Friday 30 September 2016

ပရိတ်နိဒါန်း

၁။ သမန္တာ စက္က၀ါဠှေသု၊ အတြာဂစ္ဆန္ထုဒေ၀တာ။
သဒ္ဓမ္မံ မုနိရာဇဿ    ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

၁) လူတို့နေထိုင်လျက်ရှိသော ဤစကြ၀ဠာနှင့်အတူ တွဲဖက်တည်ရှိသော ပတ်ဝန်းကျင် စကြ၀ဠာတစ်သောင်းမှ သောင်းလောကဓါတ် နတ်မြတ်အပေါင်းတို့ ရဟန်းတို့၏ မင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ နတ်ရွာနိဗာန် ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော သူတော်ကောင်းတရား (ပရိတ်တရား)ကို နာကြား အံ့သောငှာ ဤနေရာ ဤဒေသသို့ လာရောက်ကြပါကုန်လော့ လာရောက်၍ နာယူကြပါကုန်လော့။

၂ ဓမ္မဿ     ၀နကာလော အယံ ဘဒ္ဒန္တာ

၂) အို သောင်းလောကဓါတ် နတ်မြတ်အပေါင်းတို့ ယခုအခါသည်ကား မြတ်စွာဘုရား၏ တရားတော်ကို နာကြားရမည့် မင်္ဂလာအခါတော် ဖြစ်လေသည်။

၃။ နမော တဿ     ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၃) ကျွနု်ပ်တို့သည် ပစ္စည်းလေးပါး အလှူကို ခံယူတော်မူထိုက်သော၊ လူသူလေးပါး မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာနေရာတွင် ဖြစ်စေကာမူ မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ခြင်း အလျှင်းမရှိသော၊ ကိလေသာတို့ကို အပြီးသတ်ဖယ်ရှားပြီး မိမိအလိုလို ကိုယ်တော်တိုင် သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်း သိမြင်တော်မူပြီးသော ဘုန်းတော်အနန္တ၏အရှင် ဘုရားသခင်အား ဦးညွှတ် ရှိခိုးကြပါကုန်၏။

၎။ ယေ သန္ထာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထ လောကန္တရေ၀ါ။ ။ ဘုမ္မာ ဘုမ္မာစ ဒေ၀ါ, ဂုဏ ဂဟ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။
ဧတေ အာယန္တု ဒေ၀ါ, ၀ရ ကနကမယေ, မေရုရာဇေ ၀သန္တော။ ။ သန္တောသန္တောသ ဟေတုံ, မုနိဝရ၀စနံ, သောတုမဂံ္ဂ သမဂ္ဂါ။

၎) ဤစကြာဝဠာတွင် လည်းကောင်း၊ ပြင်ပစကြ၀ဠာများတွင်လည်းကောင်း၊ နေထိုင်လျက်ရှိကြကုန်သော ကိုယ်အိနြေ္ဒလည်း ငြိမ်သက်၊ စိတ်ဓါတ်လည်း ငြိမ်းသက်လျက် ရှိကြကုန်သော ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာ ကျေးဇူးတို့ကို ရရှိနိုင်ရင် အမြဲတမ်း လုံ့လစိုက်လျက် ရှိကြသော ဘုမ္မစိုးနတ် (မြေမှီနတ်)၊ အာကာစိုးနတ် (ကောင်းကင်နေနတ်) အပေါင်းနှင့်တကွ မြတ်သော ရွှေစိုင်အတိပြီးသော မြင်းမိုရ်တော်မင်းတွင် မှီတင်းနေကြသော နတ်သူတော်ကောင်းအပေါင်းတို့သည် သောကကင်းဝေး နေထိုင်ရေးအတွက် ရောင့်ရဲလွယ်ခြင်း၏ အကြောင်းဖြစ်သော ဘုရားစကားတော်မြတ်ကို နာယူပန်ဆင်ရန်အလို့ငှာ တညီတညွတ်တည်း စုဝေးရောက်လာကြပါကုန်လော့။

၅။ သဗ္ဗေသု စက္က၀ါဠေသု၊ ယက္ခာ ဒေ၀ါ စ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

၆။ သဗ္ဗေတံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ၀ိသေသတော။

၅၊ ၆) စကြာဝဠာဟူသမျှတွင် ဘီလူးများ၊ နတ်များနှင့် ဗြဟ္မာများ ရှိကြကုန်သည်ပင် ဖြစ်၏။ ကျွန်ုပ်တို့သည် စည်းစိမ်ချမ်းသာအလုံးစုံကို ဖြစ်ပေါ်စေနိုင်သည့် ကောင်းမှုကုသို်လ်ကို ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ အသင်ဘီလူး၊ နတ်၊ ဗြဟ္မာတို့သည် ကျွန်ုပ်တို့ ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ၀မ်းမြောက် ကြည်နူးကြပါ။ ကျွန်ုပ်တို့နှင့် တစိတ်တ၀မ်းတည်းထားကာ မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်တွင် မွေ့လျော်နှစ်ခြိုက်ကြပါ။
စောင့်ရှောက်ထိုက်သူများအား စောင့်ရှောက်ကြည့်ရှု့ရသည့် သင်တို့၏ လုပ်ငန်းတို့ကို မမေ့မလျော့ အထူးဆောင်ရွက်တော်မူကြပါ။

၇။ သာသနဿ     စ လောကဿ၊     ၀ုဍ္ဎီ ဘ၀တု သဗ္ဗဒါ။
သာသနမ္ပိ စ လောကဉ္စ၊ ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ။

၇) မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်မြတ်ကြီးသည် လည်းကောင်း လူတို့၏ ကမ္ဘာလောကကြီးသည် လည်းကောင်း ထာဝရ တိုးတက်ကြီးမြင့်ပါစေ၊ သာသနာတော်နှင့် လူ့လောကကို နတ်အပေါင်းတို့က အမြဲမပြတ် ကြည့်ရှု့ စောင့်ရှောက်ကြပါစေ။

၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၈) မည်သူမဆို သူ၏ အသိုင်းအ၀ိုင်းနှင့် အတူတကွ ချမ်းသာကြပါစေ ၀မ်းမြောက် ရွှင်ပြုံး နှလုံး ချမ်းမြေ့ကြပါစေ။

၉။ ရာဇတော ၀ါ စောရတော ၀ါ
မနုဿ     တော ၀ါ အမနုဿ     တော ၀ါ
အဂ္ဂိတော ၀ါ ဥဒကတော ၀ါ
ပိသာစတော ၀ါ ခါဏုကတော ၀ါ
ကဏကတော ၀ါ နက္ခတ္တတော ၀ါ
ဇနပဒရာဂတော ၀ါ အသဒ္ဓမ္မတော ၀ါ
အသန္ဒိဋ္ဌိတော ၀ါ အသပ္ပုရိသတော ၀ါ
စဏ္ဍ ဟတ္ထိ အဿ     မိဂ ဂေါဏ ကုက္ကုရ အဟိဝိစ္ဆိကမဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆသူကရ မဟိံ သ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ၀ါ နာနာရောဂတော ၀ါ
နာနာဥပဒ္ဒ၀တော ၀ါ အာရက္ခံ ဂဏှန္ထု။

၉ ) မင်းဘေး၊ ခိုးသူဘေး၊ လူဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ် ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ ဆုးငြောင့်ဘေး၊ မကောင်းသော နက္ခတ်ဘေး၊ ဇနပုဒ် ရောဂါဘေး၊ မမှန်ကန်သော တရားဘေး၊ မှားသော အယူဝါဒဘေး၊ လူယုတ်မာတို့၏ ဘေး၊ ဤကဲ့သို့ ဘေးဆိုး အန္တရာယ်ဆိုးတို့မှလည်းကောင်း၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်းဆိုး၊ နွားဆိုး၊ ခွေးဆိုး၊ မြွေဆိုး၊ ကင်းဆိုး၊ မြွေစိမ်းဆိုး၊ သစ်ဆိုး (ကျားသစ်ဆိုး)၊ ၀ံဆိုး၊ အောင်းဆိုး၊ ၀က်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရေစောင့်ဘီလူးဆိုး စသည်တို့ကြောင့် ဖြစ်တတ်သော ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပဒ်အမျိုးမျိုးတို့မှ လည်းကောင်း၊ (လူတို့ ကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းတို့က) အစောင့်အရှောက် တာဝန်ယူကြပါကုန်။



Monday 26 September 2016

မဟာဂန္ဓာရုံဆရာတော်၏ လောကဓံတရား ၈ပါး


[လာက = ဓမ္မတာ (ထုံးစံ)။]

ထိုလောကဓံသည်
၁။ လာဘ = ပစည်းဥစ္စာရခြင်း
၂။ အလာဘ = ပစ္စည်းဥစ္စာမရခြင်း
၃။ ယသ = အခြွေအရံများခြင်း
၎။ အယသ = အခြွေအရံမရှိခြင်း
၅။ နိန္ဒာ = အကဲ့ရဲ့ခံရခြင်း
၆။ ပသံသာ = ချီးမွမ်းခံရခြင်း
၇။ သုခ = ကိုယ်-စိတ်ချမ်းသာခြင်း
၈။ ဒုက္ခ = ကိုယ်-စိတ်ဆင်းရဲခြင်း

ဤသို့အားဖြင့် ရှစ်ပါးရှိသည်။

ဤလောကဓံများ၌ မကောင်း ၄-ပါး၊ ကောင်း ၄-ပါး ပါ၏။ ကောင်းသော လောကဓံနှင့် တွေ့ကြုံရသောအခါ ၀မ်းသာရွှင်ပျတကြွကြွဖြစ်နေခြင်း၊ မကောင်းသောလောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အားနွဲ့၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လူပ်ခြင်းတည်း။

ဝမ်းသာလွယ်သူသည် ၀မ်းနည်းလွယ်၏။ ၀မ်းသာအားကြီးသူသည် ၀မ်းနည်းအားကြီး၏။ ၀မ်းနည်းမူမှာ ပြခဲ့သော ဒေါမနဿ သဘောတည်း။ ထို့ကြောင့် အမြဲစိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံ ရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိသာသာကြီး စိတ်မပြောင်းဖို့ အထူးသတိထား သင့်ကြပေသည်။ ချဲ့ဦးအံ့။

"လာဘ-အလာဘ"

မိမိနှင့် ထိုက်တန်သော လာဘ်ကို တရားသဖြင့် ရအောင် ကြိုးစားရမည်။ ရသည့်အခါလည်း သူတစ်ပါး မြင်ပြင်းကတ်အောင် ၀မ်းသာရွှင်ပျ တကြွကြွ မရှိစေသင့်။ တချို့ ရှာဖွေမှုကား ရှာဖွေ၍ မရသည့်အပြင် “ဘူးထဲကရေပါ၍” အရင်းပင် ရူံးတတ်သေးသည်။ ထိုကဲ့သို့ ဆုံးရူံးမူကြောင့်လည်း ၀မ်းနည်းပူဆွေး၍ မနေနှင့်။

ထိုသို့ ဆုံးရူံးသူတွေ မရေမတွက်နိုင်အောင် ရှိကြသည့်အပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တစ်မျိုးလုံး သခင်ဘ၀မှ ကျွန်ဘ၀သို့ဆင်းကာ မောင်မောင်လို့ ခေါ်တုန်းက “ဗျာ”လို့မျှ ထူးဖော်မရဘဲ အောင်ကျော်လို့ ခေါ်ကာမှ “ဘုရား” ထူးရသူတွေ အများပင် ရှိရှာကြပေသည်။ သို့ဖြစ်၍ ရမူ မရမူ လောကဓံနှစ်ခုကြောင့် မတုန်လူပ်ဖို့ရာ ခိုင်မာသော စိတ်ကိုသာ အမြဲထားသင့်ကြပေသည်။

"ယသ-အယသ"

ဆရာသမား လူကြီးလူကောင်းတို့၌ အထိုက်အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်းအိမ်ခြံတို့ ကဲ့သို့ဘေးဆီးရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူအညီပေးသူများပတည်း။

ထိုကဲ့သို့ အခြံအရံ ပေါများအောင် မိမိ၏ ပစ္စည်းများကို ချွေတာဝေငှ မစချီးမြှောက်ရမည်။ ထို့ကြောင့် “ခြွေမှရံသည်”ဟုပြောလေ့ရှိသည်။ ထိုအခြွေအရံများကိုလည်း အစေခံလိုသဘောထား၍ အားမနာပါးမနာ များစွာ မစေခိုင်းသင့်။

မိမိကို မှီခို၍ ကြီးပွားစေလိုသောစိတ်သာ ရှိသင့်ပေသည်။ အခိုင်းအစေကို ခိုင်းဖို့ရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကို အမှီပြု၍ တစ်နေ့ထက်တစ်နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေအရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။ အခြွေအရံပေါများသည့်အတွက်လည်း မာန်မာန မတက်စေသင့်။

ကျော်စောမူ၊ ဂုဏ်သတင်းပျံ့နှံ့မူများလည်း ယခုဘ၀သာမက ဘ၀တိုင်း အရေးကြီး၏။ မြင့်မြတ်သော အလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည်ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦးစွာ သတိပြုသင့်ပေသည်။ “ဂုဏ၀န္တေ ပဿန္တိ ဇနာ = ဂုဏ်ရှိသူမှ လူထင်ကြသောအခါ” ဖြစ်သည်။

သို့ဖြစ်၍ ရသင့်သော ကျော်ကြားမူဂုဏ်ကို ရအောင် ဉာဏ်ဝီရိယဖြင့် ထူထောင်ရမည်။ ရခဲ့ပြန်သော် ထိုဂုဏ်အတွက် မကြွားမမော်လေနှင့်။ ရသင့်ပါလျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။

"နိန္ဒာ-ပသံသာ"

မလိုမုန်းထား ဣဿာများသူ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်သူတွေ ပေါများသော ယခုကာလ၀ယ် အချီးမွမ်းခံရဖို့ ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီးဖြစ်၏။

ထို့ကြောင့် ကဲ့ရဲ့စရာ မရှိအောင် ရှေးဦးစွာ သတိထားရမည်။ သို့ရာတွင် သိကြားမင်း ဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆိုခံရသေးသောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးသဒ္ဓါ” နိုင်သော ယခုကာလ၀ယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်သူတွေလည်း အများပင် ရှိပေမည်။

သို့သော် သူတစ်ပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ထိုသူများသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလ တို့အလား သို့မဟုတ် မဟော်သဓာ၊ ဝေဿန္တရာ တို့တမျှ သို့မဟုတ် အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒတို့လို “ခြောက်ပြစ်ကင်း၍ စင်းလုံးချော” ဟုဆိုနိုင်ပါမည်လော၊

ရွာတစ်ရွာ၌ တောင်ဘက်အိမ်က မိန်းမကြီးတစ်ယောက် စကားထစ်ကြောင်း ပြောလာသော သားငယ်က “အ---အ---အဖေ၊ ဟို---ဟို---ဟို ဘက်အိမ်က၊ မိန်း---မိန်း---မိန်းမကြီးဟာ၊ စ---စ--- စကားထစ် --- ထစ်---ထစ်---ထစ်လိုက်တာ” ဟုပြောသလို ထိုသူကိုယ်တိုင်မှာလည်း အကဲ့ရဲ့ခံရပြီးဖြစ်၍ “သူခိုးသေဖော်ညှိများ” ဖြစ်တတ်ကြသည်။

သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်များကို အစွမ်းကုန် ဖုံးကွယ်ထားသော “ကြောင်သူတော်များ” ဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း။ “ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။ တချို့အချက်များကား “ကိုယ့်ထက်သာ၍ မနာလို” ကဲ့ရဲ့သော်လည်း ထိုအကဲ့ရဲ့မျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။

ဘာကြောင့်နည်း။ မိန်းကလေးတစ်ယောက်အိမ်သို့ ဂုဏ်ရှိသရေရှိ ယောက်ျားကလေး ထွက်ဝင်နေရာဝယ် တစ်နယ်လုံး ကဲ့ရဲ့ကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤသို့လျှင် အကဲ့ရဲ့ခံရမူသည် မကင်းနိုင်သော လောကဓံ ဖြစ်သည့်အပြင် အမှန်အားဖြင့် ကဲ့ရဲ့သလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်ရှိသည်ပင် ထားဦးတော့။ ကြောက်သင့် ရှက်သင့်သလောက်ထက် မိမိစိတ်ကို မိမိခြောက်နေခြင်းက ပိုကောင်းပါလိမ့်မည်။

တစ္ဆေကြောက်တတ်သူသည် ညဉ့်မှောင်မိုက်ထဲတွင် ထန်းပင်ငုတ်တိုကိုမြင်ရာ၌ ထန်းပင်ငုတ်တိုက လုံးဝမခြောက်သော်လည်း သူ့စိတ်ထဲက “တစ္ဆေပဲ တစ္ဆေပဲ”ဟု အသေအလဲစွဲလမ်း၍ တစ္ဆေကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်းပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။

ထို့အတူ အချို့ကိစ္စ၌ မိမိစိတ်မှ မိမိခြောက်ကာ အလွန့် အလွန်ကြောက်စရာဟု ထင်လာတတ်ပေသည်။

ထို့ကြောင့် သံယုတ်ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး ပြေးရှာသော သမင်ပျိုကဲ့သို့ အကဲ့ရဲ့ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆစိတ်ရှိသူ”ဟု မိန့်တော်မူသည်။

ချွတ်ချွတ်သံကြားတိုင်း ပြေးရသဖြင့် သမင်ပျိုမှာ အစာရေစာ မ၀သကဲ့သို့ ထိုကြောက်တတ်သူမှာလည်း မည်သည့်အကျိုးကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့ရဲ့ရကား ထိုကဲ့သို့ ရှက်မှန်းကြောက်မှန်း သိလျှင် ကဲ့ရဲ့သူတို့အတွက် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဖြစ်ပေလတ္တံ့။

တစ်နည်းတစ်ဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ခံနေရသည်မှာ တစ်မျိုးအားတက်စရာ ဖြစ်၏။ အဘယ်ကြောင့်နည်း။ ခွေးလှေးကြမ်းပိုး အုတ်ကြားမြက်ပေါက် အစားမျိုးကို အရေးလုပ်၍ မပြောလိုကြ၊ အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ကြသောကြောင့်တည်း။ ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်အခံရဆုံး ဖြစ်သကဲ့သို့ ထို့အတူ အထက်တန်းကျလေ လောကဓံလေမုန်တိုင်း အတိုက်ခံရလေ ဖြစ်ရကား အကဲ့ရဲ့ခံရမူကို ဂရုစိုက်၍ ၀မ်းမနည်းထိုက်လှသည့်အပြင် တချို့ ကဲ့ရဲ့ခြင်းမှာ မိမိအထက်တန်း ရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ၀မ်းသာဖွယ်ကောင်းပေသည်။

ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မူများကို အရေးစိုက်ကာ အရာရာ မတုန်လူပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်” မြဲမြံသော စိတ်ထား၊ ခိုင်မာသော သမာဓိ တရားရှိအောင် ကြိုးစား၍ လေ့လာကြရမည်။

အကဲ့ရဲ့ခံရသည့်အခါတိုင်း “ငါ၏စိတ်များ ဘယ်အခြေ ရောက်အောင် ခိုင်မာနေပါလိမ့်မည်နည်း”ဟု စဉ်းစဉ်းစားစား သတိထားကာ အကဲ့ရဲ့ဒဏ်ကို အရသာခံကြည့်ပါလေ။

ကဲ့ရဲ့ရာ၌ မတုန်လူပ်သကဲ့သို့ ချီးမွမ်းသည့်အခါ၌လည်း သိသိသာသာကြီး မပြုံးမိစေဘဲ “အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မတာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် “အခြားသူများလည်း ငါ့ကဲ့သို့ ဂုဏ်ရှိကာ အချီးမွမ်းခံရပါစေ”ဟု အမျှဝေသဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။ (သုခ ဒုက္ခတို့သဘောကား ထင်ရှားပြီ။)

အချုပ်ကား - လောကဓံ ၈-ပါးတွင် အကောင်း ၄-ပါးကို “ဣဋ္ဌာရုံ(အလိုရှိအပ်သောအာရုံ)” ဟုခေါ်သည်။ မကောင်း ၄-ပါးကို “အနိဋ္ဌာရုံ(အလိုမရှိအပ်သောအာရုံ)” ဟုခေါ်သည်။ ရှေးရှေးဘ၀များစွာ သံသရာက ကံကောင်းကံဆိုး (ကုသိုလ် အကုသိုလ်) ၂-မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန်တွေ့ကြုံကြရတော့မည်။

ထိုကဲ့သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း ဉာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင်သို့သော နိဗ္ဗာန်ဆိပ်ကမ်းသို့ မျှော်မှန်းကူးခပ်ရမည်။

ဥပမာ - ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက် အေးချမ်းစွာ ကျော်လွန်ရလိမ့်မည်ဟု မမျှော်လင့်နိုင်။ မကြာမကြာပင် သာမန်လှိုင်းလေး၊ ပြင်းထန်သောလှိုင်းလေး၊ သဘောင်္ာကိုပင် အန္တရာယ်ဖြစ်စေနိုင်သော လိုင်းလေးများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် ထိုလိုင်းလေးများကို ခုခံ၍ မိမိလိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။

ကတတ္တာ နာနာကမ္မာနံ,
ဣဋ္ဌာနိဋ္ဌေပိ အာဂတေ။
ယောနိသော တိတ္ထံ သန္ဓာယ,
တရေယျ နာဝိကော ယထာ။

နာနာကမ္မာနံ = ကံကောင်းကံဆိုး အမျိုးမျိုးတို့ကို၊
ကတတ္တာ = ဘ၀များစွာ သံသရာ မကွာထက်ကြပ် ပြုအပ်ခဲ့လေသောကြောင့်၊
ဣဋ္ဌာနိဋ္ဌေ = အကောင်းအဆိုး အာရုံ ၂-မျိုးသည်၊
အာဂတေပ = အကြောင်းအားလျော်စွာ ပေါ်လာခဲ့ပါသော်လည်း၊
နာဝိကော ယထာ = ပင်လယ်ကိုကူး မာလိန်မှူးကဲ့သို့၊
ယောနိသော = သင့်တင့်လျော်ကန် တော်မှန်ထုံးအရ အသုံးကျမည့် လုံ့လပညာ အလိမ္မာဖြင့်၊
တိတ္ထံ = ဒုက္ခမီးစက် ဆူဆူပွက်သည့် ဤဘက်ကမ်းမှ စခန်းထဖို့ နန်းမခေမံ နေရဗဏ်နန်း ဟိုဘက်ကမ်းကို၊
သန္ဓာယ = စိတ်စဉ်ဖြောင့်တန်း ကောင်းစွာမှန်း၍၊
တရေယျ = လောကဓံလိုင်း လေမုန်တိုင်းကြောင့် မဆိုင်းမလူပ် ဉာဏ်အားထုတ်လျက် သုတ်သုတ်လျင်စွာ ကူးခပ်ရာသတည်း။

ဤသို့လျှင် လောကဓံ ၈-ပါးကြောင့် စိတ်လူပ်ရှားခြင်း မရှိ၊ အရှည်ကို မြော်မြင်၍ ကြိုတင်စီမံလေ့လည်းရှိ။ မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ၀ီရိယလည်းရှိသူတို့မှာ ကိုယ်ဆင်းရဲမူ ဒုက္ခ၊ စိတ်ဆင်းရဲမူ ဒေါမနဿတို့မှ ကင်းကွာ၍ ချမ်းချမ်းသာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာ လူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။

“လောကဓံတွေ့ရိုးမို့၊ အမျိုးမျိုးတွေ့ရမယ်။
စိတ်အနေ မတုန်လူပ်အောင်၊ ထိန်းချုပ်ပါ့ကွယ်”

မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာမှ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ လောကဓမ္မသုတ် တရားတော်


မြတ်စွာဘုရား က လောကသဘာဝကို ရှစ်မျိုးခွဲပြီး "လောကဓမ္မသုတ်" မှာ ဟောထားတာ ...
ဒါ ... မြန်မာ ပရိသတ်တွေ လောကဓံ ရှစ်မျိုး ဆိုတာကိုတော့ လူတိုင်းသိကြတယ် ...

မြတ်စွာဘုရားက -

“လောကဓမ္မာ လောကံအနုပရိဝတ္တ န္တိ” ဟောဒီလောကရဲ့ သဘာဝတရားတွေ က လောကနောက် အစဉ်မပြတ် လိုက်နေတယ်တဲ့ ...

တစ်ခါ အပြန်အားဖြင့် -

“လောကော စ လောကဓမ္မေ အနုပရိဝတ္တတိ” လောက, ကလည်း၊ လောက သဘာဝနောက် အမြဲ လိုက်နေတယ်လို့၊ လောကသားနဲ့ ဟောဒီလောကရဲ့ သဘာဝတွေဟာ အပြန် အလှန်ဆက်သွယ်နေ တယ် ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော် ...

အပြန်အလှန် ဆက်စပ်နေတယ် .....။

"လောက"ကို ပါဠိစာပေမှာ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လို့ (၃)မျိုး ခွဲတယ် ...
"သတ္တလောက" ဆိုတာ သတ္တ၀ါတွေအားလုံးကို ရည်ညွှန်းပြီးပြောတဲ့စကားးး

"သင်္ခါရလောက" ဆိုတာ သက်ရှိသက်မဲ့အားလုံး ခြုံပြီးခေါ်တာ ...
အကြောင်းတရားတွေက ဖန်တီးပြုလုပ်ထားလို့၊ အကြောင်းတရား တွေပေါ်မှာ မှီတည်ပြီးဖြစ်နေတဲ့ အရာ မှန်သမျှ သင်္ခါရလောက ...

"သြကာသလောက" ဆိုတာသက်ရှိသတ္တ၀ါ တွေ၊ သက်မဲ့အရာတွေ တည်ရှိရာဘုံဖြစ်တယ် ...

သတ္တလောက...သင်္ခါရလောက...သြကာသလောက ဒီလောက (၃)မျိုးထဲမှာအခု လောကဓမ္မသုတ် မှာသုံးထားတဲ့ လောက,က သတ္တလောက- သက်ရှိသတ္တ၀ါတွေကို ရည်ညွှန်းပြီးပြောတယ်လို့ ဒီလို မှတ်ရမယ် ...

သက်ရှိသတ္တ၀ါတွေ ကြုံတွေ့နေရတဲ့ အတွေ့အကြုံ ရှစ်မျိုးရှိတယ် ...

အဲဒီ (ရှစ်မျိုး)က ဘာတုန်းဆိုရင် -

၁။ “လာဘော” ကိုယ်လိုချင်တာ ရတယ် ...

၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူးးး

၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်...

၎။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူးးး

၅။ “နိန္ဒာ” ကဲ့ရဲ့မှုကိုခံရတယ် ...

၆။ “ပသံသာ” ချီးမွမ်းခံရတယ် ...

၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ် ... အဆင်ပြေတယ် ...

၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး ... ဆင်းရဲတယ် အဆင်မပြေဘူးးး

ဟော အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ လောကဓံရှစ်မျိုး တဲ့ ...

လောကမှာ သတ္တ၀ါ တွေကြုံ တွေ့နေ ရတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့ ဒီလိုပြောတာနော်။

အဲဒီ သဘာဝရှစ်မျိုးသည် သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ်၊ သတ္တလောက, ကလည်း အဲဒီ ရှစ်မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ်တဲ့ ...

အဲဒီလို အမြဲတမ်း ဆက်သွယ်မှုရှိနေတဲ့၊မတည်ငြိမ် တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ် တည်ငြိမ်မှု ရှိအောင် ကြိုးစားဖို့က အလုပ်ပဲနော် ...

လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပဲ ...

မကြုံ တွေ့တဲ့လူ မရှိဘူးးး

မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ ...
အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပဲ ...
မည်သည့်ပုဂ္ဂိုလ်၊မည်သည့်သတ္တ၀ါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့သဘာဝနဲ့ဆက်စပ်နေမှာပဲလို့ ပြောတာနော် ...

အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်ရအောင် လုပ်လို့မရဘူးးး
ရပါ့မလား ???
အေး .... လောကရဲ့ သဘာဝတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူးးး
ကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့ စိတ်ထားရှိအောင် လုပ်ဖို့ပဲ ...
ဒါ ကိုယ်လုပ်လို့ ရတာပဲ ... အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ်လို့ဆိုလိုတယ် ...။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~

original creator - နှလုံးသား၏ ဓမ္မသံစဉ်

Tuesday 20 September 2016

သီလဝန္တသုတ်

☆ အခါတပါး အရှင်သာရိပုတ္တရာနှင့် အရှင်မဟာကောဋ္ဌိကတို့ဟာ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သီတင်းသုံး စံနေတော်မူကြတယ်။
တစ်ခုသောာ ညချမ်းမှာ အရှင်ကောဋ္ဌိကဟာ အရှင်သာရိပုတ္တရာထံ ကြွသွားပြီး ဒီလို တရားဆွေးနွေးကြပါသတဲ့။

အရှင်ကောဋ္ဌိက ။ ငါ့ရှင် သာရိပုတ္တရာ...သီလရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တရားကို နှလုံးသွင်းအပ်ပါသေးသလဲ။
အရှင်သာရိပုတ္တရာ ။ သီလရှိတဲ့ပုဂ္ဂိုလ်ဟာ ဥပါဒါနက္ခန္ဓာတို့ကို မမြဲဟူ၍, ဆင်းရဲဟူ၍, ရောဂါဟူ၍, အနာဟူ၍, ငြောင့်ဟူ၍, ပင်ပန်းမှုဟူ၍, နာကျင်မှုဟူ၍, သူစိမ်းပြင်ပဟူ၍, အပျက်တရားဟူ၍, ဆိတ်သုဉ်းသောတရားဟူ၍, အတ္တမရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ပါတယ်၊ ဤတရားတို့ကို ဤသို့ နှလုံးသွင်းခဲ့လျှင် သောတာပန် ဖြစ်ပါတယ်။

အရှင်ကောဋ္ဌိက ။ သောတာပန်ဖြစ်ပြီးတော့ကော ဘယ်တရားကို နှလုံးသွင်းအပ်ပါသေးသလဲ။
အရှင်သာရိပုတ္တရာ ။ သောတပန်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးတို့ကိုပဲ မမြဲစသောအားဖြင့် နှလုံးသွင်းအပ်ပါတယ်၊
ဤသို့ နှလုံးသွင်းခဲ့လျှင် သောတာပန်ဟာ သကဒါဂါမ်အဖြစ်ကို ရောက်နိုင်ပါတယ်။

အရှင်ကောဋ္ဌိက ။ သကဒါဂါမ်ကကော ဘယ်တရားကို နှလုံးသွင်းအပ်ပါသေးသလဲ။
အရှင်သာရိပုတ္တရာ ။ သကဒါဂါမ်ဟာလည်း ဤခန္ဓာငါးပါးကိုပဲ မမြဲစသောအားဖြင့် နှလုံးသွင်းအပ်ပါတယ်၊ ဤလိုနှလုံးသွင်းလျှင် အနာဂါမ်အဖြစ် ရောက်နိုင်ပါတယ်။

အရှင်ကောဋ္ဌိက ။ နို့ အနာဂါမ်ကကော ဘယ်တရားကို နှလုံးသွင်းအပ်ပါသလဲ။
အရှင်သာရိပုတ္တရာ ။ အနာဂါမ်လည်း ခန္ဓာငါးပါးတို့ကို မမြဲစသောအားဖြင့်ပဲ နှလုံးသွင်းရပါမယ်။ ဤလို နှလုံးသွင်းလျှင် ရဟန္တာ ဖြစ်နိုင်ပါတယ်။

အရှင်ကောဋ္ဌိက ။ ရဟန္တာကကော ဘယ်တရားကို နှလုံးသွင်းအပ်ပါသလဲ။
အရှင်သာရိပုတ္တရာ ။ ရဟန္တာကလည်း ဤခန္ဓာငါးပါးတို့ကိုပဲ မမြဲစသောအားဖြင့် နှလုံသွင်းအပ်ပါတယ်၊
သို့သော်ရဟန္တာမှာ နောက်ထပ်ပြုဖို့ တစ်စုံတစ်ခုသော ရဟန်းကိစ္စဆိုတာ မရှိတော့ပါဘူး၊ ပြုပြီးတဲ့ တရားကိုလည်း ထပ်ပြုဖို့ မလိုတော့ပါဘူး၊
ဒါပေမယ့် မျက်မှောက်ဘဝမှာ ချမ်းချမ်းသာသာနေရဖို့ သတိသမ္ပဇဉ်ဖြစ်ဖွှိုအတွက်သာ နှလုံးသွင်းခြင်း ဖြစ်ပါတယ်။

☆ ခန္ဓဝဂ္ဂသံယုတ် သီလဝန္တသုတ်ကလာတဲ့ ဤမေးဖြေခန်းကို ထောက်ရှုလို့သောတာပန်ဖြစ်ပြီးနောက် ဖြည့်ကျင့်ရမည့် တရားကတော့ အထူးမဟုတ်တော့ပါဘူး၊
မူလ ကျင့်ပြီးတရားကိုပဲ ထပ်ကာထပ်ကာ ဖြည့်ကျင့်နှလုံးသွင်းရုံသာဖြစ်ပါတယ်၊ ဒါကြောင့် ပုထုဇဉ်ဘဝမှာ အရေးကြီးနေတာက သောတာပန်ဖြစ်ဖို့ပါပဲ။
သောတာပန်ဖြစ်ပြီးလျှင် နောင် အဆင့်ဆင့်အတွက်ကတော့ သူ့သဘောနဲ့သူ လာမှာမို့ အရေးတကြီး မဟုတ်တော့ပါဘူး။

¤ ထီးချိုင့်မြို့တည်တောဆရာတော် ¤


ဥပုသ်သီလ ဆိုသည်မှာ

ညစာ ဘာလို့ မစားရသလဲ..။
တဏှာနည်းအောင်လို့ ဗျ။ မနက်စားတဲ့ အစာဟာ တစ်နေ့ လုပ်တဲ့ အားနဲ့ အတူတူ။ တို့ ရဟန်းမှာ တစ်ထပ်နဲ့  တစ်နေ့ စာကို စားရပါတယ်။
ပိုစားရင် သူက သုတ်သွေးဘက်ကို သွားတာ။

ဒီမနက်စားတဲ့အစာသည် တစ်နေ့ တာ လူသားလုပ်ဖို့  တာဝန်ပြီးပြီ။
ညစားတာက အဲဒါ တစ်ညလုံး ဘိန်းဖြူချက်သလိုကို အိပ်ပြီးတော့ အစာချက်တာ။
ရိုးတွင်းချဉ်ဆီကို ပို့ ပေးရတဲ့ဟာ..ညစာက။ ဒါမို့  ရဟန်းက ညစာမစားရတာ။

အဲဒီကကို သုတ်သွေးကို သိုလှောင်မှာစိုးလို့ ။ တို့ အားထုတ်သာရုံ မနက်ပဲ စားရတယ်။
အဲတော့ ၀ိကာလ ဘောဇနာ ..ညစာ ဘာလို့ မစားရတာလဲ.. တဏှာနည်းအောင်လို့ ။
သူသည် ဘယ်သူ့ အတွက်တုန်း ... အဗြဟ္မစရိယာ သိက္ခာပုဒ်ရဲ့ ကျားကန်ဗျ။
အဗြဟ္မစာရီဆိုတာ မမြတ်သော မေထုန်အကျင့်ကို ကျင့်တာ မဟုတ်ဘူးလား။
ကာမေသုမိစ္ဆာစာရက သူများလင် သူများကာမပိုင်တွေနဲ့  သွားပြီးကျူးလွန်တာ။
အဗြဟ္မ ဆိုတာ ကိုယ့်လင် ကိုယ့်မယားနဲ့ ကျူးလွန်တာကို ပြောတာ။
ဒါမမြတ်တဲ့ မေထုန်.. မမြတ်တာတော့ ကိုယ့်ဘာသာသိ။
အဲဒါက ဒီ ညစာစားလို့ ရာဂထကြွနေရင် ကိုယ့်နားမှာရှိတာ အကြင်လင်မယား၊ ထပြီးအခုကျူးလွန် အခုရတာပဲ။

ကျူးလွန်လွယ်လို့  ဒါကြောင့်မို့ အစာနှုတ်ထားရတယ် ဒီကနေ့ ။ တဏှာနည်းအောင်လို့ ။
ပြီးတော့ ကိစ္စနည်းအောင်လို့ ။ ခံစစ်ကနေ ထိုးစစ်လုပ်ချင်တာမလား.. ကိစ္စနည်းအောင်လို့ ။
ပြီးတော့ အအိပ်နည်းအောင်။
ညစာမစားရတာ ဟောဒီ သုံးချက်ကြောင့်။
ညစာတော့ မစားဘူး.. ဆာဆာနဲ့ ပေအိပ်ရင် ဘာထူးတုန်း။
အဲတော့ အဗြဟ္မစရိယ မမြတ်တဲ့မေထုန်ကို ကျင့်မှာစိုးလို့  ဟောဒီ တဏှာနည်းအောင်
ဝိကာလ ဘောဇနာကို ပယ်ရတယ်။

ယူနေကျ ငါးပါးထဲကနေ နံပါတ်သုံးမှာ အပြောင်းအလဲဖြစ်လို့နောက်မှာ သုံးခုတိုးရတာ။
နစ္စ ဂီတ ၀ါဒိတ .ကခြင်း သီဆိုခြင်း ချစ်ကြောင်းကြိုက်ကြောင်းဖွဲ့ နွဲ့ ထားတာတွေ...
အဲဒါလည်း တပ်မက်ခြင်းရဲ့ အကြောင်းဖြစ်လို့ တဏှာထကြွမှာ စိုးလို့ ပါ။ အဗြဟ္မ ထိန်းတာပါပဲ။
ဥစ္စာ သယန မဟာ သယနာ .. မြင့်တဲ့ မြတ်တဲ့ နေရာမှာ မနေရဘူး..။
ဆိုဖာတို့  မွေ့ ယာတို့  အိကနဲ ငြိမ့်ကနဲ .. ရာဂထမှာပေါ့။ မြင့်တဲ့နေရာ နေတော့
မာန တက်မှပေါ့။ ဒင်းတို့ ငါနဲ့ တူလို့ လားဆိုတာ ဖြစ်မှာပေါ့ ။
ဒါကြောင့် ဘုရင်ဖြစ်ပေမယ့် ဒီကနေ့ ဥပုသ်ယူရင် ပလ္လင်ပေါ်မတက်တော့ဘူး။
ဥပုသ်ဆောင် ကြမ်းပြင်မှာ ဘုရင်က သွားနေတော့တာ။ ဒါကြောင့် မြင့်တဲ့နေရာ မနေရဘူး.. မာနတက်မှာစိုးလို့ ။

မြတ်တဲ့ နေရာ မနေရဘူး.. တဏှာထမှစိုးလို့ ။ အဲတော့ ကျန်တဲ့သုံးပုဒ်က
ကာမေသု မိစ္ဆာစာရ မှာလဲတဲ့ အဗြဟ္မစရိယ သိက္ခာပုဒ်အတွက် ကျားကန်ယူရတာချည်းပဲ။
နေ့ တိုင်းတော့ ကာမေသု မစ္ဆာစာရ မရှောင်ဘူးလားဗျ..
ဒီကနေ့ တော့ အဗြဟ္မစရိယ မရှောင်ကြဉ်ဘူးလားဗျ။
ပြီးတော့ နေ့ တိုင်း ငါးပါးကျတော့ သီလ နော်။ ငါးပါးသီလ ဗျ။
ဒီကနေ့ တော့ ဥပုသ်တော်သီလဗျ။ ဥပုသ်နဲ့ တွဲတယ်ဗျ။

အဲတော့ ဒီနေ့ ဟာ ရိုးရိုးသီလလား၊
ဥပုသ်တော် သီလလား.. ဥပုသ်တော် သီလဗျ။
ဥပုသ်တော်သီလမို့  အဗြဟ္မ ကို ရှောင်ရတာ။
အဗြဟ္မ ရှောင်တဲ့အတွက် နောက်သုံးခု ထပ်တိုးရတာဗျ။
ဒီကနေ့  ဘာသီလတုန်း ... ဥပုသ်တော် သီလ။
နေ့ တိုင်းငါးပါးသီလ .. ဒီကနေ့  ဥပုသ်နဲ့ သီလ တွဲတယ်။
အဲတော့ ဘယ်နယ်တုန်း.. သီလစောင့်ရုံပဲလား.. ဥပုသ်ကော ယူမှာလား။
ဥပုသ်က ဘယ်သွားယူမတုန်း.. ရှောင်ကြဉ်တာ သီလဗျ...။
သီလက ကိုယ်နဲ့ နှုတ်နဲ့ ကို တာဝန်ယူတယ်..
ဥပုသ်က စိတ်ကို တာဝန်ယူတာဗျ။
ဥပုသ်က စိတ်နဲ့ ဆိုင်တယ်။ အာရုံကင်းဆိတ်ပြီး
နေထိုင်တာကို ဥပုသ်လို့ ခေါ်တယ်။
မျက်စိရှိမြင်မှာပဲ ... ဘာလဲလို့  အာရုံနောက်ပါသွားရင် ထွက်ပြီ ဥပုသ်။
နားကြားလိုက်တယ် ကြားတာ ကြားတာနဲ့ ပြီးရမယ်။
အာရုံနောက် စိတ်မပါစေနဲ့ ။
အာရုံမခံစားရဘူးပေါ့  အကောင်းပဲ အဆိုးပဲ
အာရုံနောက် မခံစားရဘူး။
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တွေမဟုတ်လား..။
အဲတော့ မျက်စိကမြင်တဲ့ အချိန် သတိ မျက်စိမှာ အစောင့်ချထား။
နားကကြားတဲ့အချိန် သတိ နားမှာ အစောင့်ချထား.ရမယ်.။
အဲဒါ ဥပုသ်စောင့်တာ .. စိတ် လုံအောင်စောင့်တာ။ နံရင် နှာခေါင်းထိပ်..။
စားရင် လျှာထိပ် အာထိပ်..၊ ထိရင်လည်း သူထိတဲ့နေရာလေးကို တို့ က
သတိ နဲ့ အစောင့်ချရမှာ။ အဲဒါ အာရုံလုံအောင်စောင့် ဥပုသ်စောင့်တာ။
ကိလေသာ .. အတွေးကလာတာ ..တခြားကလာတာ မဟုတ်ဘူး။
သတိမလွတ်လို့ ရှိရင် ဘာမှတ်မှတ် ဓမ္မံသရဏံ ဂစ္ဆာမိပဲ။
အာရုံလုံလိုက်ရင် ကြက်သတ်ဖို့ ဝက်သတ်ဖို့ ရှိသေးလား..
မရှိတော့ပါဘူးဗျ။ အလိုလို သီလလုံသွားတယ်။
ဆိုင်ရာတံခါးပေါက်က သတိနဲ့ စောင့်တာ၊
အဲဒါ အာရုံလုံအောင်စောင့်တာ။
ကိုယ်ထဲက စိတ် အာရုံနောက် မပါစေရဘူး၊
အာရုံနောက်က ကပ်မြှောင်လိုက်လာတဲ့
ကိလေသာ ကိုယ့်စိတ်ထဲမ၀င်ရဘူး။
ကြားက စောင့်ရမယ်။ အဲဒါ ဥပုသ်စောင့်တာ။
ဥပုသ်စောင့်ရင် ပါရမီတက်တယ်။
သီလကတော့ လွယ်တယ်ဗျ.. ကိုယ်နဲ့ နှုတ်ပဲစောင့်တာ..။
သီလလောက်နဲ့  ခါးတောင်းကျိုက်မနေကြနဲ့ ။ ဥပုသ်ရမှ ဗျ။
ဟောဒီ သီလဟာ နတ်ပြည်သွားတဲ့ စောင်းတန်း၊ နိဗ္ဗာန်ရဲ့ တံခါးဝ။
သီလနဲ့ တူတာ ဘာမှမရှိဘူးလို့  ဘုရားကဟောတာ။
ဒါန နဲ့ သီလ ဒီတိုင်းပြောတာ..။ တကယ်လို့  တို့ သီလတော့ ယူပါတယ်။
အာရုံလုံအောင် ဥပုသ်မစောင့်ရင် သီလတော့ ဖြစ်မယ်.. နတ်ပြည်တက်ချင်တက်မယ်၊
နိဗ္ဗာန်တံခါးဝတော့ မရောက်နိုင်ဘူး၊ ပါရမီ မဖြစ်တော့လို့ ။
သီလတော့ဖြင့် ကိုယ်နဲ့ နှုတ်နဲ့ လုံပါတယ်..
စိတ်မှမလုံလို့  အာရုံမှ မလုံရင်
ဥပုသ်မစောင့်ရင် ပါရမီမဖြစ်နိုင်ဘူး..
ခင်ဗျားတို့  နတ်ပြည်တော့ ရောက်ချင်ရောက်မယ်၊
နိဗ္ဗာန်တံခါးဝမဟုတ်။ အဲတော့ ဘယ့်နှယ်တုန်း .. နတ်ပြည်လောက်ပဲလား။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်းတရားတော်မှ ဝေမျှပါသည်။)


Sunday 18 September 2016

မြင့်မြတ်သူများ၏ စနစ်ကျသော ဒါနလုပ်ငန်း

ဒါန ဟူသည် ပေးကမ်းခြင်း ဖြစ်၏။ ပေးကမ်းခြင်း၌ ရိုသေသော အခြင်းအရာ ပါသောအခါ ထို ပေးကမ်းခြင်းကို မြန်မာဝေါဟာဖြင့် စကားပြောင်း၍သုံးရလျှင် လှူဒါန်း ခြင်းဟုလည်းကောင်း၊ ချီးမြှောက် ထောက်ပံ့ခြင်းဟု လည်းကောင်း သုံးစွဲကြလေသည်။

မည်သို့ဖြစ်စေ ပေးကမ်းခြင်း ဒါနလုပ်ငန်းကို လုပ်ရာတွင် လုပ်ရပ်နှင့် ရည်ရွယ်ချက်သည် များစွာအရေးကြီး၏။ ဒါန လုပ်ငန်း၏လုပ်ရပ်ပိုင်းအရ အခြားသူအား ပေးကမ်းခြင်းဖြစ်ပြီး၊ ရည်ရွယ်ချက်အရ မိမိအကျိုးရရှိရေး ကို ဦးတည်သောအခါ လုပ်ရပ်နှင့် ရည်ရွယ်ချက်သည် တစ်ထပ်တည်း မကျချေ။

အမှန်အားဖြင့် လုပ်ရပ်ရော၊ ရည်ရွယ်ချက်ပါ တစ်ထပ်တည်း တစ်သားတည်း ကျမည် ဆိုပါက ဤကမ္ဘာလောက၌ ထိုလုပ်ရပ်မျိုးလောက် အကျိုးအာနိသင်ကြီးမား သောလုပ်ငန်းဟူ၍ မရှိနိုင်ကောင်း။ လုပ်ရပ်ကလည်း မှန်၊ ရည်ရွယ်ချက်ကလည်း ကောင်းသည့်အခါ နှစ်ပါးစုံသောအာနိသင်တို့ကြောင့် အကျိုးတရားသည် အတိုင်းအဆ မရှိနိုင်။ ချဲ့၍ဆိုရလျှင် လုပ်ရပ်က လည်း မှန်၊ အကျိုးလည်းရှိပြီး ရည်ရွယ်ချက်ကပါ ကောင်း၍ ဦးတည်ချက်လှပမည်ဆိုပါက ဘာမျှ ပြောစရာမရှိတော့။ အားလုံး ပြည့်စုံ၏။

ဒါနလုပ်ငန်းအရ အပိုင်း သုံးပိုင်း ရှိ၏။ ယင်းတို့မှာ အလှူ ပစ္စည်းပိုင်း၊ ထိုအလှူပစ္စည်းကို လက်ခံမည့်သူအပိုင်းနှင့်အလှူပစ္စည်း လှူမည့်သူအပိုင်းတို့ ဖြစ်သည်။ယင်း အပိုင်း သုံးပိုင်းပါမှ ဒါနလုပ်ငန်းသည် ပြီးမြောက်နိုင်၏။

အလှူပစ္စည်းပိုင်း အရ ဒါန လုပ်ငန်းကို လုပ်ရာတွင် ဝတ္ထုပစ္စည်း သည် တန်ဖိုးနည်းချင်လည်း နည်းနိုင်၏။ တန်ဖိုးကြီးချင်လည်း ကြီး နိုင်၏။ သို့သော် တန်ဖိုးကြီးခြင်း၊ တန်ဖိုး နည်းခြင်းသည် အဓိက မဟုတ်။ ဒါနပြုသောရည်ရွယ်ချက် ကသာ အရေးကြီး၏။ရည်ရွယ်ချက်အရ ဒါနပြုသူတို့သည် မိမိအကျိုး ရရှိရေးအတွက်သာ ဦးတည်မိလျှင် အတ္တကောင်းစားရေးသို့ ဦးတည် ရာရောက်၏။ အတ္တသို့ ဦးတည်မိ သည်နှင့်တစ်ပြိုင်နက် ထို ဦးတည်မှု မှန်သမျှသည် အတ္တကိုခင်တွယ်သော တဏှာ၏ အောက်၌ လည်းကောင်း၊ အတ္တရှိခြင်းကို အားပေးလျက် အမှန်ကို ဖုံးကွယ်ေသာ အဝိဇ္ဇာ၏ အောက်၌ လည်းကောင်း တည်ရှိရာ ရောက်၏။ ထိုအခါ အကျိုးသည် ရသင့်သလောက် မရဘဲတဏှာနှင့်အဝိဇ္ဇာတို့က ဖျက်ဆီးခံရပြီးသော အြွကင်း အကျန် အကျိုးမျှကိုသာ ရနိုင် လေ၏။

(ဒါန ပါရမီ)
ဒါနလုပ်ငန်းဟူသည် မြင့်မြတ် သူတို့ လုပ်သော လုပ်ငန်းမျိုး ဖြစ်၏။ ထို့ကြောင့် မည်သူမဆို ဒါန လုပ်ငန်းကိုလုပ်သည့်အခါ မြင့်မြတ် သူတို့လုပ်သောနည်းအတိုင်း လုပ် ဖို့လို၏။ မြင့်မြတ်သူတို့က ဒါနကို ပြုကြရာတွင် အလှူခံပုဂ္ဂိုလ်အရ သူတောင်းစားလည်း ဖြစ်ချင် ဖြစ်မည်။ ရှင်ဘုရင်လည်း ဖြစ်ချင်ဖြစ်မည်။ ဆရာတော်ကြီးလည်း ဖြစ်ချင်ဖြစ်မည်။ မည်သူဖြစ်ဖြစ်မြင့်မြတ် သူတို့သည် အလှူခံပုဂ္ဂိုလ်တို့အား တစ်တန်းတည်း တစ်စားတည်း ထား၏။ အားလုံး အလှူခံ ပုဂ္ဂိုလ်ချည်း ဖြစ်၏။ မိမိ၏ ဒါနလုပ်ငန်းကို ဖြစ်မြောက်အောင် ကူညီမည့်သူချည်း ဖြစ်၏။ တစ်တန်းတည်း တစ်စားတည်း ထားသည်ဆိုရာ၌ သူတောင်းစားနှင့် ရှင်ဘုရင်ကိုလည်း တစ်နေရာတည်း ထားသည်မျိုးကို ဆိုလိုခြင်းမဟုတ်။ ဆရာတော်ကြီး များကိုလည်း လူများနှင့် တန်းတူ ဆက်ဆံသည်ကို ဆိုသည် မဟုတ်။ ရိုသေ လေးစားမှုအားဖြင့်က သတ်သတ်၊ အလှူပစ္စည်းလှူရာ၌ အလှူခံပုဂ္ဂိုလ်များကို မိမိ၏ဒါနအား ချီးမြှောက်မည့်သူများအဖြစ် ကျေးဇူးရှင်သဖွယ် တစ်သားတည်းထားခြင်းကို ဆိုလိုခြင်းဖြစ်၏။

အလှူပစ္စည်းပိုင်းအရဆိုလျှင် ပေးကမ်းလှူဒါန်းမည့် ပစ္စည်းကို မြင့်မြတ်သူများက သန့်သန့်ရှင်းရှင်း ဖြစ်အောင် စီမံ၏။ ဆရာတော်ကြီး မို့ ဖွယ်ဖွယ်ရာရာ၊ ကိုရင်လေးမို့ သင့်လျော်သလို၊ သူတောင်းစားမို့ ပြီး, ပြီးရော မလုပ်။ လှူမှ လှူပြီ ဆိုလျှင် မည်သူ့ကိုမဆို အလှူ ပစ္စည်းအတွက် ကောင်းသည်ထက် ကောင်းအောင် စီမံ၏။ သုံးဆောင် ချင်သည်ထက် သုံးဆောင်ချင်ဖွယ် ဖြစ်အောင် မွမ်းမံ၏။ တန်ဖိုးနည်းခြင်း မနည်းခြင်းကို အဓိကမထား၊ ကောင်းကောင်းမွန်မွန်ဖြစ်ရေးကိုသာ အဓိကထား၏။ မြင့်မြတ်သူများသည် အလှူပစ္စည်းကို လှူဒါန်း ရာ၌ နေရာကိုလည်း ကြည့်၏။ ကာလကိုလည်း ကြည့်၏။ ပုဂ္ဂိုလ်ကိုလည်း ကြည့်၏။ မည်သည့်နေရာ မည်သည့်အချိန်၌ မည်သည့် ပုဂ္ဂိုလ်ကို လှူရမည် ဆင်ခြင်တတ်ခြင်းကို ဆိုခြင်းဖြစ်၏။

ထို့ပြင် လူသည် ကိုယ့်မိသားစုနှင့်ကိုယ် နေကြသည်ချည်း ဖြစ်၏။ ထိုသို့နေသောအခါ မိသားစု အရေး ဟူသည် ရှိသေး၏။ လူဖြစ်လျှင် လူ့တာဝန်အရ လောက၏တာဝန်ကိုလည်း ထမ်းရမည်ဖြစ်၏။ မိမိ၏ မိသားစုနှင့် ဆွေမျိုးများကိုလည်း နိုင်သလောက် စောင့်ရှောက်ရမည် ဖြစ်၏။ မိမိ၏ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း လုပ်ရမည်ဖြစ်၏။

ထို့ကြောင့် မြင့်မြတ်သူတို့သည် ပေးလှူခြင်း ဒါနလုပ်ငန်းကို ပြုသော် လည်း အလှူပစ္စည်းနှင့် ပတ်သက်၍ မနိုင်သည့် ဝန်ကို မထမ်း။ မိမိ တတ်နိုင်သလောက်သာ လှူ၏။လူအထင်ကြီးခံရစေရေးငှာြွေကး ပတ်လည်ဝိုင်းနေရလောက်အောင် လုပ်၍လည်း မလှူ။ အခြားသူတို့ ၏အလှူထက် သာအောင် လုပ်၍ လည်း မလှူ။ သို့သော် မြင့်မြတ် သူများသည် လိုအပ်လာလျှင်တော့ စည်းစိမ်ပြုတ်ချင် ပြုတ်ပါစေ။ကိုယ် အင်္ဂါအစိတ်အပိုင်းများကို စွန့်ချင် စွန့်ရပါစေ။ နောက်ဆုံး အသက်ပင် အသေခံရပါစေ၊ အားလုံးကိုစွန့်လွှတ် နိုင်၏။ မလိုအပ်သေးလျှင်သာ ဘာမှ မလုပ်ဘဲ နေချင်နေမည် ဖြစ်၏။

(သီလ ပါရမီ)
မြင့်မြတ်သူတို့သည် အလှူ ဝတ္ထုနှင့်ပတ်သက်လျှင် သန့်သန့် ရှင်းရှင်းဖြစ်အောင် လုပ်၏။ ဝတ္ထု ပစ္စည်းသန့်ရှင်းခြင်းဟူသည် နှစ်မျိုး ရှိ၏။ ယင်းတို့မှာ လှူမည့် ပစ္စည်း ဝတ္ထုကို အညစ်အကြေးကင်းကင်း ဖြစ်အောင်၊ သပ်သပ်ရပ်ရပ် ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း ဖြစ်အောင် စီမံခြင်းနှင့် ထိုလှူမည့် ပစ္စည်းကို တရားသဖြင့် ရှာဖွေထားသဖြင့် မတရားသဖြင့် ရှာဖွေမှုမှ စင်ကြယ် သန့်ရှင်းခြင်းတို့ဖြစ်၏။ လောက၌ သူ့အသက်သတ်ခြင်းဖြင့် ရရှိလာသော စီးပွားဥစ္စာကို အသုံးပြု၍ ရောင်းဝယ် လဲလှယ်ထားသော ပစ္စည်းများကို လှူခြင်းလည်းရှိ၏။ ခိုးရာပါပစ္စည်းဖြင့် လှူခြင်းမျိုးလည်း ရှိ၏။ လိမ်လည်လှည့်ပတ်၍ ရလာသော ပစ္စည်းများကို လှူခြင်းမျိုး လည်း ရှိ၏။ အခြားမတရားသော စီးပွားရှာဖွေမှုမှ ရရှိလာသော ငွေကြေးတို့ဖြင့် လှူခြင်းမျိုးလည်း ရှိ ၏။ အမှန်အားဖြင့် ထိုလှူခြင်းမှန် သမျှသည် မြင့်မြတ်သူတို့၏လှူခြင်းမျိုး မဟုတ်။ ကိုယ်ကျင့်သိက္ခာကို အလေးမထားသော မိမိအကျိုးရရှိ ရေးကိုသာ မျှော်တတ်သည့်သူများ ၏လှူခြင်းမျိုးသာ ဖြစ်၏။

