Wednesday 26 October 2016

မောရသုတ်

၁။ ပူရေန္တံ ဘောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊
မဟာသတ္တံ ၀နေစရာ။

၂။စိရဿံ      ၀ါယမန္တာပိ၊
နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၁-၂။ သဗ္ဗညုတဥာဏ်တော်၏ အခြေခံအဆောက်အဦးဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုးတွင် ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီရင်ထားလေသည်။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ဖမ်း၍ မရနိုင်ကြကုန်၊ ဤမောရပရိတ်ကို မြတ်သော မန္တရားဟူ၍ပင် မြတ်စွာဘုရားဟောကြားခဲ့၏။ ယခုအခါ ဤမောရပရိတ်တော်ကို ကျွနု်ပ်တို့ စုပေါင်းရွတ်ဆိုကြကုန်စို့။


၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ယရိဿ     ၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿ     ၀ဏ္ဏံ
ပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ၊

၃။ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်းဖြစ်သည်။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တစ်ခုလုံးကို ထွန်းပသော အလင်းရောင်လည်း ရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွနု်ပ်သည် ရွှေဆင်းရှိသော မြေပြင်တွင် ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့ တစ်နေ့လုံး အသင်နေမင်း၏ အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။


၎။ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တာယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧ သနာ။

၎။ မြတ်စွာဘုရားတို့မည်သည်မှာ မကောင်းမှုဟူသမျှကို အပပြုကုန်ပြီးဖြစ်၏။ တရားအားလုံးကို သိမြင်တော်မူကြပြီးဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွနု်ပ်ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွနု်ပ်ကို စောင့်ရှောက်ကြပါစေသတည်း၊ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။  အရဟတ္တမဂ်ဥာဏ်၊ သဗ္ဗညုတဥာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှကင်းလွတ်ကုန်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တဖိုလ်တရားအားလည်း ရှိခိုးပါ၏။ ဦးညွတ်ပါ၏။

ဤသို့လျှင် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှအစာရှာထွက်လေ၏။


၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿ      ၀ဏ်ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿ      ၀ဏ္ဏံ
ပထ၀ိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။

၅။ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်း ဖြစ်၏။ ရွှေအဆင်းအရောင်လည်းရှိ၏။ မြေပြင်တွင်လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွနု်ပ်သည် ရွှေအဆင်းရှိသော မြေပြင်တွင် တောက်ပသောအရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု တစ်ညဥ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ်နေပါအံ့။


၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဘောဓိယာ။
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ၀ါသ မကပ္ပယိ။

၆။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွှတ်ရှိခိုးပါ၏။ ထိုဘုရားရှင်တို့သည် ကျွနု်ပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များလည်းကောင်း၊ အရဟတ္တဂ်ဥာဏ်၊ သဗ္ဗညုတဥာဏ်တော်အားလည်းကောင်း၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ အရဟတ္တဖိုလ်တရားအားလည်းကောင်း ကျွန်ုပ်ရှိခိုးပါ၏။ ဦးညွတ်ပါ၏။

ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြု၍ ညဥ့်အခါတွင် နေလေ၏။

မောရသုတ်ပြီးပါပြီ။



No comments:

Post a Comment