Tuesday 3 January 2017

အင်္ဂုလိမာလသုတ်

အင်္ဂုလိမာလသုတ် ပါဠိနှင့် မြန်မာပြန်

အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်းအကျိုး

မီးအဖွါးရခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွါးရလွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့လစေ့ ဖွားခါနီးလာလျှင် မပြတ် ရွတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရ လွယ်အောင်လည်း ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။

အင်္ဂုလိမာလသုတ်မြန်မာပြန်
၁။ ပရိတ္တံ ယံ ဘဏန္တဿ       ၊နိသိန္နဋ္ဌာန ဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿ     ယံ။
1/ ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့်နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန်ဟူသမျှကို ပျောက်ကင်းစေသည်။

၂။သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ     င်္ဂုလိမာလဿ     ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
2/ အင်္ဂုလိမာလပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ ချက်ချင်းဖွားစေနိုင်သော အစွမ်းရှိ၏။ အင်္ဂုလိမာလ အမည်ရှိသော မထေရ်အတွက် မြတ်စွာဘုရားဟောကြားသော ပရိတ် တော်ဖြစ်၏။ အာယုကပ် ပတ်လုံးလည်း တည်၏။ တန်ခိုးလည်းအလွန်ကြီး၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။

၃။ ယတော ဟံ ဘဂိနိအရိယာယ၊ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ      ။
3/ “အို…နှမ။ ငါသည် အရိယာဇာတ် ရဟန်းမြတ် ဖြစ်သောအခါမှစ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါ တကောင်ကောင်ကို သတ်ဖူးသည်ဟု ငါမသိပေ”။ ထိုသို့မှန်သော သစ္စာစကားကြောင့် သင့်အား ချမ်းသာပါစေ။ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။
အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။