Sunday 23 July 2017

အင်အားရှိမှ အခက်အခဲ ကျော်လွှားနိုင်

အခက်အခဲ ၅မျိုး
၁။ အသက်မွေးဝမ်းကြောင်းအတွက် ပညာသင်ရခြင်း အခက်အခဲ
၂။ အကျော်အစော၊ နာမည်၊ ဂုဏ်၊ သိက္ခာ ပျက်မှာ စိုးရိမ်ရခြင်း အခက်အခဲ (ကိုယ်ကျင့်တရားဖြင့် ထိန်းသိမ်းရခြင်း)
၃။ ပရိတ်သတ်၊ လူကြားထဲ တိုးရမှာ စိုးရိမ်ရခြင်း အခက်အခဲ
၎။ သေရမှာ စိုးရိမ်ရခြင်း အခက်အခဲ
၅။ သေပြီးသည့်နောက် ဒုက္ခတိဘုံသို့ ရောက်မှာ စိုးရိမ်ရခြင်း အခက်အခဲ

အင်အား ၄မျိုး
၁။ ပညာ ခွန်အား (ပညာ ဗလ)
အကုသိုလ်၊ ကုသိုလ် ခွဲခြားနိုင်သော ပညာ
အပြစ်ရှိ၊ အပြစ်မရှိ ခွဲခြားနိုင်သော ပညာ
ကျင့်သုံးသင့်၊ မကျင့်သုံးသင့် ခွဲခြားနိုင်သော ပညာ
လုပ်သင့်၊ မလုပ်သင့် ခွဲခြားနိုင်သော ပညာ

တတ်ချင်တဲ့ စိတ်ရှိရင် ပညာရပါသည်။
နားထောင်ချင်တဲ့ စိတ်ရှိရင် ပညာရပါသည်။
သိခြင်း၊ မသိခြင်းသည် ကျောခြင်းကပ်နေသည်။
တရား နာ၊ တရားစာပေ ဖတ်၊ မသိတာတွေကို မေးရသည်။
မှန်ကန်စွာ ရေးထားသော စာအုပ်စာပေတွေကို ဖတ်၊ ဗဟုသုတ ဆည်းပူးရသည်။
ဝိပဿနာ ပညာ၊ ကမ္မဋ္ဌာန်း တရားအားထုတ်ခြင်း ပညာတွေကို ဆည်းပူးရသည်။

၂။ ဝီရိယ ခွန်အား
သမ္မပ္ပဓာန် ၄မျိုး
မကောင်းတဲ့စိတ်တွေ ဝင်လာရင်၊ မဖြစ်ပေါ်အောင် တွန်းထုတ်ဖယ်ရှားခြင်း
ကောင်းတဲ့စိတ်တွေ မဖြစ်ပေါ်သေးရင်၊ ဖြစ်ပေါ်လာအောင် ကြိုးစား အားထုတ်ခြင်း

မဖြစ်ပေါ်သေးတဲ့ အကုသိုလ်ကို၊ မဖြစ်ပေါ်အောင် တွန်းထုတ်ဖယ်ရှားခြင်း
ဖြစ်ပေါ်နေတဲ့ အကုသိုလ်ကို၊ မဖြစ်ပေါ်အောင် ကြိုးစား အားထုတ်ခြင်း
မဖြစ်ပေါ်သေးတဲ့ ကုသိုလ်ကို၊ ဖြစ်ပေါ်အောင် ကြိုးစား အားထုတ်ခြင်း
ဖြစ်ပေါ်နေတဲ့ ကုသိုလ်ကို၊ တိုးပွားအောင် ကြိုးစား အားထုတ်ခြင်း

၃။ အပြစ်ကင်းတဲ့ ခွန်အား (အပြစ်ကင်းနေခြင်းသည် ခွန်အားတစ်မျိုး)
    ကာယ ဒုစရိုက်၊ ဝစီ ဒုစရိုက်၊ မနော ဒုစရိုက် ၃မျိုးမှ ရှောင်ကြဉ်ခြင်း

မနောကံ အကုသိုလ် ၃မျိုး
အဘိဇၥ်ာ၊ ဗ်ာပါဒ၊ မိစ ၦာဒိ႒ိ၊

အဘိဇ္ဈာ = သူတစ်ပါး ပစ္စည်းကို အဓမ္မဖြင့် မတရား လိုခြင်ခြင်း
ဗျာပါဒ   =  သူတစ်ပါး စည်းစိမ်၊ ဥစ္စာ၊ အသက်တွေကို သေကြေ ပျက်စီး ဆုံးရှုံးစေလိုခြင်း
မိစ္ဆာဒိဋ္ဌိ =  မှားယွင်းသော အသိ ရှိခြင်း

ဝစီ အကုသိုလ် ၄မျိုး ရှောင်ကြည်ခြင်း
မလိမ်တတ်ဘူး
ဂုန်းမတိုက်တတ်ဘူး
ကြမ်းကြမ်းတမ်းတမ်း မပြောဘူး
တောင်စဉ်ရေမရ မပြောဘူး

ကာယ အကုသိုလ် ၃မျိုး ရှောင်ကြည်ခြင်း
သူ့အသက် မသတ်ဘူး
သူ့ဥစ္စာ ခိုးမယူဘူး
သူ့အိမ်ရာ မပြစ်မှားဘူး

၎။ စည်းလုံးရေး ခွန်အား

organization လုပ်ခြင်း
သင်္ဂဟဝတ္ထု ၄မျိုး

  ဒါန = ပေးကမ်း၊ ကျွေးမွေးခြင်း
     ပေးကမ်းခြင်းသည် အောင်မြင်ရာ၏။
     တရား ဓမ္မ တွေကို နာချင်လာအောင်၊ အားထုတ်ချင်လာအောင် လုပ်ပေး၏။
     သဒ္ဓါတရားထက်လာအောင် လုပ်ပေးတယ်။
     ကိုယ်ကျင့်တရားရှိလာအောင် လုပ်ပေးတယ်။

  ကြင်ကြင်နာနာ မေတ္တာသက်ဝင် ပြောရမည်။

  သူ့ကိစ္စ ဝိုင်းဝန်း ကူညီရမည်။

  ကိုယ်နှင့် တန်းတူ ထား ဆက်ဆံရမည်။