Thursday 25 May 2017

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၅)

 မင်္ဂလသုတ်ထဲမှာ ကြည့်မယ်ဆိုရင်
“ဗာဟုသစ္စဉ္စ” ဗဟုသုတရှိဖို့အတွက်၊ လိုအပ်ချက်တစ်ခု။ စားဝတ်နေရေးလည်း ဟုတ်တယ်။

 “သိပ္ပဉ္စ” - အတတ်မွေးဝမ်းကြောင်း ပညာရပ်တစ်ခု၊

 “ဝိနယောစ” - စည်းကမ်း၊ ကျောင်းမှာလည်း စည်းကမ်းရှိရမယ်။ အိမ်မှာလည်း စည်းကမ်းရှိရမယ်။ ငယ်ငယ်က ဒါတွေကို ဖြတ်သန်းလာတဲ့အခါ စည်းကမ်းနဲ့ မနေခဲ့ရဘူးဆိုရင် အသက်ကြီးလာတဲ့အခါ စည်းကမ်းမရှိတော့ဘူး။ စည်းကမ်းမရှိရင် လူတွေကြားထဲမှာ နေရတာ သူတို့လည်း စိတ်ညစ်တယ်။ ကိုယ်လည်း စိတ်ညစ်တယ်။ ကျန်းမာရေးအတွက်လည်း မကောင်းဘူး။ တချို့စည်းကမ်းမရှိလို့ မီးလောင်တာတွေ ဖြစ်သွားတယ်။ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားတယ်။

 အဲ့ဒီတော့ "ဝိနယော စ သုသိက္ခိတော" - SKILL ကို ပြောတာ။ ကျွမ်းကျင်မှုတစ်ခုခုရှိအောင် ကိုယ်ကလည်းပဲ ကိုယ့်အတိုင်းအတာနဲ့ ကြိုးစား။ နိုင်ငံအနေနဲ့လည်း ပေးနိုင်တယ်။ မိသားစု အနေနဲ့လည်း ပေးနိုင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အများကြီး ဖြစ်လာမှာ။

 ဘုန်းဘုန်း wheel chair နဲ့ တရားဟောတာ ပြောရဦးမယ်။ ခြေထောက်ခွဲထားလို့ပါ။ ဘောလုံးကန်လို့ ခြေထောက်ကျိုးတာ မဟုတ်ဘူး။ အင်္ဂလန်ကနေလာတာ ညောင်းလွန်းလို့ Botany Garden မှာ လမ်းသွားလျှောက်ရင်းနဲ့ အဲ့ဒီမှာ ချော်လဲသွားတာ။ ချော်လဲသွားတော့ ဒီမှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေ အများကြီးရှိတယ်။

 Ortho Surgeon ၆ ယောက်နဲ့ ခွဲသင့်မခွဲသင့် ဆွေးနွေးတယ်။ အဲ့ဒီထဲကမှ အကောင်းဆုံးကို ရွေးပြီးတော့ sport injury specialist တစ်ယောက်က ခွဲပေးတယ်။ ဒီလို skill တွေရှိအောင်ဆိုရင် တစ်ဦးချင်းအနေနဲ့ကြိုးစားတာလည်း ပါတယ်။ ဒါက society အတွက် လိုအပ်ချက်။

 နိဂုံးမချုပ်ခင်မှာ ဘုန်းဘုန်းက လိုချင်မှုဘက်ကို နည်းနည်းလေး ထပ်ပြီးတော့ ပြောချင်တယ်။ လိုချင်တာက ဘာ့ကြောင့်လိုချင်တာတုန်းဆိုတော့ စိတ်ထဲမှာ "ကိုယ်က ဒီဟာကို ရရင် ငါ့ဘဝ ပြည့်စုံမယ်။
ပျော်ရွှင်မယ်။ Happy ဖြစ်မယ်လို့ အဲ့ဒီလို မြင်လို့ အဲ့ဒီလို Perspection နဲ့ လိုချင်မှုတွေ တိုးလာတာ"။

