Thursday 9 June 2016

မြတ်စွာဘုရား ချီးမွမ်းတော်မူသော အမြတ်ဆုံးအလှူ


ဝိဟာရဒါနံ သံဃဿ      အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိံ(၀ိနယစူဋ္ဌ၀ဂ္ဂပါဋ္ဌိ-၃၁၄) ဟူသော ဗုဒ္ဓ စကားတော်နှင့် အညီ
သံဃာအား ကျောင်း လှူဒါန်းသည့် သံဃိကကျောင်း အလှူ ဒါနသည် အမြတ်ဆုံး အလှူ ဒါနဖြစ်သည် ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။

ဝေလာမသုတ် ဒေသနာတော်တွင် ဘုရားရှင်က “ငါဘုရားသည် ဝေလာမပုဏ္ဏားကြီး“ ဖြစ်စဉ်ဘ၀က ထမင်းရေချောင်းစီး အလှူ ကြီး ပေးခဲ့ဖူး၏။

   ၁။ရွှေအပြည့်နှင့် ငွေခွက်ပေါင်း ၈၄၀၀၀
   ၂။ငွေအပြည့်နှင့် ရွှေခွက်ပေါင်း ၈၄၀၀၀
   ၃။ရတနာမျိုးစုံအပြည့်နှင့် ကြေးခွက်ပေါင်း ၈၄၀၀၀
   ၄။ကကြိုးတန်ဆာ ဆင်မြန်းထားသည့် ဆင်ရတနာပေါင်း ၈၄၀၀၀
   ၅။မြင်းအစုံ ကယှဉ်ထားသည့် ရထားပေါင်း ၈၄၀၀၀
   ၆။နို့ စားနွားမပေါင်း ၈၄၀၀၀
   ၇။အ၀တ်တန်ဆာ ဆင်မြန်းထားသည့် သမီးကညာပေါင်း ၈၄၀၀၀
   ၈။ခေါမတိုင်း၌ဖြစ်သည့် အ၀တ်အထည်ပေါင်း ၈၄၀၀၀
   ၉။ပလ္လင်(ကုဋင်)ပေါင်း ၈၄၀၀၀

ရှစ်သောင်းလေးထောင် ကိုးလီသော ရတနာပစ္စည်းများကို လှူဒါန်းခဲ့သည်။

ထိုမျှလောက်သော များပြားလှစွာသော ဥစ္စာရတနာများကို လှူဒါန်းသည့် အလှူဒါနထက် သာသနာတော် အတွင်းကာလမှာ---
   ၁။  သောတာပန် ရဟန်းတစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
   ၂။ သောတာပန် တစ်ရာကို လှူဒါန်းသည်ထက် သကဒါဂါမ် တစ်ပါးကို လှူဒါန်း သည့် ဆွမ်းအလှူဒါန က မြတ်သည်။
   ၃။ သကဒါဂါမ်တစ်ရာကို လှူဒါန်းသည်ထက် အနာဂါမ်တစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
   ၄။ အနာဂါမ် တစ်ရာကို လှူဒါန်းသည်ထက် ရဟန္တာတစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
   ၅။ ရဟန္တာတစ်ရာကို လှူဒါန်းသည်ထက် ပစ္စေကဗုဒ္ဓွါတစ်ဆူကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
   ၆။ ပစ္စေကဗုဒ္ဓွါ အဆူတစ်ရာကို လှူဒါန်းသည်ထက် သမ္မာသမ္ဗု ဗုဒ္ဓဘုရားတစ် ဆူကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
   ၇။ သမ္မာသမ္ဗုဗုဒ္ဓဘုရားတစ်ဆူကို လှူဒါန်းသည်ထက် ဘုရားအမှူးရှိသော သံဃာ တော်များကို လှူဒါန်းသည့် သံဃိကဆွမ်းအလှူဒါန က မြတ်သည်။
   ၈။ သံဃိကဆွမ်းအလှူဒါနထက် သံဃာကိုရည်မှန်း၍ ကျောင်းလှူဒါန်းသည့် သံဃိကကျောင်းအလှူဒါန က မြတ်သည်။
   ၉။ ထို့ ထက် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသော ကျင့်ဝတ်သီလဟူသော သီလကုသိုလ် က မြတ်သည်။
   ၁၀။ ထို့ ထက် နို့ တစ်ညှစ်စာ အချိန်ကာလမျှ မေတ္တာပွားသည့် သမထကုသိုလ် က မြတ်သည်။
   ၁၁။ ထို့ ထက် မျက်စိတစ်မှိတ်ကာလမျှ ရှုမှတ်ပွားများသည့် ၀ိပဿ     နာကုသိုလ် က မြတ်သည်ဟု-ဟောတော်မူပါသည်။

1 comment: