Thursday, 25 May 2017

"ဘဝမှာ အလိုမပြည့်သောအခါ" တရားတော် အပိုင်း (၆)

 "လိုအင်ဆန္ဒပြည့်မှုဆိုတာ ရှိလား၊ မရှိဘူးလား"ဆိုတာ ဟန်ဂေရီနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က ယောဂီတစ်ယောက်၊ ကျောင်းဆရာမကြီးတစ်ယောက် မေးဖူးတယ်။

 သူမေးတဲ့ မေးခွန်းကို ဘုန်းဘုန်း မဖြေဖူးဘူး။ တွေ့လည်း မတွေ့ဖူးဘူး။ အဲ့ဒီမေးခွန်းကို တွေ့တဲ့အခါကျတော့ I don’t quite know the answer. I am going to try my best. လို့ပြောလိုက်တယ်။ ဒီဟာကြီး မဖြေဖူးဘူး။ ဒါပေမဲ့ ဖြေဖို့ကြိုးစားမယ်လို့။

 သူ့မေးခွန်းက "What about unfulfill love? အချစ်မှာ အလိုဆန္ဒမပြည့်တာ။ ဒါကို သတိပဋ္ဌာန်နဲ့ ဘယ်လို ကူညီလို့ရမတုန်း"တဲ့။

 "ဒါ မဖြေဖူးဘူး။ ကြားလည်း မကြားဖူးဘူး"လို့ ဘုန်းဘုန်းသူ့ကို ပြောလိုက်တယ်။

 ဘုန်းဘုန်းမင်္ဂလာဆောင်တရား သွားဟောရင်လေ ပထမဆုံး ပြောတာကတော့ "Congratulations" ပြောတာပေါ့။

 အဲ့ဒါကို တရားတော်တော်များများ လာထိုင်တဲ့ ဒကာတွေက ပြောတယ်။ "အရှင်ဘုရား.. ဘာကို Congratulate လုပ်တာတုန်း"။ "အရှင်ဘုရား ဘုန်းကြီးလုပ်ပြီးတော့ သူများ မင်္ဂလာဆောင်တာကို ဘာ Congratulate လုပ်စရာရှိလို့တုန်း"တဲ့။

 ဘုန်းဘုန်းက ပြောတယ်။ "မင်္ဂလာဆောင်တာ သူတို့ ဒီလောက်သတ္တိရှိတာ.. သူတို့ရဲ့ သတ္တိကို congratulate လုပ်တာ"။ "အခု လူနှစ်ယောက်မင်္ဂလာဆောင်လိုက်ပြီ။ ဈေးသွားမယ်ဆိုရင်လေ တစ်ယောက်က ဟိုဘက်ဈေးသွားချင်တယ်။ တစ်ယောက်က ဒီဘက်ဈေးသွားချင်တယ်။ သူတို့က compromise လုပ်ရတာ။ ညှိနှိုင်းရတာ။ အဲ့ဒီ criteria သတ္တိတရားတွေကို ကြိုပြီးတော့ Congratulate လုပ်ထားတာ"လို့။

 တယ်လီဗေးရှင်းကြည့်ရင်လည်း တစ်ယောက်က ဒီသတင်းကြည့်ချင်တယ်။ တစ်ယောက်က ကိုရီးယားကား ကြည့်ချင်တယ်။ ဟန်ဆောင်ပန်ဆောင် တစ်ဦးကိုတစ်ဦး အလိုလိုက်ကြတယ်။ ဒါ့ကြောင့် ဘဝမှာ အလိုပြည့်တယ်လို့ လူတွေက ယူဆကြတယ်။ အလိုပြည့်တယ်ပေါ့။

 You feel very happy because you try to please each other. တစ်ယောက်ကိုတစ်ယောက် တစ်ယောက်အလိုကို တစ်ယောက်လိုက်တယ်လေ။