ထိုလှူခြင်းမျိုးဖြင့် လှူလျှင် အကျိုးကတော့ ဒါနလုပ်ငန်းအရ ရတော့ ရမည် ဖြစ်၏။ သို့သော် အလှူက မဖြူစင်သည့်အတွက် အကျိုးကလည်း မဖြူမစင်သာ ရမည်ဖြစ်၏။ မြင့်မြင့်မြတ်မြတ်တော့ ရမည် မဟုတ်။ လှူသော ဝတ္ထု ပစ္စည်းချင်းက တူသော်လည်း အကျိုးကို ဖြူဖြူစင်စင် ရချင်လျှင် မြင့်မြင့်မြတ်မြတ်ရချင်လျှင် လှူပုံ လှူနည်းကို ဖြူဖြူစင်စင်ဖြစ်အောင် လုပ်ဖို့လို၏။ မြင့်မြင့်မြတ်မြတ်ဖြစ် အောင်လုပ်ဖို့ လို၏။

မြင့်မြတ်သူတို့၏ ဒါနလုပ်နည်း သည် များစွာမှတ်သားဖွယ်ကောင်းပါ၏။ မြင့်မြတ်သူတို့သည် ဒါန လုပ်ငန်းကို လုပ်သောအခါ မိမိ၏ စိတ် အခြေအနေအရလည်း မိမိ အကျိုးကို မမျှော်။ အလှူခံပုဂ္ဂိုလ်၏ အရေးကိုသာ မျှော်၏။ မိမိ လှူသော ပစ္စည်းကို အလှူခံမည့်သူ အဆင်ပြေပြေ သုံးဆောင်ရလျှင် ကျေနပ် ၏။ ဘာကိုမှ မမျှော်ကိုး။ လှူမည် ဟု ဆုံးဖြတ်ထားလျှင် မည်သူက ဖျက်ဖျက် မပျက်ရလေအောင် ဖြစ်သည့်နည်းနှင့် ရအောင်လှူ၏။ ထို ဒါနလုပ်ငန်းနှင့်ပတ်သက်၍ အလှူပွဲ မပြီးဆုံးမချင်း ကိုယ်ကျင့်တရားကို ပြည့်ပြည့်ဝ၀ စောင့်ထိန်း၏။ အကြောင်းမှာ မြင့်မြတ်သူတို့သည် သူတို့လုပ်ငန်း မှန်သမျှကို ကိုယ်ကျင့် သိက္ခာမြင့်မားမှုအပေါ်တည်ဆောက် ထားလိုကြခြင်းကြောင့် ဖြစ်ပါ၏။ (အလှူပွဲ ပြီးသွားလျှင်တော့ ကိုယ်ကျင့်တရား ပျက်ပါစေဟု ရည်ရွယ်ခြင်း မဟုတ်။ သီလပြည့်စုံမှု ကိုသာ ဖော်ပြလိုရင်း ဖြစ်ပေသည်)

(နိက္ခမ ပါရမီ)
မြင့်မြတ်သူတို့သည် မိမိ ပြုသောဒါနနှင့် ပတ်သက်၍ ပစ္စည်း ဝတ္ထုအပေါ် တွယ်တာမှုကို အပြတ် စွန့်ပယ်ထားကြ၏။ မိမိချစ်သောသူ များကိုတော့ တန်ဖိုးကြီးကြီးလှူပြီး မိမိနှင့်မပတ်သက်သောသူများကို ရိုးရိုးပစ္စည်းလှူ၍ မိမိမကြိုက်သည့် သူများကိုကား မလှူဘဲနေခြင်းမျိုး မဖြစ်အောင် သတိပြု၏။ မြင့်မြတ်သူတို့သည် လှူမည့်ဝတ္ထုပစ္စည်း၌ သာ တွယ်တာမှုကို စွန့်ပယ်ထားသည် မဟုတ်။ မိမိ ပြုသောဒါန ၏အကျိုးဆက်ကြောင့် ရရှိလာနိုင် သော သုဂတိအကျိုး၊ စည်းစိမ် ဥစ္စာအကျိုး စသည်တို့အပေါ်လည်း တွယ်တာမှုကို စွန့်ပယ်ထားကြပါ၏။ ဒါနကိုပြုလျှင် ပတ်ဝန်းကျင်က ဖြစ်စေ၊ အလှူခံပုဂ္ဂိုလ်တို့က ဖြစ်စေ ချီးမွမ်းမှုများလည်း ဆိုလာနိုင်၏။ ကျေးဇူးတင်ပါသည်ဟုလည်း ပြောလာနိုင်၏။ အလှူအတန်း ရက်ရောလိုက်တာ ဟု မိမိ ကြားအောင် ဖြစ်စေ၊ မကြားတကြား ဖြစ်စေ၊ ကွယ်ရာ၌ဖြစ်စေ ချီးကျူး တတ်ကြသည်။ သို့သော် ထိုချီးမွမ်းမှု များ စသည်တို့ကိုလည်း မသာယာ တတ်အောင် လေ့ကျင့်ထားကြပြီး ဖြစ်သည်။ အကယ်၍ သာယာမိလျှင်လည်း သာယာခြင်း ဟူသည် တဏှာပင် ဖြစ်သည့်အတွက် လိုချင် မက်မော၍ လှူသည့်သဘောမျိုး ရောက်သွားနိုင်သည်ကို သိသဖြင့် ထိုသာယာမှုကို ချက်ချင်းပင် ဖျောက်ဖျက်၏။

(ပညာ ပါရမီ)
မြင့်မြတ်သူတို့သည် မိမိတို့လုပ်သော ဒါနလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်း၌ မည်သို့မည်သို့လုပ်လျှင် အကောင်းဆုံး ဖြစ်မည်ကိုကျွမ်းကျင်ကြပါသည်။ ရရှိလာနိုင်သောအကျိုး၌လည်း နားလည်ထားကြပြီး ဖြစ်ပါ ၏။ မည်သည့် အချိန်၌ မည်သည့် ဝတ္ထုကို လှူလျှင် မိမိ ရွေးချယ်ထား သောပုဂ္ဂိုလ်အတွက်အသင့်လျော်ဆုံး ဖြစ်မည်ကိုလည်း ပိုင်နိုင်ကြပါ၏။ဒါန လုပ်ငန်းနှင့် ပတ်သက်၍ မည်သို့ သော စိတ်ထားကို ထား၍ မည်သို့ ဦးတည်ချက် ထားရမည်ကိုလည်း စနစ်တကျ သိမြင်ကြပါ၏။ အားလုံး ကျကျနန စီမံနိုင်၏။ ဟာကွက်ဟူ၍ ပြောစရာ မရှိလောက်အောင် လိမ္မာ ကြပါ၏။

(ဝီရိယ ပါရမီ)
မြင့်မြတ်သူတို့ ဒါနပြုကြပြီဆို လျှင် အားစိုက်မှုအရလည်း သာမန် လူတို့နှင့်မတူ။ စောစော ထရမည်ဆိုလည်း ပြဿ     နာမရှိ။ နေဝင် မိုးချုပ်ထိ လုပ်ရမည်ဆိုရင်လည်း လုပ်နိုင်၏။ ပင်ပင်ပန်းပန်း လုပ်ရလျှင်လည်း ကိစ္စမရှိ။ ဝီရိယ နည်း မှုကြောင့်တော့ မိမိ၏လုပ်ငန်းကို အပျက်မခံ၊အလုပ်မှန်သမျှကို စိတ်ဝင်တစား လုပ်၏။ ပျင်းပျင်းရိရိ မလုပ်ချင်လုပ်ချင်ဖြင့် လုပ်ခြင်း မျိုးမရှိ။ တက်တက်ြွကြွကဖြင့် ဒါနလုပ်ငန်းကို အားတက်သရော လုပ်ကိုင်ခြင်း ဖြစ်၏။ မည်သို့သော အခက်အခဲကိုတွေ့သည် ဖြစ်စေ၊ မိမိ၏ဒါနလုပ်ငန်းကို အောင်မြင် ပြီးမြောက်သည်အထိ စွမ်းစွမ်းတမံ အားထုတ်ကြခြင်းမှာ မြင့်မြတ်သူတို့၏ပုံသဏ္ဌာန်ပင် ဖြစ်ပါ၏။

(ခန္တီပါရမီ)
ဒါနလုပ်ငန်းကို လုပ်ကြရာ တွင် အခက်အခဲများကိုလည်းတွေ့ နိုင်၏။စော်ကားမော်ကားအပြုအမူ များနှင့် စကားလုံးများဖြင့်လည်း ပြုမူခံရနိုင်၏။ အပြောအဆို ခံရ နိုင်၏။ မိမိထက် ရာထူးကြီးသူ၊ အသက်ကြီးသူ စသော အထက် လူကြီးတစ်ဦးဦး၏ မာန်မဲမှုမျိုး ကိုလည်း ခံရနိုင်၏။ အဆူအငေါက်ကိုလည်း ခံရနိုင်၏။ မိမိက ကောင်းရာ မွန်ရာ ဖြစ်သော ဒါန လုပ်ငန်းကို လုပ်နေပါသော်လည်း အကဲ့ရဲ့ခံချင် ခံရနိုင်၏။ ရှုံ့ချပြစ်တင် မှုမျိုးလည်း ကြုံရနိုင်၏။ မည်သို့ပင် ဖြစ်စေ မြင့်မြတ်သူတို့သည် မိမိတို့၏ ဒါနလုပ်ငန်းကို အထိခိုက်မခံကြ။ ပျက်ပြားမခံကြ။ အားလုံးကို သည်းခံ၍ မိမိ လုပ်စရာရှိသော အလုပ်ကိုသာ ပြီးမြောက်အောင် လုပ်၏။ သည်းခံသည် ဆိုသော်လည်း အထက်လူကြီးများမို့ မလွှဲ သာ၍ သည်းခံခြင်းမျိုးမဟုတ်။ လူကြီးများမို့ ပြောမကောင်းသဖြင့် အားနာ၍ သည်းခံခြင်းမျိုး မဟုတ်။ အမှန်အားဖြင့် အပြစ်မမြင်သော ခွင့်လွှတ် နားလည်ခြင်းမျိုးဖြင့် သည်းခံ၍ မိမိ၏ ဒါနလုပ်ငန်းကို ပြုကြခြင်း ဖြစ်ပါသည်။

(သစ္စာ ပါရမီ)
ထို့ပြင် မြင့်မြတ်သူတို့သည် မိမိတို့ ရည်ရွယ်ထားသည့်အတိုင်း လှူ၏။ ပြောထားသည့်အတိုင်း ဖြစ် အောင် လုပ်၏။ အပြောတစ်မျိုး အလုပ်တစ်မျိုး အဖြစ်မခံကြ။မည်ရွေ့ မည်မျှလှူမည်ဟု လေကြီး လေကျယ်ပြော၍ တကယ်လှူသောအခါ၌ ပြောသလောက် မလှူဘဲ ဟန်လောက်သာ လှူခြင်းမျိုးမရှိ။ ဤရွေ့ဤမျှ လှူထားလျှင်လည်း ဤရွေ့ ဤမျှ လှူထားပါသည်ဟုသာ ဆို၏။ အပိုလည်း မပြော၊ အလိုလည်း မပြော။ မိမိက အချို့ နေရာ၌ မှားမှားယွင်းယွင်း လုပ်မိသွား၍ တစ်စုံတစ်ဦးက မှားယွင်းကြောင်း ပြောလာလျှင်လည်း အမှားကို မြတ်နိုးစွာဝန်ခံ၍ အမှန်ကိုပြင်၍ လုပ်နိုင်၏။ ငါသိပါတယ်ဟူသော မာန်ဖြင့်တင်း၍ အမှားကို ဆက်၍ မကျူးလွန်။ မိမိကိုမှားသည်ဟု ပြော သောကြောင့်လည်း မကျေနပ်ခြင်း မဖြစ်ဘဲ အမှန်ကိုဆိုလျှင် ရဲရဲဝံ့ဝံ့ လက်ခံနိုင်၏။ မိမိပြုသော ဒါန လုပ်ငန်းကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ ဖြစ်စေဖို့ဆိုလျှင် ကိုယ်က မွေးလျှင် ကိုယ့်သားလောက်သာရှိ သော အရွယ်များက ပြောလာလျှင် လည်း ရိုရိုသေသေ နာခံမှတ်သား ၏။ မြင့်မြတ်သူများသည် အမှန် တရားကို ဤသို့ချစ်မြတ်နိုး၍ မိမိ၏ ဒါနလုပ်ငန်းကို အကောင်အထည် ဖော်ကြပါ၏။

(အဓိဋ္ဌာန် ပါရမီ)
မြင့်မြတ်သူတို့သည် ဒါန လုပ်ငန်းကို လုပ်ရာတွင် ခိုင်မာသော စိတ်ဓာတ်ဖြင့် လုပ်ငန်းမပြီးမချင်း စိတ်ဆုတ်နစ်မှုမျိုးမရှိ။ မည်သည့် အကြောင်းနှင့်မျှ မိမိ၏ဆုံးဖြတ်ချက် ကိုမပြင်။ ပြဿ     နာမြောက်မြားစွာ နှင့်ကြုံရသော်လည်း အဓိဋ္ဌာန်ကို မဖျက်။ မဖြစ် ဖြစ်အောင်လုပ်၏။ ထိုသို့လုပ်ရာတွင် တရားသော ဆုံးဖြတ်ချက်မျိုးကိုသာ ချ၏။ မလုပ် ခင်ကလည်း ပြီးမြောက်အောင်လုပ် မည်ဟု သန္နိဋ္ဌာန်ချထားပြီးဖြစ်၏။ လုပ်ဆဲ၌လည်း ယင်းသန္နိဋ္ဌာန်ကို ပျက်ပြားမသွားအောင် မိမိ၏စိတ် ကို အစဉ်မြှင့်တင်ခြင်းဖြင့် သတိပေး၏။

(မေတ္တာ ပါရမီ)
ထို့ပြင် မြင့်မြတ်သူတို့သည် အလှူခံပုဂ္ဂိုလ်အား ချစ်ခင်သော မျက်စိဖြင့်ကြည့်၍ မိမိတို့၏အလှူ ပစ္စည်းကို လှူကြခြင်းဖြစ်၏။ သူတောင်းစားကိုလည်း မေတ္တာထား နိုင်၏။ရန်သူကိုလည်း မေတ္တာထား ၍ လှူနိုင်၏။ အားလုံးအပေါ် တစ်သားတည်းသော မေတ္တာစိတ်ကို မွေးခြင်းဖြင့် အလှူဒါနကို ပြု၏။ စော်စော်ကားကားအပြောခံရသော် လည်း မေတ္တာမပျက်သောစိတ်ကို မွေး၏။ မိမိအနေနှင့် ထိုအလှူခံ တို့၏လိုအပ်မှုကို ဖြည့်ဆည်းလိုက် ရလျှင် ကျေနပ်ဝမ်းသာ၏။ ကဲ့ရဲ့မှု၊ ရှုံ့ချမှု၊ စော်ကားမှုများနှင့်ကြုံရလေ မေတ္တာစိတ်ကို ထက်ထက်သန်သန် ဖြစ်အောင် ကြိုးပမ်းလေ ဖြစ်၏။

