Sunday 2 October 2016

ရတနသုတ်

၁။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ     ဒသ ပါရမိယော၊
ဒသ ဥပပါရမိယော၊ ဒသ ပရမတ္တ ပါရမိယောတိ၊ သမတိံ သ ပါရမိယော၊
ပဉ္စ မဟာပရိစ္စာဂေ၊ လောကတ္ထ စရိယံ ဉာတတ္ထ စရိယံ၊
ဗုဒ္ဓတ္ထ စရိယန္တိ တိေဿာ စရိယာယော၊ ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
ဇာတိံ အဘိ နိက္ခမနံ၊ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရ၀ိဇယံ၊
သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊ ဓမ္မစက္ကပ္ပ၀တ္တနံ၊
န၀ လောကုတ္တရဓမ္မေတိ၊ သဗ္ဗပိမေ ဗုဒ္ဓဂုဏေ၊
အာဝဇ္ဇေတွာ
ဝေသာလိယာ တီသု ပါကာရန္တ ရေသု၊
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
အာယသ္မာ အာနန္ဒတ္ထရော ၀ိယ၊
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ

၁) ဒီပင်္ကရာ ထွက်ချာသေဌ်နင်း တရားမင်း၏ ခြေရင်းတော်တွင် ဘုရားဆုကို တောင်းသည့်ကာလမှ အစပြု၍ မြတ်စွာဘုရား ဖြည့်ဆည်းပူးခဲ့သော ပါရမီ (၁၀)ပါး၊ ဥပပါရမီ (၁၀)ပါး၊ ပရမတ္ထပါရမီ (၁၀)အားဖြင့် အမျှ (၃၀)သော ပါရမီတို့ကို လည်းကောင်း၊ စွန့်ခြင်းကြီး ငါးပါးတို့ကို လည်းကောင်း၊ လောက၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဘုရားဖြစ်ခြင်း အကျိုးငှာ ကျင့်ခြင်းဟုသော စရိယသုံးပါးတို့ကိုလည်းကောင်း နောက်ဆုံးဘ၀တွင် အမိဝမ်းတွင်းတွင် ပဋိသန္မေယူတော်မူခြင်း၊ မွေးဖွားခြင်း၊ မြတ်သော တောထွက်ခြင်း၊ ပြင်းစွာသော လုံ့လဖြင့် ကမ္မဋ္ဌာန်းအကျင့်ကို ကျင့်ခြင်း၊ ဗောဓိပလ္လင်တွင် မာန်ငါးပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတဥာဏ်ကို ထိုးထွင်း သိမြင်ရရှိခြင်း၊ ဓမ္မစကြာတရားတော်မြတ်ကို ဟောကြားခြင်း၊ ကိုးပါးသော လောကုတ္တရာတရားတို့ကိုလည်းကောင်း၊ ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်အားလုံးတို့ကိုလည်းကောင်း၊ စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း သုံးထပ်တို့၏ အကြားတို့တွင် ညဥ့်သုံးယံ ကာလပတ်လုံး ပရိတ်ရွတ်ဖတ် အရံအတားပြုခဲ့သော အရှင်အာနန္ဒာ မထေရ်မြတ်ကဲ့သို့ (သတ္တ၀ါ)တို့အပေါ် သနားဂရုဏာ စိတ်ထားလျက် (ရတနသုတ်ပရိတ်တော်)ကို ရွတ်ဖတ်ကြပါကုန်စို့။

၂။ ကောဍီ သတဟေဿ     သု စက္က၀ါဠေသု ဒေ၀တာ။
ယဿာဏံ ပဋဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

၃။ ရောဂါ မနုဿ     ဒု ဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပ မန္တရ ဓာပေသိ၊ ပရိတ္တံ တံ ဘဏာမ ဟေ၊

၂-၃) ရတနသုတ် ပရိတ်တော်၏ အာဏာစက်ကို စကြာဝဠာ ကုဋေတစ်သိန်းတွင် ရှိကြကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်တွင် ကျရောက်သော အနာရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်း ဘေးဟူသော ဘေးအန္တရာယ်ကြီး သုံးမျိုးကို လျင်မြန်စွာ ကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါတွင် ဤရတနသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

