Thursday 25 May 2017

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၄)

✏ Baked Bean ဆိုတာ အင်္ဂလန်နိုင်ငံက ပဲတစ်မျိုး၊ သူက အာဟာရရှိတယ်။ တနလာင်္နေ့မှာ အမေလုပ်တဲ့သူက အဲ့ဒီ Baked Bean ကို ကလေးတွေနဲ့ မိသားစုအားလုံးရဲ့ မနက်စာအတွက် ချက်တယ်။

✏ ကလေးက ထမင်းစားဝိုင်းမှာ လာထိုင်ပြီးတော့ "Mummy, what for breakfast today?"
အမေက Baked Bean. ဆိုလိုက်ရော Yeah!!! ဆိုပြီး အရမ်းစိတ်လှုပ်ရှားတာ။

✏ အင်္ဂါနေ့ အဲ့ဒီအချိန်ရောက်တော့
"Mummy, what for Breakfast?"
အမေက Baked Bean Derlin ဆိုတော့ Yeah! လို့ အောတယ်။ လက်က သိပ်ပြီး အပေါ်အထိ မမြှောက်နိုင်တော့ဘူး။ အသံတော့ ထွက်သေးတယ်။

✏ ဗုဒ္ဓဟူးနေ့ Baked Bean လည်း လာရော ကလေးက လက်တောင် မမြှောက်တော့ဘူး။

✏ ကြာသပတေးနေ့ အမေက ဒီနေ့လည်း Baked Bean လည်း ဆိုရော ကလေးက အသံမထွက်နိုင်တော့ဘူး။

✏ သောကြာနေ့ Baked Bean ဆိုရော Yeah အသံလည်း မထွက်တော့ဘူး။ ခေါင်းပဲ ညိမ့်တော့တယ်။

✏ Baked Bean က ဘာမှ မပြောင်းလဲဘူး။ Monday တုန်းက ပေးတဲ့ အာဟာရ Tuesday ကျတော့လည်း သူက အပြည့်အဝထပ်ပေးတယ်။ သောကြာနေ့လည်း လုံးဝ Baked Bean က သစ္စာမဖောက်ဘူး။ ဘယ်သူက အရင် သစ္စာဖောက်သွားလဲ။ လူက အရင် သစ္စာဖောက်သွားတယ်။

✏ ဒါ့ကြောင့် အခုပြောတဲ့ လိုအပ်မှုနဲ့ လိုချင်မှုက emotiona journey - စိတ်ခံစားမှု ခရီး။ လူ့လောကကြီးမှာ ဒါကို လိုချင်လိုက်၊ ဒါကို လိုအပ်လိုက်။ ဒီနှစ်ခုကြားထဲမှာ လွန်ဆွဲနေတာ စိတ်ခံစားမှု ခရီးပဲ။ စိတ်ခံစားမှု သံသရာလို့လည်း ခေါ်တယ်။

✏ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အသိများဆုံးတရားထဲမှာ မင်္ဂလသုတ်ပါတယ်။ မင်္ဂလသုတ်ဆိုရင် အလွတ်ရတဲ့သူများလို့ ဘုန်းဘုန်းပြောကြည့်မယ်။

💢 ပတိရူပဒေသဝါသော စ၊
ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊
ဧကံမင်္ဂလ မုတ္တမံ 💢

✏ “ပတိရူပဒေသဝါသော စ” ဆိုတာ နေရာကို ပြောတာ။ နေစရာလည်း ရှိရမယ်။ နေစရာလည်း မှန်ရမယ်။ တိုးတက်ဖို့ပေါ့။ ပညာတွေ ကောင်းကောင်းလိုချင်တယ်ဆိုရင် ပညာရေးမြို့ကို ရောက်အောင်သွားရမယ်။

✏ “ပုဗ္ဗေ စ ကတပုညတာ” အရင်က ပြုလုပ်ခဲ့တဲ့ကောင်းမှုဆိုတာ အရင်က ပြုလုပ်ခဲ့တဲ့ အခြေခံလည်း ရှိရမယ်။ မိဘက စီးပွားရေး အခြေခံရှိတယ်ဆိုရင် သားသမီးလက်ထက်မှာ စီးပွားရေးက လွယ်သွားပြီ။ အဖိုးအဖွားလက်ထက်ကတည်းက စခဲ့တယ်ဆိုရင် လွယ်သွားပြီ။

✏ ထိုင်းက ကုမ္ပဏီတစ်ခု.. World Wamix ဆိုတဲ့ ကုမ္ပဏီတစ်ခု.. နှစ်ပေါင်း ၁၃၀.. တစ်နှစ်က ဘန်ကောက်ရောက်သွားရင်းနဲ့ သူတို့ပြောကြလို့.. ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ Business School မှာ ဘုန်းဘုန်းကို ပင့်ပြီးတော့ Lecture ပေးခိုင်းတာ။