 နည်းနည်းလေး ကြာလာတဲ့အခါကျတော့ ... အခု နည်းနည်းအသက်ငယ်တဲ့သူတွေကိုတော့ မသိတော့ဘူး။ ဘုန်းဘုန်းတို့လို အသက်ငါးဆယ်ကျော်အရွယ်တွေ သိလောက်တယ်။ ငယ်ငယ်တုန်းက ကိုင်ဇာလား မေဆွိလားမသိဘူး။ ဒီသီချင်းကို ဆွမ်းခံသွားရင်းနဲ့ ကြားရတယ်။ ခဏခဏကြားရတယ် အဲ့ဒီသီချင်း.. ကိုင်ဇာဆိုတဲ့ သီချင်း မိုးရွာရင်မိုးရေချိုးမယ် ဆိုတဲ့သီချင်းကို ပဲခူးမှာလေ ဆွမ်းခံသွားတာ ဘယ်ရပ်ကွက်ပဲ သွားသွား ကြားရတယ်။

 နောက်.. မေဆွိဆိုတာ တစ်ခုက .. "အစောပိုင်းတုန်းက အကုန်လုံး အလိုလိုက်တယ်ပေါ့။ နောက်ပိုင်းကျတော့ ဆံပင်သွားညှပ်မယ်ဆို လိုက်မပို့တော့ဘူး။ ဘယ်သွားချင်တယ်ဆိုရင် လိုက်မပို့တော့ဘူး"။

 တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် "You take each other for guranted". တစ်ယောက်ရဲ့ မေတ္တာကို တစ်ယောက်က ဒါ ငါ့ဟာ..ဒါ ငါ့ယောက်ျား ငါ့မိန်းမလို့ ပေါ့ပေါ့တန်တန်ထားလိုက်တာ။

 အဲ့ဒါကြောင့် ဘုန်းဘုန်းက ဘာပြောလိုက်လဲဆိုတော့ "လောကြီးထဲမှာ အမြဲတမ်းပြောင်းလဲတဲ့ change အနိစ္စဆိုတာရှိတယ်။ ဒီအနိစ္စက နေရာတိုင်းကို သူက အုပ်စိုးတယ်။ ဒါ့ကြောင့် ဒီအနိစ္စသဘောတရားရဲ့ လှပမှုက ဘာလဲဆိုတော့ ကိုယ်လိုက်ပြီးတော့ လုံ့လဝီရိယစိုက်တယ်ဆိုရင် ဒီလုံ့လဝီရိယရဲ့ အကျိုးကို ခံစားနိုင်တယ်။ ကိုယ့်ရဲ့ လက်ထဲမှာ ရှိတယ်"လို့ ပြောတာ။

 အဲ့ဒါနဲ့ ဒီ မင်္ဂလာဆောင်ကာစ လူငယ်လေးတွေကို ဘာသြဝါဒပေးလဲဆိုတော့ 'မေတ္တာတရား နေ့တိုင်းပြန်ပြီးတော့ renew လုပ်ပါ"။ မြန်မာလိုဆို သက်တမ်းတိုးပါလို့ ပြောတာလား။ Renew မလုပ်ဘဲနဲ့ ပေါ့ပေါ့တန်တန်ထားတယ်ဆိုရင် လိုအပ်မှုက ရှိနေတယ်။

 အသိုင်းအဝိုင်းရဲ့လိုအပ်မှု၊ မိသားစုနဲ့နေတယ်ဆိုတဲ့လူတိုင်း လိုအပ်မှုက ရှိနေတယ်။ အဲ့ဒီလိုအပ်မှုကို ကိုယ်က သတိကင်းပြီးတော့ ဒီမေတ္တာတရားကို နေ့စဉ်ရေမလောင်းတဲ့အခါကျတော့ တစ်ဦးက လုပ်ပေးတဲ့ဟာတွေကို ကိုယ်က သိပ်ပြီးတော့ တန်ဖိုးမထားတော့ဘူး။

 တော်ရုံတန်ရုံ မိသားစု ကြားထဲမှာလေ .. သူတို့အချင်းချင်း THANK YOU မပြောကြတော့ဘူး။ ဘယ်လောက်ပဲ လုပ်ပေး လုပ်ပေး Thank you သိပ်မပြောတော့ဘူး။ မုဒိတာ ဖြစ်တာတွေ သိပ်မပြတော့ဘူး။