(ဥပေက္ခာ ပါရမီ)
အကယ်၍ အလှူကိုပြုနေစဉ် တစ်စုံတစ်ဦးကသော်လည်းကောင်း၊ အလှူခံပုဂ္ဂိုလ်ကိုယ်တိုင်ကသော် လည်းကောင်း မိမိအား စိတ်ကသိ ကအောက် ဖြစ်စေလျှင်လည်း စိတ် ပျက်ခြင်းမရှိ။ အကောင်းအဆိုးကြုံ လာသည့်အပေါ် တုန်လှုပ်မှု မဖြစ် စေရန် စိတ်ကို ဆောက်တည်၏။ မည်သူ့ထံမှလည်း ဘာမှမျှော်ကိုး ခြင်းမရှိ။ မိမိကို မည်သို့ပင် တိုက်ခိုက်သည် ဖြစ်စေ၊ မြှောက်ပင့်နေသည် ဖြစ်စေ၊ စိတ်ဆိုးခြင်း မရှိ၊ ဝမ်းမြောက်ခြင်း မရှိဘဲ မိမိ၏ ဒါန လုပ်ငန်းအပြီးသတ်နိုင်ရေးအတွက် သာ ဇောက်ချလုပ်ကိုင်၏။ စိတ် တစ်ခုလုံးကို လုပ်ငန်းအပေါ်၌သာ နှစ်၍ အခြားဘာကိုမျှ ဂရုမစိုက်ဘဲ မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း ဖြစ်၏။

မိမိလုပ်သော ဒါနလုပ်ငန်းသည် ဘုရားအစရှိသော သူတော်စင် တို့လုပ်ကြသည့် အလုပ်မျိုးဖြစ် သဖြင့် တစ်ခုသောကာလတွင် ဘဝ နိရောဓ၏အထောက်အပံ့ကောင်း ဖြစ်မည်ကိုလည်း သဘောပေါက်၏။ သံသရာချမ်းသာကိုလည်း မမက်မော။ ရခြင်း၊ မရခြင်းကို လည်း စိတ်ဝင်စားခြင်း မရှိ။ လှူချင်၍ လှူခြင်းဖြစ်၏။ သို့သော် မိမိ ပြုသောဒါန၏ အကျိုးအာနိသင်ကို မိမိရမည်မှာ မုချဖြစ်သည်ကိုလည်း ပညာဖြင့် မြင်ထားပြီး ဖြစ်သည်။ လောက၌ ဘာတစ်ခုမျှ အမြဲမရှိသည်ကိုလည်း ဥာဏ်ဖြင့် ဆင်ခြင်၏။ နှလုံးသွင်း၏။ တစ်လောကလုံး အတိဒုက္ခ ဖြစ်သည်ကိုလည်း ဥာဏ်ဖြင့် ဆင်ခြင်၏။ နှလုံးသွင်း ၏။ လောကသဘာဝ အားလုံး အနတ္တဖြစ်သည်ကိုလည်း ဥာဏ်ဖြင့် ဆင်ခြင်၏။ နှလုံးသွင်း၏။

မြင့်မြတ်သော သူများသည် ဒါနကို ပြုရာတွင် မြင့်မြတ်သော ဒါနမျိုးဖြစ်အောင်, အဘက်ဘက်မှ ပြည့်စုံအောင် ဤသို့ ဖန်တီးကြပါ၏။ အတုယူဖွယ်ကောင်းလေစွ။

credit to: ဖိုးဥာဏ်(လောကနတ်)



Friday 16 September 2016

ပါရမီ (၁၀) ပါး

(၁)     ဒါန ပါရမီ၊
(၂)     သီလ ပါရမီ၊
(၃)     နိက္ခမ ပါရမီ၊
(၄)     ပညာ ပါရမီ၊
(၅)     ဝီရိယ ပါရမီ၊
(၆)     ခန္တီ ပါရမီ၊
(၇)     သစ္စာ ပါရမီ၊
(၈)     အဓိဋ္ဌာန် ပါရမီ၊
(၉)     မေတ္တာ ပါရမီ၊
(၁၀)    ဥပေက္ခာ ပါရမီ။

(၁)    ဒါန ပါရမီ
ဒါနသည် စွန့်ခြင်း လက္ခဏာ ရှိ၏၊ ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊ မငြိ မတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော အခြင်းအရာ ရှိ၏၊ စွန့်လှူထိုက်သော ဝတ္ထုလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။

(၂)    သီလ ပါရမီ
သီလသည် ကိုယ်,နှုတ် နှစ်ပါးကို သိမ်းဆည်းသောအား ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊ မကောင်းသော ကိုယ်,နှုတ်အမှု ဟူသော အကုသိုလ် ဓမ္မကို ဖျက်ဆီးခြင်း ကိစ္စရှိ၏ ကိုယ်,နှုတ် အမှု ဖြူစင် သန့်ရှင်းခြင်း လျှင် ထင်သော ပစ္စပဋ္ဌာန်ရှိ၏၊ မကောင်းမှု တို့ပြုရန် ရှက်,ကြောက်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

(၃)    နိက္ခမ ပါရမီ
နိက္ခမသည် ကာမမှ လည်းကောင်း, ဘဝမှ လည်းကောင်း ထွက်ခွာ ကျွတ်လွတ်ခြင်း လက္ခဏာ ရှိ၏။ ကာမ၏ အပြစ်, ဘဝ၏အပြစ် တို့ကို အလင်းထင်အောင် ပြခြင်း ကိစ္စ ရှိ၏။ ထိုကာမ ဘဝကိုသာလျှင် မတွေ့လိုမှု, မျက်ကွယ်ပြု လိုသော အဖြစ်လျှင် ထင်သော ပစ္စပဌာန် ရှိ၏၊ ကာမဘေး, ဘဝဘေး တို့မှ ထိတ်လန့်သော အကြောင်း ပဒဌာန် ရှိ၏။

(၄)    ပညာ ပါရမီ
ပညာသည် သဘာဝ ဟုတ်မှန်တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာ ရှိ၏။ ဉာဏ်၏အရာ အာရုံ ဓမ္မ သဘာဝကို ထွန်းပြခြင်း ကိစ္စ ရှိ၏။ မတွေမဝေခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏။ စိတ်၏ တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

(၅)    ဝီရိယ ပါရမီ
ဝီရိယသည် အားသစ် ကြိုးပမ်းခြင်း လက္ခဏာ ရှိ၏၊ စိတ်ကို မလျော့မရဲ ခိုင်မြဲ တင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စ ရှိ၏၊ မတွန့်မဆုတ် ခြင်းလျှင် ထင်သော ပစ္စုပဌာန် ရှိ၏၊ ဇာတိဘေး, ဇရာဘေး, ဗျာတိဘေး, မရဏဘေး, စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီး အားသည်းဆွေ့ခုန် နှလုံးတုန်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဌာန် ရှိ၏။

(၆)    ခန္တီ ပါရမီ
ခန္တီသည် နှလုံးခိုင်ခန့်ခြင်း လက္ခဏာ ရှိ၏၊ လောက ဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံနိုင်ခြင်း ကိစ္စ ရှိ၏၊ သူတထူးတို့ ကျူးကျူး လွန်လွန် ဝန်တာပြစ်ဖို့ ပြု့သည်တို့ကို သူသို့တဖန် အမျက်မာန်ဖြင့် လှန်ပြန် မရှိ သည်းခံချိခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာ ရှိ၏၊ ဟုတ်မှန် တိုင်းသော ဓမ္မ သဘောကို မြင်နိုင်သော ဉာဏ်လျှင် ပဒဋ္ဌာန် ရှိ၏။

(၇)    သစ္စာ ပါရမီ
သစ္စာသည် သူတပါးကို မှတ်မှား,ယူမှား တိမ်းပါးချော်ချွတ်အောင် မပြုခြင်း လက္ခဏာ ရှိ၏၊ မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန် တိုင်းကိုသာ အလင်းဖွင့်ပြခြင်း ကိစ္စ ရှိ၏၊ မြွက်ဆိုသမျှ ယုံကြည်ရ၍ သြဇာနှစ်ဆီ ချိုဆိမ့်အီသော စကား ရှိသည်၏ အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ကိုယ်အမှု, နှုတ်အမှု ဖြူဖြောင့်မွေ့ခြင်း၌ အလေးဂရုပြုခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။

(၈)    အဓိဋ္ဌာန် ပါရမီ
အဓိဋ္ဌာန်သည် သဗ္ဗညု ဗောဓိ- ပစ္စေက ဗောဓိ- သာဝက ဗောဓိ ဟူသော ဗောဓိသုံးမျိုးတို့၏ အချေမူလ သမ္ဘာရ ဖြစ်ကုန်သော ဒါနမှု, သီလမှု, နိက္ခမမှု, ပညာမှု စသည်တို့၌ မရွေ့မယိုင် ကြံ့ခိုင်စွဲမြဲခြင်း လက္ခဏာ ရှိ၏၊ ထိုသမ္ဘာရမူ တို့၏ ဆန့်ကျင်ဘက် အသင်းကို နှိပ်နင်း ပယ်ရှားခြင်း ကိစ္စ ရှိ၏၊ ထိုသမ္ဘာရမူတို့၌ မလှုပ်မရှားသည်၏ အဖြစ်လျှင် ထင်ရှားသော ပစ္စုပဋ္ဌာန် ရှိ၏၊ ဒါန စသော ဗောဓိမူလ တရားစုလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

(၉)    မေတ္တာ ပါရမီ
မေတ္တာသည် သတ္တဝါတပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ သူတပါး၏ ကောင်းကြိုးကို လွန်စွာ သယ်ပိုးခြင်း ကိစ္စ ရှိ၏၊ လပြည့်ဝန်း ကဲသို့ ရွှန်းရွှန်းကြည်ဆွ အေးမြ ငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ သတ္တဝါတို့၏ နှစ်သက်ဖွယ်သော ဂုဏ်ကိုသာ ရှုမြင်တတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

(၁၀)  ဥပေက္ခာ ပါရမီ
ဥပေက္ခာသည် ချီးမြှောက်, ရှုတ်ချ နှစ်ဌာန၌ တူမျှ သမှု လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ ညီမျှသော သဘောအားဖြင့် ရှုခြင်း ကိစ္စ ရှိ၏၊ မုန်းသည်, ချစ်သည် နှစ်မည်နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ဘယ်သူမပြု မိမိမှုဟု အရှုအဆင်ခြင်း ကောင်းစွာမြင်သော ဉာဏ်ပညာလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

ဤတွင် ပါရမီ ဆယ်ပါးတို့၏ အသီးသီးသော သဘော လက္ခဏာကို ပြဆိုသော အခန်း ပြီး၏။

ပါရမီ = တဏှာ၊ မာန၊ ဒိဋ္ဌိ မပါသော အရည်အချင်း / မြင့်မြတ်သူတို့၏ အလုပ် ဖြစ်သည်။

ဘာဝနာ ၄မျိုး
၁။ ပြည့်စုံအောင် အလုံးစုံဖြည့်
၂။ စဉ်ဆက်မပြတ် နေ့စဉ်မပြတ်ဖြည့်
၃။ အချိန်အကြာကြီးဖြည့်
၎။ ရိုရိုသေသေ လေးလေးစားစားဖြည့်

ရိုသေလေးစားသဖြင့် ဘုရားကို လက်ယာဘက်ထား၍ လှည့်ပတ် ပူဇော်ခြင်း ဖြစ်သည်။ ရှစ်ဋ္ဌာန ထောင့်ရှစ်ထောင့်ကနေ ပူဇော် ကန်တော့ခြင်း ဖြစ်သည်။

ဒါနပြုလုပ်ခြင်းသည် စစ်ပွဲတစ်ခု တိုက်နေသကဲ့သို့ ဆင်တူသည်။ အသက်ကို မစွန့်နိုင်ပဲ စစ်တိုက်၍ မဖြစ်သကဲ့သို့ ပစ္စည်းဥစ္စာ မစွန့်နိုင်ပဲ ဒါနပြုခြင်း မဖြစ်နိုင်ချေ။

ပစ္စည်းစွန့်လွတ်သည့်အခါ ကိုယ်ကျင့်တရားကောင်းဖို့လိုသည်။ ကိုယ်ကျင့်တရားမရှိလျှင် ပစ္စည်းစွန့်လွတ်ခြင်းသည် ကြာရှည်မှု မရှိနိုင်ချေ။ (အဒိန္နဒါန)
ပစ္စည်းကြောင့် ကိုယ်ကျင့်တရား ပျက်နိုင်တယ်၊ ကိုယ့်ခန္ဓာကြောင့် ကိုယ်ကျင့်တရား ပျက်နိုင်တယ်၊ ကိုယ့်အသက်ကြောင့် ကိုယ်ကျင့်တရား ပျက်နိုင်တယ်။

လွယ်လွယ်ကူကူ သီလပျက်နိုင်တယ်။ သီလအကျင့် ကြာရှည်ဖို့အတွက် ကာမဂုဏ်တွေကို စွန့်ဖို့လိုတယ်။ (နိက္ခမ္မ ပါရမီ)

ကာမဂုဏ်တွေကို စွန့်သည့်အခါမှာ ပညာလိုတယ်။ (ပညာ ပါရမီ)

ပညာပါရမီအတွက် ကြိုးပမ်းအားထုတ်မှု လိုတယ်။ (ဝီရိယ ပါရမီ)

ကြိုးစားအားထုတ်သည့်အခါမှာ အခက်အခဲတွေကို ရင်ဆိုင်တဲ့အခါမှာ စိတ်ဓာတ်ကျခြင်း၊ အောင်မြင်သည့်အခါ စိတ်ကြီးဝင်ခြင်း မရှိခြင်း၊ စိတ်ဓာတ်ကြံ့ ခိုင်ခြင်း။ (ခန္တီပါရမီ)

စိတ်ဓာတ်ကြံ့ ခိုင်ဖို့အတွက် မှန်ကန်မှု ရှိဖို့လိုတယ်။ (သစ္စာ ပါရမီ)

စွဲစွဲမြဲမြဲ လုပ်တတ်ဖို့လိုတယ်။ (အဓိဋ္ဌာန် ပါရမီ)

အများနှင့် လုပ်နေရတဲ့အတွက် မေတ္တာဓာတ်လိုတယ်။ (မေတ္တာ ပါရမီ)