✏ "ဗုဒ္ဓအတွေးအခေါ်ကိုယူပြီးတော့ corruption မရှိအောင် နည်းအောင် ဘယ်လိုလုပ်ရမလဲ"ဆိုပြီးတော့ အဲ့ဒီခေါင်းစီးပေးပြီးတော့ ပြောတယ်။ အဲ့ဒီမှာ ဘုန်းဘုန်းပြောတာကို လာပြီးတော့ ပါဝင်ဆွေးနွေးတဲ့ ဂျာမနီကကုမ္ပဏီတစ်ခု (ဘီခရင်း) တဲ့ ပြီးခဲ့တဲ့လေးငါးနှစ်က အဲ့ဒီအချိန်မှာ သူတို့ နှစ်ပေါင်း ၁၆၀လောက်ရှိပြီ။ Green ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက တည်ထောင်ထားခဲ့တာ။ သူတို့က အဲ့ဒီလို "ပုဗ္ဗေ စ ကတပုညတာ" ဆိုတဲ့ အဲ့ဒီလို အခြေခံရှိခဲ့တော့ လွယ်တာပေါ့။

✏ ဘုန်းဘုန်းကို ရှမ်းပြည်နယ်ရဲ့ လဲချားမြို့နယ်မှာ မွေးတာ။ မယ်တော်ကြီးက လုံးဝစာမဖတ်တတ်ဘူး။ အဲ့ဒါ MA တက်နိုင်အောင် ငါးနှစ်စောင့်ရတယ်။ MA အောင်ပြီးတော့ Ph.D တက်နိုင်အောင် ကိုးနှစ်စောင့်ရတယ်။ "ပုဗ္ဗေ စ ကတပုညတာ"ကို မိသားစုအနေနဲ့ လုပ်ခဲ့တာ မရှိတော့ အချိန်ပိုယူရတယ်ပေါ့။

✏ “အတ္တသမ္မာပဏိဓိ စ” - ကိုယ့်ဟာကိုယ် ကြိုးစားရမယ်။ နေရာထိုင်ခင်းဆိုတာ လိုအပ်တဲ့နေရာတွေ။ လိုအပ်တဲ့အခြေခံတွေ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး။

နောက်ဂါထာတစ်ခုက
💢 ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊
ဝိနယော စ သုသိက္ခိတော၊
သုဘာသိတာ စ ယာ ဝါစာ၊
ဧတံ မင်္ဂလမုတ္တမံ။ 💢

✏ “ဗာဟုသစ္စဉ္စ” - ပညာရေး အသိဥာဏ်။ ပညာရေးဆိုတာ အတန်းကျောင်းမှာ ပြဋ္ဌာန်းတဲ့ ကျမ်းစာလောက် မဟုတ်ဘူး။ အဲ့ဒီ ကျမ်းစာလောက်နဲ့ကတော့ ဘယ်သူမှ ပညာရှိမဖြစ်နိုင်ဘူး။

✏ ဗာဟုသစ္စဉ္စ - GENERAL KNOWLEDGE တွေ များတယ်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေအတွက် စာကြည့်တိုက်တွေ ဘယ်လိုထားပေးလဲ။ အမျိုးသား စာကြည့်တိုက်တွေ ဘယ်လိုရှိတယ်။ မြို့နယ်စာကြည့်တိုက် ဘယ်လိုရှိတယ်။ ရပ်ကွက်စာကြည့်တိုက် ဘယ်လိုရှိတယ်။

✏ အဲ့ဒီလို ထားပေးတယ်ဆိုရင် "ဗာဟုသစ္စဉ္စ" အတွက်ကလွယ်တာပေါ့။ အဲ့ဒီမှာလည်း ရေဒီယိုတို့၊ တယ်လီဗေးရှင်းတို့ အဲ့ဒီမှာ ပညာတတ်တဲ့သူတွေ လာပြီးတော့ ဗဟုသုတပေး။ အတန်းကျောင်းတွေမှာလည်းပဲ ဆရာတွေ ဆရာမတွေကို ဗဟုသုတ မြင့်သထက်မြင့်အောင် သူတို့ကို ပံ့ပိုးပေး။ ဆရာ၊ ဆရာမတွေကနေ ကျောင်းသားတွေကို ပြန်သင်ပေး။ တစ်ဦးရဲ့လိုအပ်ချက်က အများရဲ့ လိုအပ်ချက်နဲ့ ဘယ်လောက် ဆက်နွယ်နေလဲဆိုတာလေး ပြောပြတာ။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

No comments:

Post a Comment