင်း
   ၁၀။ ဈာန် ၀ိမောက္ခ တို့ကို ဆင်ခြင်ခြင်း
   ၁၁။ အရာရာ၌ ကို သမာဓိကို ရှေ့ သွားပြုကာ သမာဓိ အားကောင်းလာအောင် မွေးမြူခြင်း
>> ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ကြောင်း
   ၁။ သတ္တ၀ါတို့၌ လစ်လျူရှုခြင်း
   ၂။ သင်္ခါရတို့၌ လစ်လျူရှခြင်း
   ၃။ သတ္တ၀ါ သင်္ခါရတို့၌ ချစ်တတ်သူကို လစ်လျူရှုခြင်း
   ၄။ သတ္တ၀ါ သင်္ခါရတို့ကို လစ်လျူရှုတတ်သူကို ပေါင်းသင်းခြင်း
   ၅။ အရာရာ၌ ကို ဥပေက္ခာတို့ကို ရှေ့ သွားပြုကာ ဥပေက္ခာ အားကောင်းလာအောင် မွေးမြူခြင်း
   ဗောဇ္ဈင်တရားတို့သည် မြတ်စွာဘုရားရှင်ပွင့်တော်မူသောအခါ၌သာလျှင် မြတ်စွာဘုရား အဆုံးအမ သာသနာ၌သာ ဖြစ်ကုန်၏။
   ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာပွါးများသည်ရှိသော် သံသရာတည်းဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့ ရောက်နိုင်၏ဟု မြတ်စွာဘုရား မိန့်တော်မူသည်။
>> သစ္စာလေးပါးကို ဆင်ခြင်ခြင်း အပိုင်း
   သစ္စာဆိုသည်မှာ သူ့အမည် ၊ သညာ နှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်သည်ကို သစ္စာဟုခေါ်သည်။ သမုတိသစ္စာနှင့် ပရမတ္ထသစ္စာဟု သစ္စာနှစ်မျိုး ရှိ၏။
   လောကီဘုံသား လူအများတို့၏ ပြောရိုးဆိုစဉ်ဖြစ်သော သတ်မှတ်ချက်အတိုင်း ကိုက်ညီဖြောင့်မှန်ခြင်းသည် သမုတိသစ္စာမည်၏။
   ဓမ္မသဘာဝအားဖြင့် အလွန်ဟုတ်မှန်သော ရှိ ၊ မရှိ သဘောသည် ပရမတ္ထသစ္စာမည်၏။ သမုတိသစ္စာသည် အခေါ်အဝေါ်အားဖြင့်သာ ရှိခြင်းမျိုး ဖြစ်သည်။
   ပရမတ္ထသစ္စာသည် တကယ် ရှိခြင်းမျိုး ဖြစ်သည်။ တရားကျင့်ရာ၌ အခေါ်ရှိဖြစ်သော သမုတိသစ္စာ ပညတ်ကို ဖယ်ခွါ၍ တကယ်ရှိသော ပရမတ္ထသစ္စာ ၊ ရုပ် ၊ နာမ် သဘောတရားတို့ကို ရှု မှတ်ရသည်။
>> ၁။ ဒုက္ခအရိယသစ္စာအဖွင့်
   ဤဒုက္ခသစ္စာသည် များစွာသော ဘေးရန်တို့၏ တည်ရာဖြစ်သောကြောင့် စက်ဆုပ်အပ် ကဲ့ရဲ့ အပ်၏။
   အချိန်မရွေး နေရာမရွေး ပုဂ္ဂိုလ် သတ္တ၀ါ မရွေး အားလုံးအတွက် ဆင်းရဲခြင်းသဘောဖြစ်သော အမှန်တရားသည် ဒုက္ခသစ္စာဖြစ်၏။
>> ဒုက္ခ၁၂မျိုး
   ၁။ ဇာတိဒုက္ခ
   ၂။ ဇရာဒုက္ခ
   ၃။ မရဏဒုက္ခ
   ၄။ သောကဒုက္ခ
   ၅။ ပရိဒေ၀ဒုက္ခ
   ၆။ ဒုက္ခဒုက္ခ
   ၇။ ဒေါမနဿ     ဒုက္ခ
   ၈။ ဥပယာသဒုက္ခ
   ၉။ အပီယ သံပယောဂဒုက္ခ
   ၁၀။ ချစ်ခင်သူနှင့် ကွေကင်းရသည့် ဒုက္ခ
   ၁၁။ လိုတာမရဒုက္ခ
