Saturday 1 October 2016

မင်္ဂလသုတ်

၁။ ယံ မင်္ဂလံ ဒွါဒသ ဟိ၊ စိန္တယိံ သု သဒေ၀ကာ၊
သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။

၁) မည်သည့်တရားသည် မင်္ဂလာတရားနည်းဟူ၍ လူနှင့် နတ်တို့သည် တစ်ဆယ့်နှစ်နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ။ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာတရားပေါင်း ၃၈ပါးရှိလိမ့်မည်ဟူ၍လည်း မသိမမြင်နိုင်ခဲ့ကြပေ။

၂။ ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။

၂) လူတစ်ယောက်စီ တစ်ယောက်စီသော်လည်းကောင်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက် လည်းကောင်း၊ နတ်တစ်ပါးစီ တစ်ပါးစီထက်လည်းကောင်း၊ နတ်အားလုံးထက် လည်းကောင်း၊ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရှုလျက် မင်္ဂလာတရား ၃၈ပါးကို ထုတ်ဖော်ဟောကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်းအပေါင်းတို့နှင့်အတူ ကျွန်ုပ်တို့သည် ထို မင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ် ပူဇော်ကြပါကုန်စို့။

၃။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ၊ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ      အာရာမေ။
အထခေါ အညတရာ ဒေ၀တော အဘိက္ကန္တ ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ၊ တေနုပသင်္ကိမ။
ဥပသင်္ကိမတွာ ဘဂ၀န္တံ – အဘိဝါဒေတွာ။
ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဋ္ဌိထာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

၃) ပထမ သံဂါယနာပွဲတော်ကြီး၏ သံဃဥက္ကဋ္ဌဖြစ်တော်မူသော မဟာကဿ     ပ အရှင်ဘုရား - ဤမင်္ဂလသုတ်တော်ကို အကျွန်ုပ်အာနန္ဒာသည် နောင်တော်မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ ကြားနာလိုက်ရပါ၏။ မှတ်သားလိုက်ရပါ၏။ ဆောင်ထားလိုက်ရပါ၏။

အခါတပါးတွင် မြတ်စွာဘုရားသည် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေပါသည်။ ဇေတ၀န်ကျောင်းသည် အနာထပိဏ်သူဋ္ဌေးကြီး ဆောက်လုပ်လှူဒါန်းသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းသော ကျောင်းတော်ကြီး ဖြစ်ပါသည်။ တညတွင် ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံအရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတစ်ပါး ရောက်လာပါသည်။ သူသည် အလွန် နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတ၀န်ကျောင်းတိုက် တစ်ခုလုံးကိုလည်း သူ၏ ကိုယ်မှအရောင်အ၀ါဖြင့် ထွန်းလင်းစေပါသည်။

ယင်းသို့ ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင်ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာဘုရားကို အလွန်ရိုသေ လေးမြတ်စွာ ရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျောက်ပတ်သောနေရာတွင် မတ်တပ်ရပ်လျက်နေပါသည်။ ယင်းသို့ နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်။

၎။ ဗဟူ ဒေ၀ါ မနုဿာစ၊ မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။

၎) ဘုန်းတော်ကြီးမြတ်လှသော မြတ်စွာဘုရား နတ်အပေါင်းတို့သည်လည်းကောင်း၊ လူအပေါင်းတို့သည်လည်းကောင်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည်။ တောင့်တကြသည်ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော် ဖြစ်သလဲဟူ၍ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည် ဘုရား။
ယင်းသို့ ကြံစည်တွေးဆ ကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှ တွေးကြံ၍ မသိနိုင်ကြပါဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရားဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်ထုတ်ဖော်၍ ဟောကြားတော်မူပါ ဘုရား။

မြတ်စွာဘုရား၏ ဟောကြားချက်

၅။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၅) အို… နတ်သား
သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲ ဆည်းကပ်ခြင်း ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရား သုံးပါး မြတ်သော မင်္ဂလာဟူ၍ သင်မှတ်သားလော့။

၆။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၆) အို…နတ်သား
တင့်အပ်လျှောက်ပတ်သော အရပ်ဒေသတွင် နေခြင်း၊ ရှေးဘ၀က ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။

၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုကိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ။
ဧတံ မင်္ဂလ မုတ္တမံ။

၇) အို…နတ်သား
အကြားအမြင် ဗဟုသုတရှိခြင်း၊ စက်မှု လက်မှုစသော သိပ္ဗံပညာတတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ၀ိနည်းတရားကို ကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကို ပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။

၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ     သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၈) အို…နတ်သား
အမိအဘကို လုပ်ကျွေး မွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ပေးကမ်း ချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်မျိုးကို လုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

၉ ) အို…နတ်သား
အလှူပေးခြင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသော အလုပ်ကို လုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။

၁၀။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၀) အို…နတ်သား
မကောင်းမှုဟူသမျှဝေးဝေးရှောင်နိုင်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့် ကောင်းမှု အလုပ်တို့ကို မပြတ် သတိရပြီး မမေ့မလျှော့ ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။


၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿ     ၀နံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၁) အို…နတ်သား
ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊ ကိလေသာ အာရုံ ကာမဂုဏ်တို့တွင် ရောင့်ရဲလွယ်ခြင်း၊ သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင်မှတ်ဦးလော့။

၁၂။ ခန္တီစ သောဝစဿ     တာ၊ သမဏာနဉ္စ ဒဿ     နံ၊ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၂) အို…နတ်သား
သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်း ရဟန်းပုဏ္ဍားတို့အား ဖူးမြော်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။

၁၃။ တပေါ စဗြဟ္မစရိယဉ္စ အရိယာသစ္စာန ဒဿ     နံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၃) အို….နတ်သား
ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။

၁၄။ ဖုဋ္ဌဿ     လောကဓမ္မေဟိ၊ စိတ္တံ ယဿ     န ကမ္ပတိ၊ အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၄) အို….နတ်သား
လောကဓံ ရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာ အရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏။ ဘေးကင်း၏။ ဤတရားလေးပါးတို့သည် မြတ်သော မင်္ဂလာဟူ၍ သင် မှတ်ဦးလော့။

၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

၁၅) အို….နတ်သား
ဤကဲ့သို့သော ၃၈-ပါး မင်္ဂလာတရားကို လက်တွေ့လိုက်နာ ကျင့်ကြံပြုလုပ်ထားသည့် အတွက်ကြောင့် မည်သည့်နေရာတွင် နေနေ မိမိအား ရန်သူတို့က မအောင်နိုင် ကိစ္စခပ်သိမ်းတွင် ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို ၃၈-ပါးသော တရားသည်သာလျှင် လူတကာ၊ နတ်တကာတို့အတွက် မြတ်သောမင်္ဂလာဖြစ်ကြောင်း၊ သင်မှတ်သားလေလော့။

***မင်္ဂလသုတ္တံ နိဋ္ဌိတံ။***



No comments:

Post a Comment