၎။ ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ၀ါယာနိ ၀ အန္တလိက္ခေ။
သဗ္ဗေ၀ ဘူတာ သုမနာ ဘ၀န္တု ၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၎) မြေတွင် တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတိံသာနတ်တို့သည် လည်းကောင်း၊ ကောင်းကင်တွင် ဖြစ်ကုန်သော ယာမာ၊ တုသိတာစသော နတ်တို့သည် လည်းကောင်း၊ ဤပရိတ်ရွတ်ရာ နေရာအရပ်တွင် အညီအညွတ် ရောက်ရှိလာကြကုန်ပြီး နတ်ပရိသတ်အားလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်။ မြတ်စွာဘုရားဟောတော်မူခဲ့သော ပရိတ်တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။

၅။ တသ္မာ ဟိ ဘူတာ နိသာမေတ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၅) အို နတ်အပေါင်းတို့ ဤနေရာတွင် အညီအညွတ် အစည်းအဝေးရောက်ရှိကြသော အသင်နတ်အများ နားဆင်ကြပါကုန်။ လူတို့သည် နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်ပါ၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန်။ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။

၆။ ယံကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
နနော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၆) လူ့ပြည်တွင် ဖြစ်စေ၊ နဂါးပြည် ဂဠုန်ပြည်တွင် ဖြစ်စေ၊ နတ်ပြည်တွင်ဖြစ်စေ၊ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏။ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ။ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော် ကျေးဇူးတော်တို့နှင့် ပြည့်စုံသော ရတနာမြတ်ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တ၀ါအများ စီးပွားတိုးတက် ချမ်းသာကြပါစေ သတည်း။

၇။ ခယံ ၀ိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏိတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၇) သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ် ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ ကုန်ရာ ကင်းရာ မသေရာဖြစ်သော အမြတ်နိဗ္ဗာန်ကို သိရှိတော် မူလေ၏။ (လောကတွင်) ထိုနိဗ္ဗာန်ဓါတ်မြတ်နှင့် နှိုင်းတုစရာ ရတနာတစ်ခုမှ မရှိပါချေ။ နိဗ္ဗာန်သည် ကိလေသာ ကုန်စင်ခြင်း စသည့် ဂုဏ်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏။

ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သူတော်တကာ သတ္တ၀ါများ စီးပွားတိုးတက် ချမ်းသာကြပါစေသတည်း။

၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊ သမာဓိ မာနန္တရိက ညမာဟု၊
သမာဓိနာ တေန သမော န ၀ဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈) သောတာပတ္တိမဂ်ဖြင့်သိသော အပိုင်းအခြားကို မလွန်ဘဲ သိတတ်သော စင်လည်း စင်ကြယ်လှသော အရဟတ္တမဂ်နှင့် ယှဉ်သည့် သမာဓိကို မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။ မဂ်၏ အခြားမဲ့တွင် အကျိုးပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။

ထို အရဟတ္တမဂ် သမာဓိနှင့်တူသော မည်သည့် သမာဓိမျိုးမှမရှိချေ။ ထိုသမာဓိသည် စင်စစ်မြတ်လှ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တ၀ါအများ ပွားစီးတိုးတက် ချမ်းသာကြပါစေသတည်း။

၉။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ     သာဝကာ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉) အရိယာပုဂ္ဂိုလ် (၈)ယောက်တို့ကို ဘုရားအစရှိသော သူတော်ကောင်းအပေါင်းတို့ ချီးမွမ်းကြကုန်၏။ တစ်နည်းအားဖြင့် ပုဂ္ဂိုလ် (၁၀၈)ယောက်တို့သည် မြတ်စွာဘုရားချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြကုန်၏။ ပုဂ္ဂိုလ်အားဖြင့် (၈)ယောက် (၄)စုံ ဖြစ်ကြကုန်၏။

မြတ်စွာဘုရား၏ တပည့် သာဝက ဖြစ်ကြကုန်သော ထိုပုဂ္ဂိုလ် ရှစ်ယောက် (၁၀၈)ယောက်တို့သည် မြတ်သောအလှူကို ခံယူထိုက်ကြကုန်၏။ ထိုပုဂ္ဂိုလ်မြတ် (၈)ဦးတို့အား ပေးလှူသော အလှူဝတ္ထုတို့သည် အကျိုးများစွာ ရှိကြကုန်၏။ ဘုရားရှင် ချီးမွမ်းတော်မူသော ထိုအရိယာသံဃာ ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တ၀ါတို့အား စီးပွားတိုးတက် ချမ်းသာပါစေသတည်း။

၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ၀ိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀) ရဟန္တာ အရှင်မြတ်တို့သည် ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်တွင် ခိုင်မြဲပြင်းတန်သော စိတ်ဖြင့် ကောင်းစွာ အားထုတ်ကြ၍ ၀ဋ်ဒုက္ခမှလွတ်မြောက်ကြရလေသည်။ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ဖြစ်၍ ကိလေသာတို့မှကင်းကုန်လျက် နိဗ္ဗာန် ချမ်းသာကို ခံစားကြရကုန်၏။

အရဟတ္တဖိုလ်သို့ရောက်ကြရကုန်၏။ ရဟန္တာ အရိယာသံဃာတော်တည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တ၀ါတို့အား တိုးတက် ချမ်းသာကြပါစေသတည်း။

၁၁။ ယထိန္ဒခီလော ပထ၀ိဿိေ   တာ သိယာ၊
စတုဗ္ဘိ ၀ါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿ     တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၁) မြေတွင် မြုပ်ထားသော ကျောက်စာတိုင်သည် အရပ်လေးမျက်နှာမှ လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် တုန်လှုပ်ခြင်း မရှိချေ။ အရိယာသစ္စာလေးပါးကို သောတာပတ္တိမဂ်ဥာဏ်ဖြင့် သက်ဝင်၍ သိမြင်ပြီးသော သောတာပန် ပုဂ္ဂိုလ်ကို ထိုကျောက်စာတိုင်နှင့် တူ၏ဟူ၍မြတ်စွာဘုရား ဟောကြားတော် မူလေ၏။ ဤသို့လျှင် တုန်လှုပ်ခြင်းကင်းသော သောတာပန် အရိယာ သံဃာတည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တ၀ါတို့အား စီးပွားတိုးတက် ချမ်းသာကြပါစေသတည်း။

၁၂။ ယေ အရိယသစ္စာနိ ၀ိဘာဝယန္တိ၊
ဂမ္ဘီရ ပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘ၀ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၂) နက်နဲသော ပညာရှိသော မြတ်စွာဘုရားသည် ကောင်းစွာဟောကြားတော်မူထားသော အရိယာသစ္စာတို့ကို သိမြင်ပြီးဖြစ်၍ သတ္တက္ခတ္တုပရမသောတာပန် (ခုနှစ်ဘ၀ကျန် သောတာပန်) တို့သည် တရားကို ပွားများ အားထုတ်ရန် လွန်စွာ မေ့လျော့နေပါငြားသော်လည်း ရှစ်ဘ၀မြောက်အထိ မဖြစ်တော့ချေ။ (ခုနှစ်ဘ၀မှာပင် သတိပြန်ရ တရားအားထုတ် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံဝင်လေသည်) ဤသို့လျှင် ရှစ်ကြိမ်မြောက်ဘ၀ကို ယူခြင်းမရှိသော သတ္တက္ခတ္တုပရမသောတာပန်တည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်သော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းသော အစီးအပွားဖြစ်ထွန်းပါစေသတည်း။

၁၃။ သဟာဝဿ     ဒဿန   သမ္ပဒါယ၊
တယဿု     ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယ ဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။

၁၃) အတ္တဟူသော မိမိကိုယ်ရှိ၏ဟူ၍ ခံယူခြင်း၊ ရှစ်ပါးသော ဋ္ဌာနတို့တွင် ယုံမှားခြင်း နွားလို၊ ခွေးလို ကျင့်ကြံခြင်းဖြင့် သံသရာမှလွတ်မြောက်နိုင်၏ဟု အထင်မှားခြင်း၊ ဤအမှားသုံးရပ်ကို သောတာပန် ပုဂ္ဂိုလ်သည် သောတာပန် ဖြစ်လျင်ဖြစ်ခြင်း ပယ်စွန့်ပြီး ဖြစ်လေ၏။ မည်သည့်မှားသော အယူကို မဆို ပယ်စွန့်လေ၏။

၁၄။ စတူဟပါယေဟိ စ ၀ိပ္ပမုတ္တော၊
ဆစ္စာဘိ ဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၄) ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးပါးမှလွတ်လေ၏။ လွန်ကဲသော အကြောင်းခြောက်ရပ်တို့ကိုလည်း မပြုထိုက်တော့ပေ။ ဤသို့လျှင် အယူမှား အယုံမှား တရားသုံးပါးကို ပယ်နိုင်သော သောတာပန် အရိယာသံဃာ ရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တ၀ါတို့အား ကောင်းကျိုးချမ်းသာ ဖြစ်လာပါစေသတည်း။