အကောင်း၊ အဆိုး တုံ့ပြန်မှုတွေကို ဥပေက္ခာ ထားဖို့လိုတယ်။ (ဥပေက္ခာ ပါရမီ)

လူဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်း၊ အကြောင်းတရားပြည့်စုံခြင်း၊ ဘုရားစင်စစ်နှင့် တွေ့ရှိမှု ရှိခြင်း၊ ရေသေ့ သူတော်စင်အဖြစ်ရှိနေခြင်း၊ ဈာန် အဘိဉာဏ်ရရှိနေခြင်း၊
လွန်လွန်ကဲကဲ ပြုလုပ်သော ကုသိုလ်ကောင်းမှု ရှိနေခြင်း၊ ပြင်းထန်သော ဆန္ဒ ရှိနေခြင်း (စကြာဝဋ္ဌာအပြည့်ရှိသော မီးကျီခဲ ပေါ်ဖြတ်သန်းနိုင်ခြင်းမျိုး)



Tuesday 6 September 2016

ဗျသနတရား ငါးပါး

ဉာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း

ရောဂဗျသန = မကျန်းမမာ အနာရောဂါ ဖြစ်ပွါးခြင်း

ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း

ဒိဋ္ဌီဗျသန = အယူမှားကို ယူခြင်း

သီလဗျသန = သီလ ပျက်စီးခြင်း



ဝိပတ္တိတရား လေးပါး

ကာလဝိပတ္တိ = ခေတ်ဆိုး၊ ကာလဆိုး

ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း

ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း

ပယောဂဝိပတ္တိ = သတိ၊ ဝီရိယ၊ ဉာဏ်ပညာ မရှိခြင်း

( အဘိ-ဋ္ဌ ၂၊ ၄၂၁ )



ရန်သူမျိုး ငါးပါး

ရေ

မီး

မင်းစိုးရာဇာ

သူခိုး ဒမြ

အမွေခံဆိုး

အက္ခဏ ရှစ်ပါး

မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူသော တရားတော်များကို လိုက်နာကျင့်သုံးခွင့်မရသော အခါသမယကို 'အက္ခဏ' ဟု ခေါ်သည်။ ယင်း အက္ခဏသည် ရှစ်မျိုးရှိ၏။

ယင်း အက္ခဏ ရှစ်မျိုးကိုပင် ရပ်ပြစ် ၈ ပါးဟု ခေါ်ကြ၏။

ဘုရားပွင့်ချိန်တွင် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ တဘုံ ဘုံ၌ ဖြစ်ရခြင်း

ဘုရားပွင့်ချိန်တွင် အသက်ရှည်သော အသညသတ်ဗြဟ္မာ၊ အရူပ ဗြဟ္မာ ဖြစ်ရခြင်း

ဘုရားပွင့်ချိန်တွင် အစွန်အဖျားကျသော ပစ္စန္တရစ်အရပ်၌ လူဖြစ်ရခြင်း

ဘုရားပွင့်ချိန်တွင် ဘုရားသာသနာတော် ထွန်းကားရာ အရပ်၌ လူဖြစ်သော်လည်း အယူဝါဒမှားကို ယူမိခြင်း

ဘုရားပွင့်ချိန်တွင် သာသနာထွန်းကားရာ အရပ်၌ လူဖြစ်သော်လည်း အသိဉာဏ် နုံ့လှ၍ ထူထိုင်း ဖျင်းအ ခြင်း

အရပ်ဒေသကောင်း၌ ဉာဏ်ရှိသော လူ ဖြစ်ရသော်လည်း ဘုရားမပွင့်သည့်အခါ၊ သာသနာပ အခါနှင့် ကြုံကြိုက်ခြင်း

( အင်္ဂုတ္တိုရ်၊ အဋ္ဌက၊ အက္ခဏသုတ် )



ကပ်သုံးပါး

သတ္ထန္တရကပ် = အချင်းချင်း လက်နက် အမျိုးမျိုး တို့ဖြင့် ထိုးခုတ် သတ်ဖြတ်၍ သေကြေ  သတ္ထန္တရကပ် = ပျက်စီးကြရခြင်း

ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ခေါင်းပါးသည့် ဘေးကြီးဆိုက်၍ သေကြေ ပျက်စီးကြရခြင်း

ရောဂါန္တရကပ် = ဝမ်းရောဂါ၊ ကျောက်ရောဂါ ကဲ့သို့သော ကပ်ရောဂါကြီးများ ကျရောက်၍ သေကြေ ပျက်စီးကြရခြင်း




အပါယ် လေးပါး

ငရဲ

တိရစ္ဆာန်

ပြိတ္တာ

အသူရကာယ်



လောကသုံးပါး

သတ္တလောက = သက်ရှိ သတ္တဝါ အားလုံး

ဩကာသလောက = သတ္တဝါတို့၏ တည်နေရာ ဘုံများ ( အပါယ်၎ဘုံ၊လူ့ဘုံ၊နတ်၆ဘုံ၊ဗြဟ္မာဘုံ၂၀ )

သင်္ခါရလောက = ဖြစ်တတ်ပျက်တတ်သော ရုပ်နှင့် နာမ



သပ္ပုရိသဒါန ငါးမျိုး

သပ္ပုရိသဒါန = သူတော်ကောင်းတို့၏ ပေးလှူခြင်း။

ကံနှင့် ကံ၏ အကျိုးကို ယုံကြည်မှုဖြင့် ပေးလှူခြင်း

အလှူခံ ပုဂ္ဂိုလ်ကိုလည်း ရိုသေ၊ အလှူဝတ္ထု ပစ္စည်းကိုလည်း အမွန်အမြတ်ပြု၍ ပေးလှူခြင်း

ပေးလှူသင့်သော အချိန်အခါ၌ ပေးလှူခြင်း

လှူအပ်သောပစ္စည်း၌ ငြိတွယ်ခြင်း မရှိပဲ လွတ်လွတ် ကျွတ်ကျွတ် ပေးလှူခြင်း

ကိုယ့်ဂုဏ်ကိုလည်း မထိပါး သူတပါးဂုဏ်ကိုလည်း မထိပါးစေပဲ ပေးလှူခြင်း

( အင်္ဂုတ္ထိုရ်၊ ပဉ္စက၊ ၁၅၂ )

တနည်း သပ္ပုရိသဒါန ငါးမျိုး

ရိုရိုသေသေ ပေးလှူခြင်း

အလှူခံပုဂ္ဂိုလ်ကိုလည်း ရွေးချယ်၍၊ လှူဖွယ်ဝတ္ထုကိုလည်း အမွန်အမြတ် ဖြစ်အောင် ပြုပြင် စီမံ၍ ပေးလှူခြင်း

ကိုယ်တိုင်ကိုယ်ကျ ပေးလှူခြင်း

အမြဲမပြတ် ပေးလှူခြင်း

ကံနှင့် ကံ၏ အကျိုးကို ယုံကြည်လျက် ပေးလှူခြင်း

( အင်္ဂုတ္တိုရ်၊ ပဉ္စက၊ ၁၅၂ )

အသပ္ပုရိသဒါန ငါးမျိုး

မရိုမသေ ပေးလှူခြင်း

အလှူခံပုဂ္ဂိုလ်ကိုလည်း မရွေးချယ်၊ လှူဖွယ်ဝတ္ထုကိုလည်း အမွန်အမြတ် ဖြစ်အောင် မပြုပြင် မစီမံပဲ ပေးလှူခြင်း

ကိုယ်တိုင် မလှူပဲ သူတပါးကို အလှူခိုင်းခြင်း

ရံဖန်ရံခါမှ ပေးလှူခြင်း

ကံနှင့် ကံ၏ အကျိုးကို ယုံကြည်မှု မရှိပဲ ပေးလှူခြင်း
( အင်္ဂုတ္တိုရ်၊ ပဉ္စက၊ ၁၅၁ )

အသပ္ပုရိသဒါန = မသူတော်တို့၏ ပေးလှူခြင်း

တနည်း သပ္ပုရိသဒါန ရှစ်မျိုး

သန့်ရှင်းစင်ကြယ်သော ပစ္စည်းကို ပေးလှူခြင်း

မွန်မြတ်သော ပစ္စည်းကို ပေးလှူခြင်း

သင့်လျော်သော အချိန်၌ ပေးလှူခြင်း

အပ်စပ်သော ပစ္စည်းကို ပေးလှူခြင်း

အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ ပေးလှူခြင်း

အမြဲမပြတ် စိတ်ကြည်လင်ခြင်း

ပေးလှူပြီးနောက် ဝမ်းမြောက်ခြင်း

(အင်္ဂုတ္တိုရ်၊ အဋ္ဌက၊ ၇၄ )



ချမ်းသာ လေးမျိုး

အတ္ထိသုခ = "ငါ့မှာ ပစ္စည်း ဥစ္စာရှိသည်" ဟုစဉ်းစားဆင်ခြင်၍ ချမ်းသာခြင်း

ဘောဂသုခ = ရှိသည့် ပစ္စည်းဥစ္စာကို သုံးဆောင် ခံစားရ၍ ချမ်းသာခြင်း

အာနဏျသုခ = ကြွေးမြီ ကင်းသည်ကို စဉ်းစားဆင်ခြင်မိ၍ ချမ်းသာခြင်း

အနဝဇ္ဇသုခ = ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး အပြစ်ကင်းသည်ကို စဉ်းစား ဆင်ခြင်မိ၍ ချမ်းသာခြင်း

ဤ ချမ်းသာ ၄ မျိုးအနက် ရှေ့ ၃ မျိုးသည် နောက်ဆုံးဖြစ်သော (အနဝဇ္ဇသုခ)
ကိုယ်၊ နှုတ်၊ စိတ် အပြစ်ကင်းခြင်းကြောင့် ရရှိသည့် ချမ်းသာ၏ တဆယ့်ခြောက်စိတ်စိတ် တစိတ်ကိုမျှ မမီကြောင်း မြတ်စွာဘုရား ဟောတော်မူ၏။
( အင်္ဂုတ္တိုရ်၊ စတုက္က၊ အာနဏျသုတ် )



လောကဓံတရား ရှစ်ပါး

လာဘ = ပစ္စည်းဥစ္စာ ရခြင်း

အလာဘ = ပစ္စည်းဥစ္စာ မရခြင်း

ယသ = အခြွေအရံ ပေါများခြင်း

အယသ = အခြွေအရံ မရှိခြင်း

နိန္ဒာ = အကဲ့ရဲ့ခံရခြင်း

ပသံသာ = အချီးမွမ်းခံရခြင်း

သုခံ = ချမ်းသာခြင်း

ဒုက္ခံ = ဆင်းရဲခြင်း



သူမိုက် သူယုတ် လက္ခဏာ သုံးပါး

သူမိုက် သူယုတ် လက္ခဏာ သုံးပါး

မကောင်းမှုကိုသာ ကြံစည်ခြင်း၊

မကောင်းသော အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်း၊

မကောင်းမှုကိုသာ ပြုလုပ်ခြင်း။

သူတော် သူမြတ် လက္ခဏာ သုံးပါး

ကောင်းမှုကိုသာ ကြံစည်ခြင်း၊

ကောင်းသော အပြစ်ကင်းသော စကားကိုသာ ပြောဆိုခြင်း၊

ကောင်းမှုကိုသာ ပြုလုပ်ခြင်း။

သူယုတ်ဟု သိကြောင်း လက္ခဏာ

သူတပါး၏ အပြစ်ကို တစုံတယောက်က မမေးပဲလျက် ပြောတတ်ခြင်း၊ မေးလျှင်ကား သာသာထိုးထိုး ချဲ့ကား၍ ပြောတတ်ခြင်း။

မိမိ၏ အပြစ်ကိုမူ တစုံတယောက်က မမေးလျှင် မပြောပဲ ဖုံးထားတတ်ခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း။

သူတပါး၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးလျှင် မပြောပဲထားခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း

မိမိ၏ ဂုဏ်ကျေးဇူးကိုမူ မမေးပဲလျက် ထုတ်ဖော် ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပိုပိုမိုမို သာသာထိုးထိုး ပြောခြင်း။

ဤ အကြောင်းအချက် လက္ခဏာ ၄ ပါးနှင့် ပြည့်စုံသူကို သူယုတ် ဟု သိနိုင်၏။
( အင်္ဂုတ္ထိုရ်၊ အဋ္ဌက၊ သပ္ပုရိသသုတ် )


သူတော်ကောင်းတရား ၇ ပါး နှင့် သိမှတ်ဖွယ်ရာများ

လူတော် လူကောင်း အရည်အသွေးများဖြစ်သော သူတော်ကောင်းတရား ၇ ပါး

သဒ္ဓါ = ရတနာသုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း၊

သတိ = ကုသိုလ်ကောင်းမှုတို့ကို မမေ့ခြင်း၊

ဟိရီ = မကောင်းမှု ပြုရမည်ကို ရှက်ခြင်း၊

ဩတ္တပ္ပ = မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်း၊

သုတ = အပြစ်ကင်းသော အကြားအမြင် ဗဟုသုတ၊

ဝီရိယ = ကုသိုလ်ကောင်းမှုတို့ကို အားထုတ်ပြုလုပ်ခြင်း၊

ပညာ = အသိ၊ အလိမ္မာ၊ အတတ်ပညာ၊

ဤဖော်ပြပါ အရည်အသွေးများကို သူတော်ကောင်း ဥစ္စာ ၇ ဖြာ ဟူ၍ လည်းကောင်း သူတော်ကောင်းတရား ၇ ပါး ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသည်။

အရိယာဥစ္စာ ၇ ဖြာ
သဒ္ဓမ္မဟု ခေါ်သည့် အထက်ပါ သူတော်ကောင်း တရား ၇ ပါးကို အရိယဓန = အရိယာဥစ္စာ ၇ ဖြာနှင့် ရေားထွေးနေတတ်ကြသည်။ အရိယာဥစ္စာ ၇ ဖြာမှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ(ဒါန)၊ ဟိရီ၊ ဩတ္တပ္ပ၊ ပညာ တို့ ဖြစ်ကြသည်။

လောကပါလ တရားနှစ်ပါး
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊
လောကပါလ = လောကကို စောင့်ရှောက်သော တရား။

ဝိဇ္ဇာသုံးပါး
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးရှေး ဘဝတို့၌ ဖြစ်ခဲ့ သမျှကို ပြန်၍ သတိရနိုင်သိနိုင်သော ဉာဏ်
ဒိဗ္ဗစက္ခုဉာဏ် = နတ် မျက်စိကဲ့သို့ အဝေး၌ ရှိသောအရာ၊ သေးငယ်သော အရာတို့ကို မြင်နိုင်သော  ဒိဗ္ဗစက္ခုဉာဏ် = ဉာဏ်
အာသဝက္ခယဉာဏ် = ကိလေသာ အာသဝေါ တို့ကို ကုန်ခန်းစေသော ဉာဏ်

