Thursday, 9 June 2016
မြတ်စွာဘုရား ချီးမွမ်းတော်မူသော အမြတ်ဆုံးအလှူ
ဝိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိံ(၀ိနယစူဋ္ဌ၀ဂ္ဂပါဋ္ဌိ-၃၁၄) ဟူသော ဗုဒ္ဓ စကားတော်နှင့် အညီ
သံဃာအား ကျောင်း လှူဒါန်းသည့် သံဃိကကျောင်း အလှူ ဒါနသည် အမြတ်ဆုံး အလှူ ဒါနဖြစ်သည် ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။
ဝေလာမသုတ် ဒေသနာတော်တွင် ဘုရားရှင်က “ငါဘုရားသည် ဝေလာမပုဏ္ဏားကြီး“ ဖြစ်စဉ်ဘ၀က ထမင်းရေချောင်းစီး အလှူ ကြီး ပေးခဲ့ဖူး၏။
၁။ရွှေအပြည့်နှင့် ငွေခွက်ပေါင်း ၈၄၀၀၀
၂။ငွေအပြည့်နှင့် ရွှေခွက်ပေါင်း ၈၄၀၀၀
၃။ရတနာမျိုးစုံအပြည့်နှင့် ကြေးခွက်ပေါင်း ၈၄၀၀၀
၎။ကကြိုးတန်ဆာ ဆင်မြန်းထားသည့် ဆင်ရတနာပေါင်း ၈၄၀၀၀
၅။မြင်းအစုံ ကယှဉ်ထားသည့် ရထားပေါင်း ၈၄၀၀၀
၆။နို့ စားနွားမပေါင်း ၈၄၀၀၀
၇။အ၀တ်တန်ဆာ ဆင်မြန်းထားသည့် သမီးကညာပေါင်း ၈၄၀၀၀
၈။ခေါမတိုင်း၌ဖြစ်သည့် အ၀တ်အထည်ပေါင်း ၈၄၀၀၀
၉။ပလ္လင်(ကုဋင်)ပေါင်း ၈၄၀၀၀
ရှစ်သောင်းလေးထောင် ကိုးလီသော ရတနာပစ္စည်းများကို လှူဒါန်းခဲ့သည်။
ထိုမျှလောက်သော များပြားလှစွာသော ဥစ္စာရတနာများကို လှူဒါန်းသည့် အလှူဒါနထက် သာသနာတော် အတွင်းကာလမှာ---
၁။ သောတာပန် ရဟန်းတစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
၂။ သောတာပန် တစ်ရာကို လှူဒါန်းသည်ထက် သကဒါဂါမ် တစ်ပါးကို လှူဒါန်း သည့် ဆွမ်းအလှူဒါန က မြတ်သည်။
၃။ သကဒါဂါမ်တစ်ရာကို လှူဒါန်းသည်ထက် အနာဂါမ်တစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
၎။ အနာဂါမ် တစ်ရာကို လှူဒါန်းသည်ထက် ရဟန္တာတစ်ပါးကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
၅။ ရဟန္တာတစ်ရာကို လှူဒါန်းသည်ထက် ပစ္စေကဗုဒ္ဓွါတစ်ဆူကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
၆။ ပစ္စေကဗုဒ္ဓွါ အဆူတစ်ရာကို လှူဒါန်းသည်ထက် သမ္မာသမ္ဗု ဗုဒ္ဓဘုရားတစ် ဆူကို လှူဒါန်းသည့် ဆွမ်းအလှူဒါန က မြတ်သည်။
၇။ သမ္မာသမ္ဗုဗုဒ္ဓဘုရားတစ်ဆူကို လှူဒါန်းသည်ထက် ဘုရားအမှူးရှိသော သံဃာ တော်များကို လှူဒါန်းသည့် သံဃိကဆွမ်းအလှူဒါန က မြတ်သည်။
၈။ သံဃိကဆွမ်းအလှူဒါနထက် သံဃာကိုရည်မှန်း၍ ကျောင်းလှူဒါန်းသည့် သံဃိကကျောင်းအလှူဒါန က မြတ်သည်။
၉။ ထို့ ထက် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသော ကျင့်ဝတ်သီလဟူသော သီလကုသိုလ် က မြတ်သည်။
၁၀။ ထို့ ထက် နို့ တစ်ညှစ်စာ အချိန်ကာလမျှ မေတ္တာပွားသည့် သမထကုသိုလ် က မြတ်သည်။
၁၁။ ထို့ ထက် မျက်စိတစ်မှိတ်ကာလမျှ ရှုမှတ်ပွားများသည့် ၀ိပဿ နာကုသိုလ် က မြတ်သည်ဟု-ဟောတော်မူပါသည်။
Wednesday, 1 June 2016
ဝိပဿ နာရှုဖွယ် ခြင်းရာ ၄၀
ဝိပဿ နာရှုဖွယ် ခြင်းရာ ၄၀
အနိစ္စလက္ခဏာ ၁၀ ပါး
ဣမေ ပဉ္စက္ခန္ဓာ - ဤငါးပါးသော ခန္ဓာတို့သည်
၁။ အနိစ္စာ - မြဲခြင်းသဘော မရှိကုန်
၂။ အဓုဝါ - ခိုင်မာခြင်းသဘော မရှိကုန်
၃။ အသာရာ - အနှစ်သာရ မရှိကုန်
၎။ စလာ - ရွေ့လျားတတ်ကုန်၏
၅။ ပလောကဓမ္မာ - ပျက်စီးခြင်းသဘောရှိကုန်၏
၆။ ဝိပရိဏာမဓမ္မာ - ဖောက်ပြန်ခြင်းသဘောရှိကုန်၏
၇။ မရဏဓမ္မာ - သေဆုံးခြင်းသဘောရှိကုန်၏
၈။ ဝိဘဝဓမ္မာ - ဆုံးရှုံးခြင်းသဘောရှိကုန်၏
၉။ သင်္ခတာ - အဖန်ဖန်ပြုပြင်အပ်ကုန်၏
၁၀။ ပဘင်္ဂုဏော - ဖရိုဖရဲပြိုကွဲခြင်းသဘောရှိကုန်၏
ဒုက္ခလက္ခဏာ ၂၅ ပါး
ဣမေ ပဉ္စက္ခန္ဓာ - ဤငါးပါးသော ခန္ဓာတို့သည်
၁။ ဒုက္ခာ - ယုတ်မာညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း
၂။ ဘယာ - ကြောက်ဖွယ်ညစ်ဆိုးဘေးရန်မျိုးတို့သာတည်း
၃။ ဤတီ - ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း
၎။ ဥပ္ပဒ္ဒ၀ါ - လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း
၅။ ဥပ္ပသဂ္ဂါ - တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း
၆။ ရောဂါ - ကျင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း
၇။ အာဗာဓာ - နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း
၈။ ဂဏ္ဌာ - မဖွယ်ရုပ်ဆင်း ထွက်မြင်းအနာမျိုးတို့သာတည်း
၉။ သလ္လာ - စူးဝင်ညစ်ဆိုး မြားညှောင့်မျိုးတို့သာတည်း
၁၀။ အဃာ - အကျိုးယုတ် ၊ အကျိုးမဲ့မျိုးတို့သာတည်း
၁၁။ အတာဏာ - စောင့်ရှောက်မဲ့လျင်း ဘေး၏အသင်းတို့သာတည်း
၁၂။ အလေဏာ - ကွယ်ကာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း
၁၃။ အသရဏာ - ကိုးရာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း
၁၄။ အာဒီန၀ါ - ဆိုးဝါးညစ်ကျူ ၊ အပြစ်စုတို့သာတည်း
၁၅။ အဃမူလာ - ကျိုးမဲ့ခပင်း ၊ ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သာတည်း
၁၆။ ၀ဓကော - လူ နတ် ဗြဟ္မာ သတ္တ၀ါကို နာရီမလပ် အတွင်သတ်သည့် သူသတ်မျိုးရိုးတို့သာတည်း
၁၇။ သာသ၀ါ - အာသဝေါတရား လေးပါးတို့၏ အစီးအပွားတို့သာတည်း
၁၈။ မာရာမိသာ - ကိလေသာမာရ် ၊ မစ္စုမာရ်တို့၏ စားဖတ် ၀ါးဖတ် သုံးသပ်နှင်းနယ်ရာတို့သာတည်း
၁၉။ ဇာတိဓမ္မာ - သတ္တ၀ါကို မညှာမငဲ့ အရွဲ့ အစောင်း မကောင်းဆိုးညစ် ဖြစ်ချင်တိုင်း ဖြစ်တတ်သော သဘော ရှိကုန်၏
၂၀။ ဇရာဓမ္မာ - ဆုတ်ယုတ် လျော့ပါးခြင်းသဘော ရှိကန်ု၏
၂၁။ ဗျာဓိဓမ္မာ - နာခြင်းသဘော ရှိကုန်၏
၂၂။ သောကဓမ္မာ - စိုးရိမ်ပူပန်ရခြင်းသဘော ရှိကုန်၏
၂၃။ ပရိဒေ၀ဓမ္မာ - ငိုကြွေး မြည်တမ်းရခြင်းသဘော ရှိကုန်၏
၂၄။ ဥပါယာသဓမ္မာ - သက်ကြီးရှိုက်ငင် ပင်ပမ်းရခြင်း သဘော ရှိကုန်၏
၂၅။ သံကိလေသိက - တဏှာ ၊ ဒိဋ္ဌိ ၊ ဒုစ္စရိတ တည်းဟူသော ဓမ္မာညစ်နွမ်းခြင်းသုံးပါးကို ပွားစည်းစေတတ်သောသဘော ရှိကုန်၏
အနတ္တလက္ခဏာ ၁၀ ပါး
ဣမေ ပဉ္စက္ခန္ဓာ - ဤငါးပါးသော ခန္ဓာတို့သည်
၁။ အနတ္တာ - ကိုယ်မဟုတ်ကုန် ၊ အစိုးမရကုန် ၊ အလိုသို့မလိုက်ကုန်
၂။ ပရေ - အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပသို့သာတည်း
၃။ ရိတ္တာ - အနှစ်သာရ ဟူသမျှနှင့် မြူစမယှဉ် အစဉ်ဆိတ်ကင်းသောတရားတို့သာတည်း
၎။ တုစ္ဆာ - ကောင်းမြတ်ချမ်းသာ ၊ မင်္ဂလာသုခ ဟူသမျှနှင့် မြူစမနီး အချည်းနှီးသောတရားတို့သာတည်း
၅။ သုညာ - ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ ၊ မရှိလုံးလုံး အသုံးမကျသော တရားတို့သာတည်း
အနိစ္စတရား ( ၁၀) ပါး၊ ဒုက္ခတရား ( ၂၅ ) ပါး၊ အနတ္တတရား ( ၅ ) ပါး၊ ပေါင်း ( ၄၀ )
(ပဋိသမ္ဘိဒါမဂ်)
Subscribe to:
Posts (Atom)