Wednesday, 26 October 2016

ဝဋ္ဋသုတ်

၁။ ပုရေန္တံ ဗောဓိ-သမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋ ဇာတိယံ။
ယဿ      တေဇေန ဒါဝဂ္ဂိ၊ မဟာ သတံ္တ ၀ိဝဇ္ဇယိ။

၁။ သဗ္ဗညုတဥာဏ်တော်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘ၀က ငုံးငှက်မျိုးတွင် ဖြစ်ရလေ၏။ ဘုရားလောင်း ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။


၂။ ထေရဿ     သာရိပုတ္တဿ      ၊ လောက-နာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာ တေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ ဤပရိတ်တော်ကို ရှင်သာရိပုတ္တရာမထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့၏။ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလည်း လွန်စွာကြီး၏။ ယခုအခါ ထိုငုံးမင်း ပရိတ်ကို ကျွနု်ပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။


၃။ အတ္ထိ လောကေ သီလ ဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စ-ကိရိယ မုတ္တမံ။

၃။ လောကတွင် သီလ၏ ဂုဏ်ကျေးဇူးသည် ရှိပေ၏။ မှန်ကန်သော သစ္စာသည် ရှိပေ၏။ ကိုယ်ရေး၊ နှုတ်ရေး၊ စိတ်ရေး လုံးဝ စင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တ၀ါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော သစ္စာပြုခြင်းကို ငါဘုရားနုစဉ်က ပြုခဲ့ဖူးလေပြီ။


၎။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စ-ဗလ မ၀ဿာ ယ၊ သစ္စ-ကိရိယ မကာသဟံ။

၎။ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသော ဘုရားရှင်တို့ကို အောင်းမေ့သတိရပြီး သစ္စာ၏ အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။


၅။ သန္တိပက္ခာ အ-ပတနာ၊ သန္တိ ပါဒါ အ-၀ဉ္စနာ။
မာတာ ပိတာစ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။

၅။ အို တောမီး ငါ့မှာ အတောင်တို့ရှိပါသော်လည်း မပျံသန်းနိုင်သေးပေ၊ ငါတို့ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ။ ငါ၏ မိဘတို့သည်လည်း (ငါ့ကို ထား၍) ထွက်သွားကြလေပြီ။ အို … တောမီး ငါ့ကို ဖယ်ကြဉ်ပါလော့။


၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာ-ပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနီ၊ ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။

၆။ ချစ်သား သာရိပုတ္တရာ ဤကဲ့သို့ ငါဘုရားလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တစ်ပြိုင်နက် တောမီးသည်။ ရေသို့ရောက်၍ဖယ်ကြဉ်ရသကဲ့သို့  ငါ့ကို ဖယ်ကြဉ်လေ၏။ အရှိန်အလျှံကြီးမားလှသော တောမီးသည် မင်းပယ် (၁၆)ပယ်ခန့်မျှ ကွင်းလေ၏။ ချစ်သား သာရိပုတ္တရာ ငါ၏ သစ္စာတရားနှင့်တူသော တရားမည်သည် မရှိချေ။ ဤပါရမီကား ငါဘုရား၏ သစ္စာပါရမီပင် ဖြစ်တော့သည်။




No comments:

Post a Comment