မေတ္တာ မကျင့်ခင် ကျင့်စဉ်
စွမ်းနိုင်၊ ဖြောင့်စေ၊ ဆိုလွယ်စေ၊ နူးညံ့ မာန်ကင်းစေ ၊
တင်းတိမ်၊ ရောင့်ရဲ၊ ၀န်ပေါ့မြဲ၊ ကိစ္စ နည်းပါစေ၊
ပေါ့ပါး၊ ငြိမ်သက်၊ ဥာဏ်ရင့်ကျက်၊ ကြမ်းကြုပ် ကင်းလျှက်နေ၊
အတွယ်အတာကင်း၊ စွပ်စွဲခြင်း၊ စိုးစဉ်း ကင်းပါစေ ၊
မေတ္တာ မကျင့်ခင် ထိုကျင့်စဉ် အရင် နေ့စဉ်ပေ။