 မြတ်စွာဘုရားက ဘာပဲလုပ်လုပ် သာဓုခေါ်၊ အနုမောဒနာ ပြုပါဆိုတာ Appreciate လုပ်ခိုင်းတာ။
ကိုယ်က Appreciate မလုပ်ဘူး။ "ဒီအချိန်တန်ရင်တော့ ထမင်းစားမယ်။ ဒီအချိန်တန်ရင်တော့ စားပွဲပေါ်မှာ ထမင်းတွေ ဟင်းတွေ အဆင်သင့်ဖြစ်နေရမယ်" ဆိုတဲ့ ဒီလို expectation မျှော်လင့်ချက်မျိုးနဲ့ ကိုယ်ကလည်း ပိုလုပ်၊ သူကလည်း ပိုလုပ်ဆိုရင် နောက်ပိုင်းကျတော့ စကားများဖို့ပဲရှိတော့တယ်။

 တစ်ယောက်ကို တစ်ယောက် pleasing လုပ်တာ စိတ်ကျေနပ်အောင်လုပ်တယ်ဆိုတာ ဘယ်လောက်မှ မလုပ်နိုင်ဘူး။ လူတွေရဲ့ ခန္ဓာကိုယ် အင်အားအရင်းအမြစ်၊ စိတ်အင်အား အရင်းအမြစ်တွေ ဒါတွေအားလုံးက အတိုင်းအတာရှိတယ်။ limit ရှိတယ်။

 ဒါ့ကြောင့် မင်္ဂလာဆောင်ကာစ ကလေးတွေကို ဘုန်းဘုန်းက ဘာပြောလဲဆိုတော့ စိတ်လှုပ်ရှားမှု နဲ့ romantic မှာ romance မပါဘဲနဲ့ မေတ္တာတရားကို တွေးကြည့်ပါ။ imaging လုပ်ကြည့်ပါ။ ဒီလိုပုံစံမျိုးနဲ့ မေတ္တာတရားကို နားလည်နိုင်တယ်ဆိုရင် လင်မယားကြားထဲမှာ လိုအပ်မှုကနေ လိုချင်မှုထဲကို ရောက်မသွားနိုင်ဘူး။ ဒီပုံစံမျိုးနဲ့ နှစ်ယောက် အေးအေးချမ်းချမ်းနေနိုင်တယ်။

 အဲ့ဒီလို မဟုတ်ဘူးဆိုရင် ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လိုအပ်မှုအနေနဲ့ရော၊ မိသားစုလိုအပ်မှုအနေနဲ့ရော၊ တိုင်းပြည်တစ်ခုရဲ့ လိုအပ်မှုအနေနဲ့ရော မပြည့်နိုင်ဘူး။ အဲ့ဒါကိုပဲ ဘုန်းဘုန်းတို့က သမုဒ္ဒရာဝမ်းတစ်ထွာ ဖြစ်သွားတယ်။ ဝမ်းက တစ်ထွာလေးပဲ သမုဒ္ဒရာလောက်ကျယ်သွားတယ်ဆိုတာ ဖြည့်လို့မရတော့ဘူးလို့ ပြောတာ။

 ဘာလို့ ဖြည့်လို့မရတာလဲဆိုတော့ သူ့ရဲ့ လိုအပ်ချက်ကတော့ ဖြည့်လို့ရတယ်။ လိုချင်မှု ဖြစ်သွားလို့ ဖြည့်လို့မရတော့တာ။ Requirement ကနေ Desire ဖြစ်သွားလို့.. Need က နေ Want ဖြစ်သွားတယ်။

ဆက်ရန်-

>>>>>>>

နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ Arina Country Club၌ အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ (Ven. Dr. K. Dhammasami, Oxford) ဟောကြားတော်မူသည့်
ဘဝ၌အလိုမပြည့်သောအခါ  တရားတော်အား www.facebook.com/Sayardawsdhammatalkcollections  မှ  ဓမ္မဒါနပြုပါသည်။

No comments:

Post a Comment