Monday 24 October 2016

ခန္ဓသုတ်

၁။ သဗ္ဗာသီဝိသဇာတီနံ၊
ဒိဗ္ဗမန္တာဂဒံ ၀ိယ။
ယံ နာသေတိ ၀ိသံ ဃောရံ
သေသဉ္စာပိ ပရိဿ      ယံ။

၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊
သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၁-၂ ။ ဤခန္မသုတ်ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။ အာဏာခေတ်ဟုခေါ်သော စကြာဝဠာ ကုဋေတစ်သိန်းအတွင်းတွင် သတ္တ၀ါအများရှိကြ၏။ မြွေနှင့် ကျန်သော သတ္တ၀ါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထို ပရိတ်တော်ကို ယခုအခါ ကျွနု်ပ်တို့ စုဝေးရွတ်ဆိုကြပါကုန်စို့။


၃။ ၀ိရူပက္ခေဟိ မေ မေတ္တံ။
မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတံ၊
မေတ္တံ ကဏှာဂေါတမကေဟိ စ။

၃။ ၀ိရူပက္ခနဂါးမင်းနှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ၊ ဧရာပထနဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်း မေတ္တာသည် ဖြစ်ပါစေ၊ ဆဗျာပုတ္တနဂါးမင်းတို့နှင့် အတူတကွ ကျွနု်ပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ၊ ကဏှာနဂါးမင်းတို့နှင့် အတူတကွ ကျွနု်ပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။


၎။ အပါဒကေဟိ မေ မေတ္တံ၊
မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊
မေတ္တံ ဗဟုပ္ပဒေဟိ မေ။

၎။ အခြေမဲ့သော သတ္တ၀ါ၊ အခြေနှစ်ချောင်းရှိသော သတ္တ၀ါ၊ အခြေလေးချောင်းရှိသော သတ္တ၀ါ၊ ခြေထောက်များစွာရှိသော သတ္တ၀ါ၊ ဤသတ္တ၀ါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် အတူတကွ ဖြစ်ပါစေသတည်း။


၅။ မာ မံ အပါဒကော ဟိံသိ၊
မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊
မာ မံ ဟိံသိ ဗဟုပ္ပဒေါ။

၅။ အခြေမဲ့သော သတ္တ၀ါဟူသမျှသည် ကျွနု်ပ်ကို မညှင်းဆဲစေသတည်း။ အခြေနှစ်ချောင်းရှိသော သတ္တ၀ါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တ၀ါဟူသမျှသည် ကျွန်ုပ်ကို မညှင်ငးဆဲစေသတည်း။ ခြေထောက်များစွာရှိသော သတ္တ၀ါဟူသမျှတို့သည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။


၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊
သဗ္ဗေ ဘူတာ စ ကောဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊
မာ ကဉ္စိ ပါပ မာဂမာ။

၆။ အာရုံငါးပါးကို ခုံမင်တတ်သော သတ္တ၀ါအားလုံးတို့သည် လည်းကောင်း၊ အသက်ရှူရိုက်သော သတ္တ၀ါအားလုံးတို့သည် လည်းကောင်း၊ ကိုယ်ကာယ အထင်အရှားဖြစ်သော သတ္တ၀ါတို့သည် လည်းကောင်း၊ သတ္တ၀ါတိုင်း သတ္တ၀ါတိုင်းသည် အကောင်းအမြတ်တို့ကိုသာ မြင်ကြပါစေ၊ အနည်းငယ်မျှသော မကောင်းမှုသို့ မရောက်ကြပါစေနှင့်။


၇။ အပ္ပမာဏော ဗုဒ္ဓေါ၊
အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော
ပမာဏာဝန္တာနိ သရီသပါနိ။
အဟိ ၀ိစ္ဆိကာ သတပဒီ၊
ဥဏ္ဏနာဘီ သရဗူ မူသိကာ။

၇။ (ကိလေသာသည် နှိုင်းယှဉ်စရာ အကြောင်းပမာဏဖြစ်၏) မြတ်စွာဘုရားသည် ပမာဏပြုစရာ ကိလေသာမရှိ၊ တရားတော်လည်း ပမာဏပြုစရာ ကိလေသာမရှိ၊ သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ၊ ကင်း၊ သန်း၊ မြွေ၊ ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊ ကြွက်စသော သတ္တ၀ါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။


၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ
ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂ၀တော။
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၈။ ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီးစ၊ အရံအတားကို ပြုအပ်ပြီး၊ သတ္တ၀ါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွနု်ပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ၀ိပဿီ      စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ် ရှိခိုးပါ၏။

ခန္မသုတ်ပြီးပါပြီ။



No comments:

Post a Comment