၁၅။ ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊
ကာယေန ၀ါစာ ဥဒ စေတသာ ၀ါ။
အဘဗ္ဗသော တဿ     ပဋိစ္ဆဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ     ၀ုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စာန သုဝတ္ထိ ဟောတု။

၁၅) သောတာပန် ပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ထဲက ဖြစ်စေ မကောင်းမှု တစ်ခုခုကို အကယ်၍ ပြုမိငြားအံ့ သူသည် ထို မကောင်းမှုကို ဖုံးကွယ်ဖို့ရာ မကျိုးစားတော့ချေ။ သောတာပန်ဟူသည် နိဗ္ဗာန်ကို မဂ်ဥာဏ်ဖြင့် မြင်ပြီးသူဖြစ်၍ မကောင်းမှုကို သိုဝှက်ခြင်း မရှိတော့ကြောင်း ဟောကြားတော်မူခဲ့၏ ။

ဤသို့လျှင် ပြုမိသော မကောင်းမှုကို ဖုံးကွယ်ခြင်း မရှိသော သောတာပန် သံဃာတည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။ ဤမှန်ကုန်သော သစ္စာစကားကြောင့် သတ္တ၀ါတို့အား ချမ်းသာသုခ ဖြစ်ပါစေသတည်း။

၁၆။ ၀နပ္ပဂုမ္ဗေ ယထ ဖုဿိ     တဂ္ဂေ၊
ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မ၀ရံ အဒေသယိ၊
နိဗ္ဗာနဂါမိံ ပရမံ ဟိတာရ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၆) နွေဥတု လေးလတွင် အဦးအစဖြစ်သော (တပေါင်းလပြည့်ကျော် တစ်ရက်မှ တန်ခူးလပြည့်ကျော်အထိ) နွေလအတွင်းတွင် အပင်တိုင်း အပင်တိုင်း ပင်လုံးကျွတ် ပွင့်လျက်ရှိသော တောအုပ်သည် အသရေ ရှိလှဘိသကဲ့သို့ ထို တောအုပ်နည်းတူ အသရေ ရှိလှသော နိဗ္ဗာန်သို့လည်း ရောက်စေတတ်သော ပရိယတ္ထိတရားတော်ကို မြတ်သော လောကုတ္တရာအကျိုးစီးပွားအတွက် မြတ်စွာဘုရား ဟောကြားတော် မူခဲ့လေသည်။ ယင်းသို့ ဟောကြားတော်မူသော ဒေသနာတော်ရှင် ဘုရားရတနာတော်သည်လည်း မွန်မြတ်လှပေ၏။  ဤသို့ မှန်သော သစ္စာစကားကြောင့် သတ္တ၀ါအပေါင်းအား ကောင်းသော စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၁၇။ဝရော ၀ရညူ ၀ရဒေါ ၀ရာဟရော။
အနုတ္တရော ဓမ္မ၀ရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၇) မိမိကိုယ်တိုင် မြင့်မြတ်တော်မူ၍မြတ်သော တရားကိုလည်း သိမြင်တော်မူသော လောကုတ္တရာ တရားမြတ်ကိုလည်း သတ္တ၀ါတို့အား ပေးတော်မူတတ်သော မြတ်သော အကျိုးစီးပွားကိုလည်း ဆောင်ကြဉ်းတော် မူတတ်သော မိမိထက် သာလွန်သူ မရှိသော မြတ်စွာဘုရားသည် မြတ်သော တရားတော်ကိုပင် ဟောကြားတော်မူလေ၏။ ဤသို့လျှင် သတ္တ၀ါတို့၏ အိနြေ္ဒ အနုအရင့်ကို သိရှိ နားလည်လျက် တရားမြတ်ကို ဟောကြားတတ်သော ဘုရားတည်းဟူသော ရတနာသည်လည်း မြတ်လှပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တ၀ါတိုင်း ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း။