   ၁၂။ ဥပါဒါနက္ခန္ဓာဒုက္ခ
   မအိုချင်၊ မနာချင်၊ မသေချင်လို့ တရားကျင့်ရခြင်း ဖြစ်သည်။
>> ဇာတိဒုက္ခ
   ဇာတိဒုက္ခဆိုသည်မှာ အမိဝမ်း၌ ကိန်းအောင်းသော သတ္တ၀ါတို့၏ ပဋိသန္ဓေအခါမှစ၍ မွေးဖွားချိန်တိုင်အောင်ကာလကို ဇာတိဒုက္ခဟုခေါ်သည်။
   များစွာသောဒုက္ခတို့၏ အစပျိုးရာ တည်ရှိရာ ဖြစ်သောကြောင့် ဇာတိပိဒုက္ခမည်၏။
>> ဇရာဒုက္ခ
   ဇရာဒုက္ခဆိုသည်မှာ ခန္ဓာတို့၏ ဟောင်းမြေ့ ရင့်ရော်သော ဆံဖြူသွားကျိုးခြင်း စသော ထင်ရှားသော ဇရာပင်ဖြစ်သည်။
>> မရဏဒုက္ခ
   မရဏဒုက္ခဆိုသည်မှာ ခန္ဓာရသူတို့၏ အသက်ကုန်ခြင်း၊ ကံကုန်ခြင်းစသော တစ်မျိုးမျိုးသော အကြောင်းကြောင့် အသက်ဇီဝိန် ကင်းပြတ်ခြင်းပင် ဖြစ်သည်။
>> သောကဒုက္ခ
   သောကဒုက္ခဆိုသည်မှာ ပျက်စီးခြင်းတစ်မျိုးမျိုးဖြင့် တွေ့ကြုံရသူ၏ စိတ်ပူပန်ခြင်း၊ ဆင်းရဲသည့်သဘော
ဒုက္ခဖြစ်၏။
>> ပရဒေ၀ဒုက္ခ
   ပရိဒေ၀ဒုက္ခဆိုသည်မှာ ပျက်စီးခြင်းတွေ့ကြုံသူ၏ မျက်ရည်ထွက်ခါ ငိုကြွေးရခြင်းဒုက္ခမျိုးပင် ဖြစ်သည်။
>> ဒုက္ခဒုက္ခ
   ဒုက္ခဒုက္ခဆိုသည်မှာ ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း ဖြစ်၏။
>> ဒေါမနဿ     ဒုက္ခ
   ဒေါမနဿ     ဒုက္ခဆိုသည်မှာ စိတ်၌ဖြစ်သော ဆင်းရဲခြင်း ဖြစ်၏။
>> ဥပယာသဒုက္ခ
   ဥပယာသဒုက္ခဆိုသည်မှာ ဆွေမျိုးပျက်စီးခြင်း စသည်တို့ဖြင့် နှိပ်စက်ခံရသောသူ၏ လွန်ကဲစွာ လွန်မင်းစွာ စိတ်ဆင်းရဲခြင်း ဖြစ်သည်။
>> ဆီအိုး ဥပမာ
   အပူပေးထားသော ဆီအိုးဖြင့် ဥပမာပြရသော် ဆီပူလာ၍ ထွက်လာသော အပူငွေ့ သည် သောကနှင့် တူ၏။ လွန်စွာပူလာ၍ လျှံကျလာသော အဖြစ်သည် ပရိဒေ၀နှင့် တူ၏။
   လွန်ကဲစွာပူ၍ ဆီအိုး၌ ဂျိုးကပ် ကျန်ရစ်သော အဖြစ်သည် ဥပယာသနှင့် တူ၏။
>> မှတ်ချက်
   ဒုက္ခ၏တည်ရာအကြောင်းသည် ခန္ဓာဖြစ်သည်။ ခန္ဓာချုပ်ကြောင်းသည် ဒုက္ခ၏ချုပ်ကြောင်းတည်း။
   ခန္ဓာအသစ် ပြန်လာဖြစ်
   စင်စစ် ဆင်းရဲသာ။
   ဆင်းရဲဒုက္ခ မှန်သမျှသည် ခန္ဓာကို အကြောင်းပြု ဖြစ်လာကြသည်။
   ခန္ဓာရှိလျှင် ဒုက္ခဖြစ်သည်။ ခန္ဓာအသစ်ဖြစ်လျှင် ဆင်းရဲဒုက္ခ မုချမတွေ ဖြစ်လာလိမ့်ဦးမည်သာဖြစ်သည်။
   ခန္ဓာအသစ် ပြန်မဖြစ်
   စင်စစ် မြတ်ချမ်းသာ။
   ဆယ့်နှစ်မျိုးသော ဆင်းရဲဒုက္ခသည် ခန္ဓာအသစ် ပြန်မဖြစ်လျှင် ဖြစ်လာစရာ အကြောင်း မရှိနိုင်ပါ။
