မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်
အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ ၊ ကြံတွေးသိမှု
မျက်စိ အမြင်အာရုံသည် .. .. ငါ့စိတ်ကို လွှမ်းမိုးသလား? .. .. ( မရရင် မနေနိုင်တာ၊ လိုချင်လိုက်တာ ) / (မုန်းလိုက်တာ၊ မလိုချင်ဘူး)
အသံအာရုံ .. သီချင်း .. လွှမ်းမိုးမှု
အနံ့ .. ရေမွှေး .. လွှမ်းမိုးမှု
အရသာ .. စားသောက်ဆိုင် .. လွှမ်းမိုးမှု
အထိအတွေ့ ..
စိတ်ကူးကြံစည် .. အားလုံး၏ အနှစ်ချုပ်
အာရုံတွေပေါ်မှာ .. လောဘ (သွေး အဝါရောင်)
ဒေါသ (သွေး အနီရောင်)
မောဟ (သွေး အနက်ရောင်)
စိတ်အခြေအနေ ပြောင်းလည်းနေ
မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ကျင့်ရမည်။
မြင့်မြတ်တဲ့စိတ်ထားဖြင့် လေ့ကျင့်ရမည်။
နေ့တိုင်း အချိန်တိုင်း လေ့ကျင့်ရမည်။
တရားအားထုတ်ခြင်းသည် စိတ်ကို လေ့ကျင့်ခြင်းတမျိုးဖြစ်သည်။
ပစ္စည်းဆိုသည်မှာ ဘယ်ဟာမှ မမြဲဘူး၊ မသုံးလည်း ပျက်စီးမှာပဲ။ သုံးလည်း ပျက်စီးမှာပဲ။
ကောင်းကောင်း အသုံးပြုရန်အတွက် ဖြစ်သည်။ ဆေးကဲ့သို့ဖြစ်သည်။
စိတ်ထဲရောက်အောင် နှလုံးသွင်း ဆင်ခြင်ခြင်းသည် တရားကျင့်သည်ဟု ခေါ်သည်။
စိတ်မှာ ဖြစ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟကို နှိပ်ကွပ်ခြင်း ဖြစ်သည်။
သူလည်း သူ့ ကံနှင့် သူလာသည်။ မုန်းတီးခြင်းသည် မိမိအတွက်သာ မကောင်းကျိုးဖြစ်စေသည်။
သတိမရှိဘူး စိတ်ဓါတ်ကြံ့ ခိုင်မှုမရှိဘူးဆိုရင်
ဘယ်အာရုံလာလာ ဓါးနဲ့ထိလိုက်တဲ့ အခါ အစေးထွက်လာသလိုမျိုး၊
လောဘဆိုတဲ့ အစေးထွက်လာ၊
ဒေါသဆိုတဲ့ အစေးထွက်လာ၊
မောဟဆိုတဲ့ အစေးထွက်လာပြီဆိုရင်၊
ကောင်းတဲ့အခြေအနေ မဟုတ်ဘူး။
မဂ္ဂင် ၈ပါး အကျင့်တရားကို ကျင့်ရမည်။
ဘယ်လိုကျင့်ရမလဲဆိုရင်၊ စုပေါင်းပြီး အလုပ်လုပ်ရမည်။
သီလ စောင့်တည်သည်။ မှန်ကန်တဲ့စကားပြောတယ်။ အသက်မသတ်ဘူး။ ကာမဂုံမလိုက်စားဘူး။ အရက်သေစာ မသောက်စားဘူး။ သူများပစ္စည်းမခိုးတော့ဘူး။ ငါးပါးသီလ စောင့်တည်လိုက်သည်။
(သီလ မဂ္ဂင် ၃ ပါး။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ)
စိတ်က ကြည်လင်လာမည်။ ဝမ်းမြောက်ခြင်း ဖြစ်မည်။ ပီတိဆိုတာဖြစ်မည်။ ကိုယ်စိတ် ငြိမ်းချမ်းမှုဖြစ်မည်။ ကိုယ်စိတ် ချမ်းသာရင်၊ စိတ်တည်ငြိမ်မှု ဖြစ်လာမည်။ (သမ္မာသမာဓိ)
ဝင်လာတဲ့ထွက်၊ ထွက်သွားတဲ့လေကို အမှန်သိမြင်လာမည်။ သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ
မမြဲတဲ့သဘောကို မြင်တွေ့လာမည်။ ငြီးငွေ့လာမည်။ တွယ်တာမှု လျော့နည်းလာမည်။
(သမ္မာဝါယာမ၊ သမ္မာသတိ)
နောက်ဆုံးမှာ အစေးမထွက်သော သစ်ပင်လိုမျိုး၊ ရဟန္တာတို့၏ စိတ်မျိုး ရရှိမည်။
အာရုံကို အရှုံးမပေးတဲ့ စိတ်မျိုးဖြစ်အောင် လေ့ကျင့်ရမည်။ ကြံ့ ခိုင်မှု မရှိတဲ့ စိတ်ရှိမည်ဆိုရင်၊ အာရုံတိုက်ဆိုင်တိုင်း လောဘဖြစ်ရ၊ ဒေါသဖြစ်ရ၊ မောဟ ဖြစ်ကြရမည်။
No comments:
Post a Comment