 ဘုန်းဘုန်းက အင်္ဂလန်မှာ အကြာကြီးနေပေမယ့် အင်္ဂလိပ်လို မနေဘူး။ ဘုန်းကြီးကျောင်းလိုပဲ နေတာ။ အင်္ဂလိပ်အရာရှိတွေ ကျောင်းအလည်လာပြီး တရားလာထိုင်တယ်။

 အဲ့ဒါကို အင်္ဂလိပ်ဒကာတွေက "အရှင်ဘုရားတဲ့ ဒီ environment ကျောင်းရဲ့ အနေအထားကို နည်းနည်းပါးပါးပြန်ပြောင်းဦး" တဲ့။
"အရှင်ဘုရားတို့က ဝင်လာပြီဆိုရင် ဘုရားခန်းနဲ့ တရားထိုင်တဲ့နေရာပဲ ရှိတယ်"တဲ့။

 ဘုန်းဘုန်းက "အဲ့ဒါဆို ဘယ်လို လုပ်ရမှာတုန်း"လို့ ဆိုတော့ "ပြတင်းရဲ့ဘောင်ပေါ်မှာ ပန်းအိုးလေး ထားရတယ်" တဲ့။ သြော်… လိုအပ်ချက်တစ်ခု ပေါ်လာတယ်။

 အဲ့ဒီလိုလုပ်တဲ့အခါကျမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ အင်္ဂလိပ်အရာရှိတွေက ကျောင်းထဲဝင်လာရင် "They will feel at home, they will feel relax" - ကိုယ့်အိမ် ကိုယ့်နေရာ ရောက်သလို ခံစားရပြီး လွတ်လွတ်လပ်လပ် ရှိတယ်တဲ့။ အဲ့ဒီအခါကျမှ အရှင်ဘုရားက သူတို့နဲ့ စကားပြောရတာ လွယ်မှာတဲ့။

 ဘုန်းဘုန်းတို့က ဘုန်းကြီးကျောင်းဆိုပြီးတော့လေ လုပ်ချင်တိုင်းလုပ်လို့မရဘူး။ ကိုယ်က ကျောင်းဝယ်ထားတယ်ဆိုပြီ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။
Place of workship ဖြစ်အောင်လို့ အမျိုးမျိုး register လုပ်ရတယ်။ သူတို့က လာပြီး စစ်ပြီဆိုရင် ဒါမျိုးတွေ လိုအပ်တယ်တဲ့။

 နောက် .. ဘုန်းဘုန်းက စဉ်းစားတယ်။ တို့ကျောင်းကိုလာတဲ့ ဒကာမကြီးတွေက လုပ်တတ်တယ်။ ဒီမှာကြည့် ဘုရားခန်းရှေ့မှာလေ ပန်းတွေက ပေါလိုက်တာ ပြောမနေနဲ့။ ဒါပေမဲ့ တခါတခါ သူများထိုးထားတဲ့ပန်းကို ဖယ်ပြီးတော့ ကိုယ့်ပန်းကို ထည့်လိုက်တယ်လေ။ ဟုတ်တယ်မလား။

 "ကိုယ်ကုသိုလ်ရချင်တော့ တခြားသူ ကုသိုလ်ရချင်တာကို မေ့သွားတယ်"။ ဒါက လိုအပ်ချက်ကို ကျော်ပြီးတော့ လိုချင်မှု နယ်ပယ်ထဲကို ရောက်သွားတဲ့အချိန်မှာ သူက လောဘနဲ့မကတော့ဘူး။ ဒေါသပါလာတယ်။ Jealusy ပါလာတယ်။ အဲ့ဒါတွေ ဖြစ်လာတယ်။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့် ဘဝ၌အလိုမပြည့်သောအခါ တရားတော်အား ရေးသားမျှဝေပါသည်။

No comments:

Post a Comment