   ခန္ဓာကို အကြောင်းပြု ၊ အမှီပြု ၍သာလျှင် ဆင်းရဲဒုက္ခ ဖြစ်ရခြင်း အကြောင်းကြောင့် ခန္ဓာအသစ် ပြန်မဖြစ်တော့သော ဘုရား၊ ရဟန္တာ တို့အတွက် ဒုက္ခအသစ် ဖြစ်စရာ မရှိတော့ပါ။
   ဒုက္ခကုန်ကင်းရာ နိဗ္ဗာန်ဆိုသည်မှာ ခန္ဓာအသစ် ပြန်မဖြစ်သူတို့အတွက်သာလျှင် ဖြစ်နိုင်သည်။
>> ဒုက္ခသမုဒယအရိယာသစ္စာ (ဒုက္ခဖြစ်ခြင်း၏ အကြောင်းတရား)
>> သမုဒယသစ္စာ
   ဒုက္ခသစ္စာ၏ဖြစ်ခြင်းအကြောင်းသည် သမုဒယသစ္စာမည်၏။ အဘယ်တရားသည် သမုဒယသစ္စာ မည်သနည်းဟုဆိုလျှင် တဏှာ လောဘကို ညွှန်ပြရမည်သာဖြစ်သည်။
   ဘ၀သစ်ကို ဖြစ်စေတတ်သော တပ်မက်နှစ်သက်ခြင်းနှင့်တကွ ဖြစ်သော ထိုထိုဘ၀ ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော လောဘတဏှာသည်
   ၁။ ကာမဘုံ၌ တပ်မက်ခြင်း (ကာမတဏှာ)
   ၂။ ရူပ၊ အရူပဘုံ၌ တပ်မက်ခြင်း (ဘ၀တဏှာ)
   ၃။ ဥဒ္စေဒ ဒိဋ္ဌိနှင့်ကွဖြစ်သော တပ်မက်ခြင်း (၀ိဘ၀တဏှာ) ဟူ၍ သုံးမျိုးရှိသည်။
   လောက၌ ချစ်ခင်ဖွယ်၊ သာယာဖွယ် သဘောတရားရှိ၏။ တဏှာသည် ချစ်ခင်ဖွယ်၊ သာယာဖွယ်သော သဘောတရား၌ရှိ၏ တည်သည်ရှိသော် ချစ်ခင်ဖွယ် သာယာဖွယ်၌ တည်၏။
   လောက၌ မျက်စိ၊ နှား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်သည် ချစ်ခင်သာယာဖွယ်သဘောဖြစ်၏။
   လောက၌ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ သဘောတရားတို့သည် ချစ်ခင်ဖွယ် သာယာဖွယ်ဖြစ်၏ တဏှာသည် ယင်း၌ ဖြစ်တည်၏။
   လောက၌ မြင်သိစိတ်၊ ကြားသိစိတ်၊ နံ့သိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ အသိစိတ်တို့သည် ချင်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏။ တဏှာသည် ယင်း၌ ဖြစ်တည်၏။
   ၀ိဥာဏ ပစ္စယာ၊ ဖဿအရ မျက်စိ အတွေ့၊ နား အတွေ့၊ နှာခေါင်း အတွေ့၊ လျှာ အတွေ့၊ ကိုယ် အတွေ့၊
စိတ် အတွေ့သည်လည်း ချင်ခင်သာယာဖွယ် သဘောဖြစ်၏။ တဏှာသည် ယင်း၌ ဖြစ်တည်၏။
   ဖဿ     ပစ္စယာ ဝေဒနာအရေ အတွေ့ကြောင့်ဖြစ်သော စက္ခု ၊ သောတ ၊ ဃာန ၊ ဇိဝှါ ၊ ကာယ ၊ မနောသမ္ဖတ္တဇောဝေဒနာသည် ချစ်ခင်သာယာဖွယ် သဘောဖြစ်၏။ တဏှာသည် ယင်း၌ ဖြစ်တည်၏။
   သညာ၌လည်း တဏှာဖြစ်၏။
   စေတနာ၌လည်း တဏှာဖြစ်၏။
   သတိမရှိတဲ့ အချိန်တိုင်းမှာ တဏှာဖြစ်၏။
>> နိရောဓ သစ္စာအဖွင့်
   နိရောဓ ဟူသောပုဒ်၌ နိ သဒ္ဒါသည် မရှိခြင်း အနက်သဘောကိုပြ၏။
   ရောဓ သဒ္ဒါသည် သံသရာ နှောင်အိမ်ဟူသော အနက်သဘောကိုပြ၏။
   သံသရာနှောင်အိမ် မရှိခြင်းသည် နိရောဓ ဖြစ်၏။
   ထို့ကြောင့် သံသရာနှောင်အိမ်ဟူသော ဒုက္ခနှောင်ဖွဲ့  မရှိသောအဖြစ်သည် အလုံးစုံသော ဂတိ ငါးပါးမှ လွတ်သည်၏ အဖြစ်ကြောင့် နိရောဓဟု ခေါ်ဆိုအပ်၏။
   တနည်းဆိုသော် နိဗ္ဗာန်ရောက်သော ပုဂ္ဂိုလ်အား သံသရာနှောင်အိမ် ဟူသော အနှောင်အဖွဲ့  မရှိတော့၍ နိရောဓဟုခေါ်ဆိုအပ်၏
>> နိဗ္ဗာန်၏ သဘောဝ
   အဖန်ဖန် အထပ်ထပ် ဆင်းရဲရသော သံသရာတွင် ခန္ဓာဇာတ်သိမ်း လွတ်ငြိမ်းခြင်းသည် နိဗ္ဗာန် မည်၏။
   တဏှာအပေါင်းတွယ်တာကြောင်းမှ ကောင်းကောင်း လွတ်ကင်း ဆိတ်ငြိမ်ခြင်းသည် နိဗ္ဗာန်၊
   ဖြစ်စရာအကြောင်း တစ်ခုခုမှ မပြုကြတော့ခြင်းကြောင့် အကြောင်းကင်းသော နိဗ္ဗာန်
   အို၊ နာ၊ သေ ကင်း အိုခြင်းမရှိ နာခြင်းမရှိ ပျက်စီးခြင်းမရှိသော နိဗ္ဗာန်
>> မဂ္ဂင်ရှစ်ပါး
>>သမ္မာဒိဋ္ဌိ (မှန်ကန်စွာ သိမြင်ခြင်း)
   ၁။ သမ္မာဒိဋ္ဌိ ဟူသည် ဥာဏ်ပညာပင်ဖြစ်သည်။
      က။ ဒုက္ခ အမှန်ကို သိသောဥာဏ်
      ခ။ ဒုက္ခ ဖြစ်ကြောင်းအမှန်ကို သိသောဥာဏ်
      ဂ။ ဒုက္ခ ချုပ်ငြိမ်းမှုအမှန်ကို သိသောဥာဏ်
      ဃ။ ဒုက္ခ ချုပ်ငြိမ်းခြင်းသို့ရောက်ကြောင်း အကျင့်မှန်ကို သိသောဥာဏ်
      ယင်းဥာဏ် ၄ပါးကို သမ္မာဒိဋ္ဌိ ဟုခေါ်သည်။
   ၂။ သမ္မာသင်္ကပ္ပ (မှန်ကန်စွာ ကြံစည်ခြင်း)
      ကာမအာရုံမှ လွတ်ကင်းသော ကြံစည်ခြင်းဟူသည်မှာ ကာမဂုံတရားတို့၌လည်းကောင်း၊
   ခန္ဓာ ငါးပါး ရုပ် နာမ် တရားတို့၌လည်းကောင်း၊ တွယ်တာ တပ်မက် စွဲလန်းမှုကို ပါယ်စွန့်နိုင်သော အကြံအစည် (နိက္ခမ္မ သင်္ကပ)
   ခပ်သိမ်းသော သတ္တ၀ါတို့၏ ကောင်းကျိုးချမ်းသာကို လိုလားသော မေတ္တာနှင့်ယှဉ်သော အကြံအစည်
(အဗျာပါဒ သင်္ကပ္ပ) (ဖျက်ဆီးခြင်းမှ လွတ်ကင်းသောကြံစည်ခြင်း)
   ဒုက္ခိတသတ္တ၀ါတို့ကို သနားညှာတာသော ကရုဏာနှင့်ယှဉ်သော အကြံအစည် (အ၀ိဟိံသ သင်္ကပ္ပ)
   ဤသုံးမျိုးသည် သမ္မာသင်္ကပ္ပ ဖြစ်၏။ (လိမ်၊ ဂုံး၊ ကြမ်း၊ ဖျင်း ရှောင်ကြဉ်သာ သမ္မာဝါစာ)
>> မိစ္ဆာအာဇီဝ
   သတ္တ၀ါ ရောင်း ၀ယ်ခြင်း
   အဆိပ် ရောင်း ၀ယ်ခြင်း
   လက်နက် ရောင်း ၀ယ်ခြင်း
   သေရည်၊ အရက်၊ မူယစ်ဆေးဝါး ရောင်း ၀ယ်ခြင်း ဟူသော မရောင်းအပ်သော ကုန် ငါးမျိုး ရာင်းဝယ်ခြင်းသည် မိစ္ဆာအာဇီဝဖြစ်၏။
🔰🔰 မှားယွင်းမှု တစ်စုံတစ်ရာတွေ့ ရှိခဲ့ပါက comment ပေး၍ အသိပေးပါရန် တောင်းပန်အပ်ပါသည်။
No comments:
Post a Comment