၁၈။ ခီဏံ ပုရာဏံ န၀ နတ္ထိ သမ္ဘ၀ံ၊
ဝိရတ္တစိတ္တာ ယတိကေ ဘ၀သ္မိံ။
တေ ခီဏဗီဇာ အ၀ိရုဠှိ စန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၈)ရဟန္တာအရှင်သူမြတ်တို့သည် တမလွန် ဘ၀ကို လှမ်း၍ တပ်မက်ခြင်းစိတ် မရှိကုန်။ ရဟန္တာတို့အား ရှေ့ရှေ့သော ဘ၀များစွာက ပြုလုပ်အားထုတ်ခဲ့ဖူးသည့် ကံဟောင်း ကံကြွင်းဟူသမျှ ကံလေပြီ။ ဘ၀သစ်တွင် ဖြစ်စရာကလည်း မရှိတော့ပေ။ ပညာဥာဏ်လည်း ရင့်သန်ကြီးမားကြကုန်၏။ ထိုရဟန္တာ အရှင်သူမြတ်တို့သည် (သေသောအခါ) ဤဆီမီးသည် ငြိမ်းလေသကဲ့သို့ ငြိမ်းတော် မူကြကုန်၏ ဤသို့လျှင် ဘ၀သစ်ဖြစ်ပြန်ခြင်း မရှိသော  ရဟန္တာ သံဃာတော်မြတ် ရတနာသည်လည်း မြတ်လှပေ၏။

ဤမှန်သော သစ္စာစကားကြောင့် သတ္တ၀ါအပေါင်းအား ကောင်းသော အကျိုးစီးပွားဖြစ်ထွန်ကြပါစေသတည်း။

၁၉။ ယာနီဓ ဘူတာနိ သမာဂထာနိ၊
ဘုမ္မာနိ ၀ါယာနိဝ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿ     ပူဇိတံ။
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

၁၉ ) မြေနှင့်စပ်၍တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတ္တိံသာ နတ်တို့သည်လည်းကောင်း၊ ကောင်းကင်တွင် ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည် လည်းကောင်း၊ ဤအရပ် ဤဒေသတွင် ညီညွတ်ပေါင်းစုံမိကြကုန်၏။

ကျွန်ုပ်တို့ နတ်အပေါင်းက ရှေးရှေးသော ဘုရားရှင်များ နည်းတူ ပွင့်တော်မူလာသော နတ်လူအပေါင်းတို့က ပူဇော်ထိုက်သော မြတ်စွာဘုရားကို ရှစ်ခိုးကြကုန်၏။ သတ္တ၀ါအပေါင်းအား ကောင်းသော အကျိုးစီးပွား ဖြစ်ပါစေသတည်း။

၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ
ဘုမ်မာနိ ၀ါ ယာနိဝ အန္တလိက္ခေ၊
တထာဂတံ ဒေ၀မနုဿ     ပူဇိတံ။
ဓမ်မံ နမဿာမ သုဝတ္ထိ ဟောတု။

၂၀) မြေနှင့်စပ်၍တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတ္တိံသာ နတ်တို့သည်လည်းကောင်း၊ ကောင်းကင်တွင် ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည် လည်းကောင်း၊ ဤအရပ် ဤဒေသတွင် ညီညွတ်ပေါင်းစုံမိကြကုန်၏။

ကျွန်ုပ်တို့ နတ်အပေါင်းက ရှေးရှေးသော ဘုရားရှင်များ ဟောကြားသည့်နည်းတူ ဟောကြားခဲ့သော လူအပေါင်း နတ်အပေါင်းတို့က နှစ်ထောင်းအားရစွာ ပူဇော်ထိုက်သော တရားတော်မြတ်ကို ရှစ်ခိုး ဦးညွတ်ကြကုန်၏။ သတ္တ၀ါအပေါင်းလည်း ချမ်းသာသုခ ရှိကြပါစေသတည်း။

၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ်မာနိ ၀ါ ယာနိဝ အန္တလိက္ခေ၊
တထာဂတံ ဒေ၀မနုဿ     ပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။

၂၁) မြေနှင့်စပ်၍တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတ္တိံသာ နတ်တို့သည်လည်းကောင်း၊ ကောင်းကင်တွင် ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည် လည်းကောင်း၊ ဤအရပ် ဤဒေသတွင် ညီညွတ်ပေါင်းစုံမိကြကုန်၏။

ကျွန်ုပ်တို့ နတ်အပေါင်းက ရှေးရှေးသော ဘုရားရှင်များခေတ်မှာကဲ့သို့ ကောင်းစွာပေါ်ပေါက်လာသော နတ်လူတို့က ပူဇော်ထိုက်သော သံဃာတော်မြတ်ရတနာကိုလည်း ဦးညွတ်ရှိခိုးကြကုန်၏။ သတ္တ၀ါတို့အား ကောင်းသော အကျိုးစီးပွားဖြစ်ထွန်းပါစေသတည်း။



No comments:

Post a Comment