ဝိဇ္ဇာရှစ်ပါး
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
ဒိဗ္ဗစက္ခုဉာဏ်
အာသဝက္ခယဉာဏ်
ဝိပဿနာဉာဏ် = ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသော ဉာဏ်
စေတောပရိယဉာဏ် = သူတပါးစိတ်ကို သိသော ဉာဏ်
မနောမယိဒ္ဓိဉာဏ် = မိမိ ခန္ဓာကိုယ် အတွင်း၌ တခြားခန္ဓာကိုယ်တခုကို စိတ်ဖြင့် ဖန်ဆင်း နိုင်သော  မနောမယိဒ္ဓိဉာဏ် = ဉာဏ်
ဒိဗ္ဗသောတဉာဏ် = အဝေမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သော ဉာဏ်
ဣဒ္ဓိဝိဓဉာဏ် = တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်

စရဏတရား တဆယ့်ငါးပါး
သီလ = ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း။ ငါးပါး သီလ၊ ရှစ်ပါး သီလ၊ပါတိမောက္ခသံဝရ သီလ စသည်များ
ဣန္ဒြိယသံဝရ = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣနြေ္ဒ ခြောက်ပါးနှင့် စပ်၍  ဣန္ဒြိယသံဝရ = ကိလေသာ မဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း
ဘောဇနေမတ္တညုတာ = အစားအသောက်ကို သင့်တင့်အောင် ချင့်ချိန်၍ စားသောက်ခြင်း
ဇာဂရိယာနုယောဂ = နိုးနိုးကြားကြား ရှိမှု၊ သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း
သဒ္ဓါ = ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု
သတိ = ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း
ဟိရီ = မကောင်းမှုပြုရမည်ကို ရှက်ခြင်း
ဩတ္တပ္ပ = မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်း
ဝီရိယ = ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း
သုတ = အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ
ပညာ = အသိ၊ အလိမ္မာ၊ အတတ် ပညာ
ပထမဈာန်
ဒုတိယဈာန်
တတိယဈာန်
စတုတ္ထဈာန်

ဆောင်ပုဒ်
သီဣန်ဘောဇော၊ ခုနစ်ဖြာသဒ္ဓမ္မ၊ ဈာန်လေးဝ၊ စရဏ တဆယ့်ငါး။

လောကသုံးပါး
သတ္တလောက = သက်ရှိ သတ္တဝါ အားလုံး
ဩကာသလောက = သတ္တဝါတို့၏ တည်နေရာ ဘုံများ ( အပါယ်၎ဘုံ၊လူ့ဘုံ၊နတ်၆ဘုံ၊ဗြဟ္မာဘုံ၂၀ )
သင်္ခါရလောက = ဖြစ်တတ်ပျက်တတ်သော ရုပ်နှင့် နာမ်

ပုညကြိယာ ၀တ္ထု ၁၀ပါး

သူတော်ကောင်းတို့ ကုသိုလ်ကောင်းမှု ပြုကျင့်ရာဖြစ်သော ပုညကြိယာ ၀တ္ထု ၁၀-ပါး

ပုညကိရိယ = ပြုထိုက်သည့် ကောင်းမှု၊

ဝတ္ထု = ကောင်းကျိုးတို့၏ တည်ရာ၊

ပုညကိရိယ ဝတ္ထု = ကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ပြုထိုက်သည့် ကောင်းမှုများ။

၁။ ဒါန၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။

၂။ သီလ၊ ကိုယ်ကျင့်သီလ ကောင်းအောင် စောင့်ထိန်းခြင်း။

၃။ ဘာဝနာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်း။

၎။ အပစာယန၊ ရိုသေထိုက်သူတို့ကို ရိုသေခြင်း။

၅။ ဝေယျာဝစ္စ၊ ကုသိုလ်ရေးတို့၌ ပါဝင်ဆောင်ရွက်ခြင်း။

၆။ ပတ္တိဒါန၊ မိမိပြုလုပ်သောကုသိုလ်ကို သူတစ်ပါးအား အမျှပေးဝေခြင်း။

၇။ ပတ္တာနုမောဒနာ၊ သူတစ်ပါး ပြုလုပ်သောကုသိုလ်ကို ၀မ်းမြောက်ခြင်း။

၈။ ဓမ္မဿ     ၀န၊ သူတော်ကောင်းတရား နာကြားခြင်း။

၉။ ဓမ္မဒေသနာ၊ လာဘ်ကိုမငဲ့ကွက်ဘဲ သူတော်ကောင်းတရား ဟောကြားခြင်း။

၁၀။ ဒိဋ္ဌိဇုကမ္မ၊ အယူကို ဖြောင့်မတ် မှန်ကန်စွာယူခြင်း။

ဒါန = စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း၊

သီလ = ငါးပါး၊ ရှစ်ပါး စသည် သီလ စောင့်ထိန်းခြင်း၊

ဘာဝနာ = တရားအားထုတ်ခြင်း၊

အပစာယန = ရိုသေထိုက်သူကို ရိုသေခြင်း၊

ဝေယျာဝစ္စ = ကုသိုလ် လုပ်ငန်းတို့ကို ဝိုင်းဝန်း ဆောင်ရွက်ခြင်း၊

ပတ္တိဒါန = မိမိပြုသည့် ကုသိုလ်အဖို့ကို အမျှဝေခြင်း၊

ပတ္တာနုမောဒန = သူတပါးပြုသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း၊

ဓမ္မဿ     ဝန = သူတော်ကောင်းတရား နာကြားခြင်း၊

ဓမ္မဒေသနာ = သူတော်ကောင်းတရား ဟောကြားခြင်း၊

ဒိဋ္ဌိဇုကမ္မ = ဖြောင့်မှန်သော အယူဝါဒ။


Thursday 1 September 2016

☆“ဗုဒ္ဓါနုဿ      တိ ကမ္မဋ္ဌာန်း”☆


☆ သို့သော် ဒီနေရာမှာ ဗုဒ္ဓါနုဿ     တိကမ္မဋ္ဌာန်း ရှုပွားပုံကိုလည်း ကြားညှပ်ပြီး နည်းနည်းကလေး ပြောပြပါ့မယ်။ မေတ္တာကမ္မဋ္ဌာန်းကို သင်ပြီးတဲ့ နောက် ပိုင်းမှာ ဘုန်းကြီးကတော့ များသောအားဖြင့် ဗုဒ္ဓါနုဿ  တိကမ္မဋ္ဌာန်းကို သင်ပေးပါတယ်။ ဘာကြောင့်လဲ? မေတ္တာဈာန်တွေ ပွားများထားတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန် မှာ စိတ်ထားတွေက အင်မတန် နူးညံ့ပျော့ပျောင်းနေပါတယ်။ နူးညံ့ပျော့ပျောင်းနေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်ထားသည် ဂုဏ်တော်တွေကို ပွားများခဲ့မယ် ဆိုလျှင်တော့ အင်မတန် အစွမ်းထက်လာပါတယ်။ သိပ်ပြီးတော့လည်း ထိရောက်ပါတယ်။ ဒီလိုဆိုလျှင် ဂုဏ်တော်ကို ဘယ်လို ပွားရမလဲ?

☆ ပွားဖို့ နည်းစနစ်ကို ဘုန်းကြီး သင်ပေးနေကျအတိုင်း ပြောရမယ်ဆို လျှင်တော့ အဖြူရောင်ကသိုဏ်းကို စတုတ္ထဈာန်သမာဓိဆိုက်အောင် ပြန်ပြီး ထူထောင်ရပါတယ်။ ထူထောင်လိုက်လို့ လင်းရောင်ခြည်စွမ်းအားတွေက သိပ်ထက်လာတဲ့ အချိန်အခါမှာ ထိုလင်းရောင်ခြည်ဖြင့် မိမိ ကြည်ညိုမြတ်နိုး နေတဲ့ ရုပ်ပွားတော်တစ်ဆူရဲ့ ပုံတော်ကို လှမ်းပြီး ပထမတော့ အာရုံယူရ
ပါတယ်။

☆ သို့သော် ပုံတော်ကို ပွားမည့်လုပ်ငန်းစဉ်တော့ မဟုတ်သေးပါဘူး။ ပုံတော်သည် လုံးလုံး မပွားများကောင်းဘူးလို့တော့ ဒီလို မဆိုလိုပါဘူး။ ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ ရူပကာယတော်ရဲ့ တင့်တယ်စံပယ်တော်မူပုံကို အာရုံယူပြီး ပွားနိုင်တဲ့ ဘုရားရှင်ရဲ့ ဘဂ၀ါဂုဏ်တော်တွေ ရှိကြပါတယ်။ ထိုဂုဏ်တော်တွေထဲမှာ #သိရီဘုန်းတော် လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ဒီဘဂ၀ါဂုဏ်တော်ထဲမှာ တစ်ခု အ၀င်အပါဖြစ်နေတဲ့ သိရီဘုန်းတော်က ရူပကာယရဲ့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပုံကို အာရုံယူပြီး ပွားများတဲ့ ဂုဏ်တော်ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပုံတော်ကို
အာရုံယူပြီး ပွားတဲ့ထုံးကလေးလည်း ရှိပါတယ်။

☆ ယခု ဘုန်းကြီး ပြောမှာကတော့ ဂုဏ်တော်ကို အာရုံယူပြီး ပွားတဲ့နည်း ဖြစ်ပါတယ်။ အရဟံအစရှိတဲ့ ဂုဏ်တော်တွေကတော့ ဂုဏ်ကို အာရုံယူပြီး ရှုပွားတဲ့နည်း ဖြစ်ပါတယ်။ သို့သော် တစ်ချိန်က သက်တော်ထင်ရှား ဘုရားရှင် ကို ဖူးတွေ့ချင်လည်း ဖူးတွေ့ခဲ့ရပေမယ့်လည်း ယခုအချိန်မှာတော့ မိမိက ဒီသက်တော်ထင်ရှား ဘုရားရှင်ကိုလည်း မဖူးတွေ့ရတဲ့အတွက် ဖူးမြင်နေရတဲ့ ပုံတော်ကိုပဲ ပထမတော့ အာရုံယူ ကပ်ကြည့်ရမယ်။ ဒါကြောင့် မိမိ ကြည်ညို နေတဲ့ ရုပ်ပွားတော်တစ်ဆူကို လှမ်းပြီးတော့ လင်းရောင်ခြည်နဲ့ ထိုးစိုက်ကြည့် ပါ။

☆ ဒီရုပ်ပွားတော်ကိုလည်း သက်တော်ထင်ရှား ဘုရားရှင်ပဲလို့ အာရုံယူပြီး တော့ စိတ်က ညွတ်ကြည့်ပါ။ ညွတ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အတိတ်က အရှင်သုဘူတိမထေရ်မြတ်တို့လို သက်တော်ထင်ရှား ဘုရားရှင်များကို ဖူးတွေ့ ခဲ့ဖူးတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ မိမိ ဖူးတွေ့ခဲ့ဖူးတဲ့ သက်တော်ထင်ရှား ဘုရားရဲ့ ရုပ်ပုံတော်များ ပေါ်လာတတ်ပါတယ်။ ပေါ်လာတဲ့ အချိန်အခါမှာ ထိုရုပ်ပွားတော်ကိုပဲ အာရုံယူပြီးတော့ ပုံတော်က နေ ဂုဏ်တော်ကို တစ်ဖန် ပြောင်းရှုနိုင်ပါတယ်။ အကယ်၍ မပေါ်ခဲ့ဘူး ဆိုလျှင်တော့ မိမိ လှမ်းပြီး ရှုပွားနေတဲ့ ရုပ်ပွားတော်ကိုပဲ သက်တော်ထင်ရှား ဘုရားရှင်ပဲလို့ အမှတ်ထားပြီးတော့ ထိုပုံတော်ကနေ တစ်ဆင့်တက်ပြီး ဂုဏ်တော်ကို ပြောင်းရပါမယ်။ ဘယ်လို ပြောင်းရမလဲ? ဂုဏ်တော် (၉)ပါးထဲ က မိမိ ကြိုက်နှစ်သက်ရာ ဂုဏ်တော်တစ်ခုကို သို့မဟုတ် ဂုဏ်တော် (၉)ပါး လုံးကို ပွားနိုင်ပါတယ်။

¤ ဖားအောက်တောရဆရာတော် ¤



ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ မေတ္တာပို့နည်း


သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ

(သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ)

မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ

(မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ

(သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ)

ဖုလ္လန္တာ သုခပင်္ကဇာ၊ မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။

မနောသရသိ သဗ္ဗေသံ၊ ပဝါယန္တု သုဂန္ဓကာ။

မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ - စုပေါင်းပို့အပ်၊ မေတ္တာဓာတ်ဟူ၊ ရောင်မြူပဝင်း၊ ငွေလမင်းနှင့်၊ ရောင်ချင်းယှက်ရုံ၊ ပေါင်းဆုံရခြင်းကြောင့်။

သဗ္ဗေသံ - ကြွင်းမဲ့ဥဿုံ ၊ လုံးစုံများစွာ၊ သတ္တဝါတို့၏။

မနောသရသိ - မြင့်မြတ်ဖြူစင်၊ အေးကြည်လင်သည့်၊ ရေစင်ပြည့်တင်း၊ စိတ်နှလုံးတည်းဟူသော ရေအိုင်ကြီးအတွင်း၌။

သုခပင်္ကဇာ - အစဉ်ထာဝရ၊ အေးမြကြည်သာ၊ သာယာပွင့်လန်း၊ ချမ်းသာသုခတည်းဟူသော ကုမုဒြာကြာပန်းတို့သည်။

ဖုလ္လန္တာ - ဝမ်းသာရွှင်မြူး၊ ဝတ်မှုံလူးလျက်၊ ကြည်နူးဖွယ်ကြုံ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍။

သုဂန္ဓကာ - လေအောက်လေထက်၊ ရောယှက်သင်းပျံ့၊ ပီတိတည်းဟူသော ရနံ့တို့သည်။

ပဝါယန္တု - ကောင်းစွာမသွေ ကြိုင်လှိုင်၍ နေကြပါစေ ကုန်သတည်း။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)
သာဓု…သာဓု…သာဓု ပါ ဘုရား။
စာအုပ်အမှတ်စဉ်(၁ဝ၉)

မူရင်းရေးသူ ဒကာမကြီးဒေါ် Hla Hla Win အား ကျေးဇူးပါ
http://aungteikdi.blogspot.sg/2015/05/blog-post_28.html